KIA ဘက်ကလည်း
အပြင်းအထန် ခုခံကာကွယ်နေပါတယ်။
တပ်မတော်ဘက်က
ပစ်နေတဲ့ လက်နက်ကြီးကျည်တွေ
လိုင်ဇာ မြို့နဲ့ တရုတ်နယ်စပ်ထိ
ကျရောက်နေတဲ့အတွက်
တရုတ်တပ်မတော်ဘက်က
နယ်စပ်တစ်လျောက် စစ်အင်အား
အလုံးအရင်း တပ်ဖြန့်ပြီး နေရာယူထားပါတယ်။
ခန့်မှန်းခြေ စစ်တပ်အင်အား
တစ်သိန်း ကျော်လောက် ရှိပါတယ် ။
လိုင်ဇာမြို့ကို စိုးမိုးထားတဲ့
KIA ရဲ့ကာကင်းကုန်း နှစ်ခုကို ရရင်
လိုင်ဇာကို အလွယ်တစ်ကူ
ဝင်တိုက်လို့ရပါပြီ ။
ဒါ့ကြောင့်
KIA ကာကင်းကုန်းနှစ်ခုဟာ
လိုင်ဇာရဲ့ အသက်ပဲ ဖြစ်ပါတယ် ။
လိုင်ဇာကျသွားရင်လဲ
တရုတ်ပြည်ဘက်ကို ပြေးလို့မရတော့ပါဘူး ။
နယ်စပ်တစ်လျောက်
တရုတ်စစ်တပ်က အပြည့်
တပ်ဖြန့်ပြီးနေရာယူထားပါတယ်။
ဒီတစ်ခေါက်
လိုင်ဇာ နားက လှည့်ပြန်ဖို့
အရင်တစ်ခါကလို
အထက်က အမိန့်ကျ မလာရင်တော့
လိုင်ဇာမြို့ဟာ
တပ်မတော်က သိမ်းယူဖို့
သေခြာသလောက်ဖြစ်နေပါပြီ ။
ဆက်လက်စောင့်မျှော်ကြပါအုံးစို့
#kk
"လွတ်လပ်စွာ ကူးယူ ဖြန့်ဝေနိုင်ပါတယ်"