Friday, September 10, 2021

☘️ အနောက်အုပ်စု အက်ကြောင်း


Michel Barnier ဟာ Brexit  ကိစ္စတုန်းက
ညှိနှိုင်းရေးမှုးချုပ်ဖြစ်ပါတယ်၊
လာမဲ့ပြင်သစ်ရွေးကောက်ပွဲမှာ
သမ္မတအဖြစ်ယှဉ်ပြိုင်ဖို့ စီစဉ်နေသူဖြစ်ပြီး
ပြင်သစ်သမ္မတဖြစ်လာခဲ့ရင် မူဝါဒ
အပြောင်းအလဲတွေကို တွေ့လာရနှိုင်ပါတယ်။

လောလောဆယ်
ပြည်ပကရွှေ့ပြောင်းလာသူတွေကို EU အနေနဲ့
အချိုးကျလက်ခံပေးနေရတာကိုကြေနပ်မှု
မရှိတဲ့ ဘာနီယာဟာ...

" EU အဖွဲ့ဝင်မဟုတ်ရင် လက္ခံစရာမလိုဘူး၊
   ပြင်သစ်ဥပဒေဟာ ပြင်သစ်ဥပဒေပဲဖြစ်သင့်ပြီး
   European Court of Justice, (အီးယူတရားရုံး) နဲ့
   လူ့အခွင့်အရေးတွေဆိုတာ အကန့်အသတ်နဲ့ပဲ ရှိသင့်တယ် "

.... လို့ဆိုလိုက်ပါတယ်၊
( လောလောဆယ် အာဖဂန်က ထွက်ပြေးလာကြသူတွေကို
   အချိုးကျလက်ခံပေးရမဲ့အပေါ် မကြေနပ်သံဟုယူဆရ )

ဟီလာရီကလင်တန်တို့လက်ထက်တုန်းက
အပြိုင်အဆိုင် သူ့ထက်ကဲ လစ်ဘရယ် လိုက်ကြတာကို
ပြန်မြင်ရောင်မိပါသေးတယ်။

#BaMaung.