Wednesday, September 15, 2021

#ယန်းကီးတို့၏ခြေလှမ်းမျာ


အနောက်ဥရောပသားတွေ နယ်ချဲ့ခဲ့တဲ့ ကိုလိုနီ နိုင်ငံတိုင်းကို ကြည့်လိုက်။ အရှေ့အနောက် ကွဲရင်ကွဲ ဒါမှမဟုပ် တောင်မြောက် ကွဲသည်။ သို့မဟုပ်
ခွဲရန် ကြိုးစားသည်။

မစားရတဲအမဲသဲနဲပတ်ဆိုတာ ၎င်းတို့ တွင်တွင်ကျယ်ကျယ် လုပ်ခဲ့သည်။ မဖြစ်မနေလွတ်လပ်ရေးပေးရတော့မည့်နိုင်ငံများအား မညီမညွတ်ရန် လုပ်ဆောင်ခဲ့သည်သာချည်းဖြစ်သည်။

တောင်ကိုရီးယား ၊ မြောက်ကိုရီးယား

အရှေ့ပါကစ္စတန် ၊ အနောက်ပါကစ္စတန် ( ယခု ဘင်္ဂလားဒေ့ရ်)

တောင်ဗီယပ်နမ် ၊ မြောက်ဗီယပ်နမ် ( မအောင်မြင်)

မြေပြန့်မြန်မာနိုင်ငံနဲ့ တောင်တန်းဒေသ မြန်မာနိုင်ငံ
( ဗိုလ်ချုပ်ကောင်းမှူဖြင့် မအောင်မြင်)

( တရုပ် နှင့် ဟောင်ကောင်ကိုလဲ မီးမွှေးထားခဲ့သလို
အိန္ဒိယ ရဲ့ ကပ်ရ်ှမီးယား ပြည်နယ် ပြသနာကိုလဲယခုထိခလောက်စံနေတုန်းပါ)

မည်သည့်နိုင်ငံမဆို မစည်းလုံးစေရေး ဒို့အရေး ဆိုတာ အမေရီကန်နဲ့ အပေါင်းအပါနိုင်ငံတွေရဲ့ မူလ ဘူတ ရည်ရွယ်ချက်ဖြစ်သည်။

ပြည်ထောင်စု နိုင်ငံများကို ဖြိုရသည်မှာ ပိုပြီးလွယ်ကူကြောင်းကို ၎င်းတို့ သိသည်။

ဆိုဗီယပ် ပြည်ထောင်စုသည် ယခင်က ၁၅ နိုင်ငံရှိသည်။ US ငပွကြီးထက်ပင် အင်အားသာလွန်ခဲ့သော်လည်း ဥာဏ်နီ ဥာဏ်နက်များသော အမေရီကန်သည် ဆိုဗီယပ် သမ္မတ မီလ်ခေးဂေါ် ​ဘာချော့ အား ငြိမ်းချမ်းရေးနိုဘယ်ဆုကောက် ပေးလိုက် တော့ သည်။
( ဒေါ်စုကို ဘာမှရေရေရာရာမလုပ်ဘဲ
ငြိမ်းချမ်းရေးနိုဘယ်စုပေးလိုက်သလိုပါပဲ။ ၎င်းငြိမ်းချမ်ရေးနိုဘယ်ဆုရှင် မီခေး အတွက် ရုရှားနိုင်ငံသားများ ဂုဏ်ယူမနေပါဘူး)

လက်နက်တီထွင်မှူ ပြိုင်ဆိုင်ပြင်းထန်နေချိန်တွင် နိုဘယ်ဆုရ ဆိုဗီယပ်သမ္မတသည် ငြိမ်းခြမ်းရေးယောင်ယောင် ဘာယောင်ယောင် လျှောက်လုပ်နေသောကြောင့် ဆိုဗီယပ်ပြည်ထောင်စုကြီး ပြိုကွဲသွားတော့သည်။

ယှဥ်ပြိုင်သူမရှိတော့သော အမေရီကန်သည် နိုင်ငံအရပ်ရပ်မှ ကမ္ဘာ့စစ်ဘေးရှောင်လာသော ပညာရှင်များအားမြှောက်စားခြင်း စစ်ဖြစ်နေသောနိုင်ငံများအား လက်နက်ရောင်ခြင်း ဖြင့် စူပါပါဝါ နိုင်ငံအဖြစ် ကြီးထွားလာခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ပြီးသွားသောအခါ အမေရီကန်
သမ္မတ အဆက်ဆက်သည် စကြဝတေး မင်းကဲ့သို့ ဖြစ်နေတော့သည်။ အံတုနိုင်​သောနိုင်ငံများကို ဖြိုခွင်းရန် လုပ်ဆောင်လာခဲ့သည်။

ထိုအချိန်က ဆိုဗီယပ်မှပြိုကွဲလာသော ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ၊ တရုပ်နိုင်ငံ ၊ အိန္ဒိယ နိုင်ငံတို့သည် စစ်အရှိန်ကြောင့် နာလံမထူသေးပေ။ အမေရီကန်တို့စိုးရိမ်နေသည်မှာ အိမ်အောက်မှပင် ရေနံထွက်၍ ချက်ချင်း လက်ငင်း ချမ်းသာလာသော
အရှေ့အလယ်ပိုင်း နိုင်ငံများ ဖြသ်သည်။
ထို့ကြောင့် နှစ်ရှည်စီမံကိန်းမျာချမှတ်ကာ ၎င်းနိုင်ငံများအား ပစ်မှတ်ထား ဖြိုခွင်းခဲ့သည်။

