MHT News (Sep- 14)
န.စ.ကမှ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ၎င်းတို့၏ ပိုင်ဆိုင်မှုနဲ့ ဝင်ငွေရရှိနေသည့် လမ်းကြောင်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၃ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး USDP အပါအဝင် နိုင်ငံရေးပါတီအချို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီးဖြစ်ရာ ယခုအခါ NLD ပါတီ၏ ပိုင်ဆိုင်မှုနှင့် ငွေကြေးစီးဆင်းမှုများကို အစစ်ဆေးခံရန် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာနှစ်စောင်ပေးပိုခဲ့ပါတယ်။
အဆိုပါစာနှစ်စောင်ကို ရှေ့နေအဖွဲ့က ယနေ့ (စက်တင်ဘာ ၁၄ ရက်) ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ပေမယ့် ဒီကိစ္စဟာ သူမနဲ့မဆိုင်ကြောင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှင်းရမှာဖြစ်ကြောင်း ပြောဆိုပြီး စာကိုလက်မခံဘဲ ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ခေါင်းပေါ်ရောက်လာမယ့် အရှုပ်ထုပ်တစ်ခုကို ပညာသားပါပါနဲ့ ရှောင်လွဲလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
#MHTnews
https://t.me/myanmarhardtalk
https://t.me/Thazinoo969