▪️ဒီတော်လှန်ရေးဆိုတာကြီးမှာ မဲမသမာမှု၊
အခြားပါတီများအတွက် တရားမျှတမှု၊
အခြားပြည်သူတို့ရဲ့ မဲတစ်ပြားစီဆုံးရှုံးရမှု၊
သွေးထိုးလှုံ့ဆော်မှု၊
အန်တီစုရဲ့ တိုင်းပြည်ဘဏ္ဍာနဲ့အာဏာကိုအလွဲသုံးမှု၊
NLD ထိပ်သီးတွေရဲ့ တိုင်းပြည်ဘဏ္ဍာဘုံးမှု
စတာတွေက တစ်ကန့်စီပါဝင်စီးဆင်းနေတယ်။
▪️မြေပြင်ပကတိသမိုင်းဖြစ်စဉ်က တစ်မျိုး
ဒါပေမယ့် ဒီဇာတ်လမ်းကို
သူတို့ရေးချင်တဲ့ပုံစံကတစ်မျိုး။
ငါတို့သည် စစ်အာဏာရှင်ကိုတွန်းလှန်တာ
ဒါကြောင့် စစ်တပ်နဲ့ တပ်ချုပ်သည် စစ်အာဏာရှင်
သူတို့နဲ့ အတူတူပေါင်းမတိုက်သူအားလုံး ဘောမ။
စစ်အာဏာရှင်အောက်ဆွဲလို့ သုံးသပ်ပြီး
သူတို့ကပဲ နာမည်ကောင်းခံယူချင်နေကြတာ။
စောင့်ထုံတွေစုပေါင်းရေးတဲ့
စိတ်ကူးယဉ်ဇာတ်အစုတ်ကအဲ့ဒါ။
▪️၂၀၂၁ ဇာတ်ကို ဒီလိုကွက်ပြီးလိုရာဆွဲကာ
မထွင်လို့လည်းမရတော့ဘူးလေ။
အချိန်ကြာလာတာနဲ့အမျှ
မှားတဲ့ဘက်မှာနေမိမှန်းသိသာလာတယ်။
အခြေအနေမဟန်မှန်းလည်းသိလာတော့
တော်လှန်ရေးတစ်လျှောက် ကိုယ်လုပ်ခဲ့တဲ့
လူငယ်တွေကို မှိုင်းသွင်းမှု ဆဲဆိုယုတ်မာမှုတွေဆိုတဲ့
ဆင်သေကြီးကို
ငါကွအမှန်တရားဘက်တော်သားဆိုတဲ့
ဆိတ်သားရေနဲ့ ဖုံးရတော့မှာပေါ့။
ကိုယ့်စိတ်ကိုကိုယ်ညာလိုက်တဲ့သဘောပါပဲ။🥴
▪️တပ်ချုပ်ဟာ မြန်မာ့စစ်ခေါင်းဆောင်ထဲမှာ
အာဏာရှင်မဆန်ဆုံးခေါင်းဆောင်ဆိုတာ
အားလုံးသိတယ်။တိုင်းသူပြည်သားတွေအပေါ်
ကျောသားရင်သားမခွဲလွန်းလို့ ညှာတာလွန်းလို့
ပြည်သူတွေကတောင် အားမလိုအားမရဖြစ်ရတဲ့အထိ။
▪️တပ်ချုပ်က စစ်အာဏာရှင်ဆိုရင်
တပ်ချုပ်ရဲ့ အာဏာရှင်ဆန်နေသောလုပ်ရပ်
တစ်ကွက်လောက်ကို လာပြောပြစမ်းပါ။
▪️အဲ့ဒီလိုငါမေးရင် သူတို့ဖြေမှာကိုငါကသိတယ်။
၇ လလုံးပြည်သူတွေကိုသတ်ပစ်နေတာ
မင်းမမြင်ဖူးလားလို့ဖြေလိမ့်မယ်။
▪️ဒါဆိုငါကလည်း ပြန်မေးမယ်။
၇ လအတွင်းမှာ ဆူပူခြင်းကိုစတင်တာဘယ်သူတွေလဲ?
