Friday, September 10, 2021

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ သမိုင်းဝင် ရှင်သီဝလီခြေတော်ရာဘုရားမှ ရောင်ခြည်တော်ကွန့်မြူး


MHT News (Sep- 10)

ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၏ အဓိကရ တောင်ကြီးငါးလုံးအနက် အလယ်၌ တည်ရှိသော"ကေလာသဖတောင်"ပေါ်၌ ရှိသည့် သမိုင်းဝင် ရှင်သီဝလိခြေတော်ရာဘုရားမှ စက်တင်ဘာ ၉ ရက်၊ ည ၁၁ နာရီအချိန်ခန့်တွင် ရောင်ခြည်တော်များ ကွန့်မြူးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကေလာသဖတောင်ကို အခြား တောင်လေးလုံးက ဝန်းရံထားကာ ယင်းတို့မှာ အရှေ့ဘက်တွင် ဝက်ညီနောင်တောင်၊ အရှေ့မြောက်ဘက်တွင် ဆင်မယဉ်သာတောင်၊ အနောက်တောင်ယွန်းယွန်းတွင် ဂုမ္ဘတောင်နှင့် တောင်အရပ်တွင် ပီဠိယက္ခတောင်ငယ်တို့ ဖြစ်သည်။

ခြေတော်ရာတည်ရှိရာ ကေလာသဖတောင်ထိပ်သိူ့တက်ရောက်ရန် လှေကား ၁၅၉ ဆင့်ရှိသော ရှည်လျားသည့် စောင်းတန်း ဆောက်လုပ်ထားကြောင်း သိရပြီး လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထက်တွင် အဆိုပါခြေတော်ရာဘုရားမှ ရောင်ခြည်တော်ကွန့်မြူးခဲ့သည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။
#MHTnews