၎င်းတို့၏ရည်မှန်းချက်သည် အောင်မြင်ခဲ့ကြောင်းကို
ဆီးရီးယား
အီရက်
အာဖကန်
စသော အရှေ့အလယ်ပိုင်းနိုင်ငံများကိုကြည့်၍ သိနိုင်သည်။

အမေရီကန်တို့ အရှေအလယ်ပိုင်းကို အာရုံစိုက်နေချိန်တွင် တရုပ် ၊ ရုရှား နှင့် အိန္ဒိယ နိုင်ငံများသည်
မထင်မှတ်လောက်အောင်ပင် အလျှင်အမြန် တိုးတတ်ဖွံဖြိုးလာခဲ့ရာ အမေရီကန်တို့ မျက်လုံးမျက်ဆံပြူးကုန်တော့သည်။

ရုရှားကို ၎င်းတို့၏မဟာမိတ်နိုင်ငံများမှနေ၍ ဝိုင်းပတ်ပိတ်ဆို့၏။ တရုပ်ကိုမူ ဂျပန်တွင်ရေတပ်စခန်းဆောက်၍လည်းကောင်း စင်္ကာပူ တွင် လေယာဥ်တင်သင်္ဘောများ ဆိုက်ကပ်ထားခြင်းဖြင့်လည်းကောင်း မာလက္ကာရေလက္ကကြားတွင် စစ်စခန်းဆောက်ခြင်းနှင့် ထိုင်နိုင်ငံတွင် တပ်များခြထား၍ ပိတ်ဆို့ခဲ့ပြီး နောက်ဆုံး တရုပ်ထွက်ပေါက်ကိုပိတ်ရန် မြန်မာနိုင်ငံရှိ ဟိုင်းကြီးကျွန်း၌ ရေတပ်စခန်းတစ်ခုတည်ဆောက်ရန် မငြင်းနိုင်သောမတ်လုံးများပေး၍ ညှိနိုင်းလာခဲ့သည်။
သိုသော် ထိုစဥ်က မဆလ ဥက္ကဋ္ဌ ဦးနေဝင်းမှ ငြင်းပယ်ခဲ့သောကြောင့် ယန်းကီးတို့သည် မြန်မာနိုင်ငံအပေါ် များစွာအငြိုးထားခဲ့ကြသည်။

အရှေ့အလယ်ပိုင်းတွင် ဆွန်နီ ရှီရိုက် ပြသနာနှင့် ဒစ်လည်အောင် မွှသကြဲထားခဲ့သောအမေရီကန်သည်
အာရှသို့ အာရုံပြန်ကျလာခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် အမေရီကန်ကို
ယီးထင်သောအပေါက်လုပ်နေသည်မှာ မြန်မာနှင့် ဗီယပ်နမ်သာရှိသည်။ ဗီယပ်နမ် ကအရေးမကြီးသေး။ ပထဝီအနေအထားအရ မြန်မာသည် အလွန်အရေးကြီးသော ( တရုပ်နှင့် အိန္ဒိယ ကြား) နိုင်ငံအဖြစ် အာရုံဆိုက်မှူကြီးမားလာခဲ့သည်။

ထို့ကြောင့်မြန်မာကိုဖြိုရန် အင်တိုက်အားတိုက် ကြိုးစားသည်။ နှစ်ရှည်လများ ကြံစည်သည်။

နည်းပညာတိုးတတ်ခြင်း ၊ ဓနအင်အားတောင့်တင်းခြင်း ၊ မြန်မာတို့၏သဘောသဘာဝကိုသိခြင်း ၊ နှစ်ရှည်စီမံကိန်းချ၍ ဆောင်ရွက်ခြင်းကြောင့် ယခုမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ပြသနာများသည်
အမေရီကန်လက်ချက်ဆိုသည်ကို လူငယ်များ မတွေးနိုင် မသိနိုင်ဖြစ်နေသည်။

နိုင်ငံရေးလုပ်သည်ဆိုရာတွင် တစ်ပတ်ပြည်အောင်
မလည်ပဲ သိသယောင်ယောင် လုပ်နေ၍မရ။

သူတပါးပြောသမျ ဦးနှောက်ထဲအပြည့်ထည့်ထားလျှင် ကိုယ်တိုင်တွေးစရာ အခန်းလွတ်မကျန်နိုင်။
ယျထာဘူတဥာဏ် ကန်းသွားတတ်သည်။

ယျထာဘူတဥာဏ် မရှိလျင် အရေးတော်ပုံလဲမအောင်သည့်အပြင် မဂ်တား ဖိုလ်တား အယူမှား၍
ငရဲသို့လားဖို့ပင်ရှိတော့မည်.......

GZ ညီငယ်ညီမငယ်များ များများသိ၍ မြန်မြန် ပြင်နိုင်ကြပါစေ...

အဲမွန် ဒယာ
14.9.2021