▪️၇ လအတွင်းအေးဆေးထိန်းနေတဲ့
ရဲတွေကိုကုန်းသီးနဲ့ထု ခဲနဲ့ပေါက်
ဆေးရုံကား မီးသတ်ကားသွားနိုင်တဲ့
အများပြည်သူပိုင်လမ်းတွေကိုအတင်းကာ
မီးလောင်ရင် မီးလာငြိမ်းတဲ့မီးသတ်ကားကိုခဲနဲ့ထု
စက်ရုံတွေမီးရှို့ ရဲတွေကိုမီးပုလင်းတွေနဲ့ပစ်
အမြင်မတူသူကိုရန်ရှာ
ဒလန်ဆိုပြီး စိတ်ထင်ရာလူကိုသတ်။
▪️ပြည်သူချင်းမီးရှို့သတ် သေနတ်နဲ့တေ့သတ်
တိုင်းပြည်အနှံ့ဗုံးခွဲ
ပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေဖျက်ဆီး
▪️ကာကွယ်ဆေးမထိုးဖို့ ယုတ်မာစွာတိုက်တွန်း
ကာကွယ်ဆေးထိုးပေးတဲ့နေရာထိ ဗုံးခွဲ
ကိုဗစ်ကာလကြီး လမ်းပေါ်လူစု
▪️အစိုးရအခက်တွေ့အောင်
အောက်ဆီဂျင်ဗူးကအစဖွက်ထား
လူတကာကိုဆဲဆိုမိုက်ရိုင်းနေတာ ဘယ်သူတွေလဲ?
▪️၇ လလုံး ဒါမျိုးသောက်ချိုးကို
ဘေးကင်းကင်းနဲ့ ဘယ်တိုင်းပြည်မှာ
သွားကျူးလွန်ချင်သလဲဆိုတာ
ငါတို့ကိုစာရင်းတင်စမ်းပါ။
အမေရိကန်မှာသွားစမ်းမလား။
နင်တို့အခုထက် နှစ်ဆမသေရင်
အခုထက် လူသုံးဆထောင်မကျရင်ငါ့လည်လာဖြတ်။
ရှင်းလား။
▪️သူတို့လုပ်ရပ်ကြောင့် ပြန်ရတဲ့အရာတွေလေ။
တပ်ချုပ်က အာဏာထိန်းပြီးတာနဲ့
ဗလိုင်းကြီးသေနတ်နဲ့ လိုက်ပစ်သတ်နေတဲ့
အပေါက်မျိုးဇာတ်ထွင်ချင်လည်း
မြေပြင်အနေအထားအစစ်အမှန်က
ဒါမျိုးမဟုတ်တာအကုန်သိနေတာပဲလေ။
ဘာတွေ လာညာချင်နေကြတာတုန်း။😏
▪️သူတို့ရဲ့အပြုအမူတွေကို ဖုံးထားပြီး
အခုထိအပြစ်မဲ့ပြည်သူကို အာဏာရှင်ကသတ်တယ်။
ငါတို့က အာဏာရှင်ကိုတွန်းလှန်ရမယ်ဆိုတဲ့
စာရေးဆရာအပေါစား နဲ့
ဘလော့ဂါအပေါစားတွေရေးတဲ့စကားနဲ့
ကိုယ့်စိတ်ကိုယ်ညာရတာ မရှက်ဘူးလားဟမ်။
▪️တပ်ချုပ်အာဏာထိန်းတာက NLD မဲခိုးနေလို့
အခြားပါတီနဲ့ မဲထည့်ပြည်သူက တောင်းဆိုလို့
သူ့ပါဝါကိုသုံးပြီး အရေးဝင်ယူပေးတာ။
အနီပါတီရဲ့ မဲခိုးဖြစ်စဉ်နဲ့ နေ့ရက်တစ်ခုချင်းစီမှာ
