ရန်ကုန်အပါအဝင်နယ်မြို့တွေမှာ နေအိမ်တွေငှားရမ်းတဲ့အခါ အိမ်ငှားရမ်း သူတွေရဲ့အထောက်အထားကိုစိစစ်ဖို့၊ ဧည့်စာရင်းတိုင်ဖို့နဲ့ သံသယဖြစ်ဖွယ်ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ နစက က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရန်ကုန်အပါအဝင်နယ်မြို့တွေမှာဖြစ်ခဲ့တဲ့ပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးစစ်ဆေးတွေ့ရှိချက်တွေအရ ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ နေအိမ်တိုက်ခန်းတွေမှာ ကာလတိုငှားရမ်းတာကိုတွေ့ရတယ်ဆိုပြီး နစက က ဖွဲ့စည်းထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာ ၉ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုနေအိမ်ငှားရမ်းသူတွေအနေနဲ့သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဧည့်စာရင်းတိုင်တန်းတာမျိုးမရှိရင် အိမ်ရှင်တွေမှာ တာဝန်ရှိပြီးတည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် အိမ်ငှားနေထိုင်သူတွေမှာ နစက ကထုတ်ပြန်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ဆက်စပ်ပြီး တရားရုံးမှာ စစ်ဆေးပေါ်ပေါက်မယ်ဆိုရင် သက်သေခံအဖြစ် နိုင်ငံတော်ဘဏ္ဍအနေနဲ့သိမ်းဆည်းမှာဖြစ်ပါတယ်။
#Credit