NLD ခေါင်းရှောင်ခဲ့တာတွေကို ချပြလို့ရတယ်
သဘောပေါက်။
သမိုင်းမှတ်တမ်းဆိုတာ ညာမရဘူး။
▪️တစ်ကမ္ဘာလုံးကတောင်
အာဏာရှင်မဟုတ်မှန်းသိသွားလို့
အာဏာထိန်းရတာ လိုအပ်လို့ပဲဆိုတာကိုသိသွားလို့
ဒီမိုကရေစီပြန်သွားရအောင်အရေးတယူနဲ့
ဝိုင်းဝန်းဖေးမနေချိန်မှာ သူတို့ကအခုထိ
မရှိတဲ့အာဏာရှင်ဆိုတာကို တိုက်နေတုန်းပဲ
▪️နည်းနည်းပါးပါး သောက်ရှက်လေးတွေရှိကြဟယ်။
၂၀၂၁ တော်လှန်ရေးဆိုတဲ့ ၇ လတာခရီးကို
နင်တို့ချည်းပဲ ကွက်ပြီးဖြတ်သန်းသွားတာမဟုတ်ဘူး။
ငါတို့ပါ အတူတူဖြတ်သန်းနေတာပါဟဲ့။
အင်တာနက်ကိုနင်တို့ပဲ သုံးလို့ရနေတာမဟုတ်သလို
မြေပြင်မှာလည်း နင်တို့ချည်းပဲ
နေနေတယ်ထင်နေတာလား ငပိန်းတွေရဲ့။
▪️တစ်ရက်ချင်းရဲ့ မှတ်တမ်းတွေငါတို့လည်းသိပါတယ်။
ဒါကိုများ အာဏာရှင်တွန်းလှန်တဲ့သူတွေဆိုပြီး
အချင်းချင်းဂျင်းလာထည့်နေတယ်။
နင်တို့လုပ်နေတာတွေ တစ်ရက်ချင်းငါတို့က
မမြင်တာကျလို့။🥴
▪️အရူးလို့ပြောရင်လည်း အရူးကဂုဏ်ငယ်ရဦးမယ်။
ငပေါလို့ပြောရင်လည်း ငပေါတွေသိက္ခာကျတယ်။
ငထုံလို့ပြောရအောင်ကလည်း ပညာတွေလည်း
တတ်ကြသားနဲ့။
▪️နင်တို့ကိုနှိုင်းစရာစကားကတော်တော်ကိုရှားတာပါ။
အဲ့ဒီတော့ နင်တို့ဖာသာနင်တို့အတင်းဇွတ်လုပ်ယူပြီး
ပေးထားတဲ့ အမှန်တရားဘက်တော်သားဆိုတဲ့
နာမည်နဲ့ပဲနေကြပေါ့ဟယ်။
▪️အဲ့နာမည်ကြိုက်တယ်မို့လား ယူထားလိုက်
သေရင် အုတ်ဂူမှာ
အမှန်တရားဘက်တော်သား ဦးဘယ်သူ
အမှန်တရားဘက်တော်သူ ဒေါ်ဘယ်သူပါလို့
ကဗျည်းထိုးသိလား။
▪️ဒါမှ ငရဲမင်းကလူခွဲရလွယ်မှာ။၊🥴😏
#SniperSu
ပုံကတော့ အင်မတန်ကိုအေးချမ်းစွာ
ဆန္ဒထုတ်ဖော်နေသော
အမှန်တရားဘက်တော်သားတို့ရဲ့ပုံပါ။
ဒါမျိုးစရိုက်လေးတွေကို သူတို့ပထွေးတွေရှိတဲ့
အမေရိကန်မှာ သွားလုပ်ကြည့်စေချင်လိုက်တာ။🙄