Monday, October 25, 2021

#မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ရှေ့အလားအလာ


လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစလို့ 
အရှေ့တောင်အာရှနိုင်ငံအချို့(ASEAN)
ဟာ ကမ်းခြေစောင့်တပ်ဖွဲ့ဒါမှမဟုတ် 
ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ဆင်တူတဲ့အခြား
အဖွဲ့အစည်းတွေ ဖွဲ့စည်းရတာကိုတော်
တော် စိတ်ဝင်စားလာကြတယ်။ 

ဘာကြောင့်လည်းဆိုတော့ ဒီလိုအဖွဲ့
တွေဖွဲ့ စည်းထားတာက ASEANဒေသ
တွင်းလုံခြုံရေးအပြင် အမြဲတမ်းတိုး
တက် ပြောင်းလဲနေတဲ့ အင်ဒို-ပစိဖိတ်
ဒေသရဲ့ ပထဝီနိုင်ငံရေးအခြေအနေ
တွေအတွက်လည်း ထူးခြားအရေး
ပါနေတာကြောင့် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာလည်း ကမ်းရိုးတန်း
နှင့်ပိုင်နက်ရေပြင်ကီလိုမီတာ ၂,၀၀၀
ကျော်ကိုကာ ကွယ်ဖို့ရယ်၊တရားမဝင်
ဝင်ရောက်တာတွေနဲ့ မှောင်ခိုကိစ္စရပ်
တွေအပါအဝင် အခြားမလိုလားအပ်
တဲ့ပြဿနာရပ်တွေ၊ ပဋိပက္ခတွေကို 
အချိန်မီဖြေရှင်းနိုင်ဖို့ အရေးကြီးတာ
ကြောင့် တပ်မတော်(ရေ)ကကမ်းခြေ
စောင့်တပ်ဖွဲ့ကို အောက်တိုဘာလ 
အစောပိုင်းက တရားဝင်ဖွဲ့စည်းခဲ့ပါ
တယ်။ 

မြန်မာနိုင်ငံရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့
ကို သတ်မှတ်ထားတဲ့ဖွဲ့စည်းပုံအတိုင်း
အင်အားပြည့် တာဝန်မထမ်းဆောင်
နိုင်သေးခင်အချိန်မှာတော့ အဖွဲ့ရဲ့လုပ်
ဆောင်နိုင်စွမ်းတွေနဲ့ အရည်အသွေး
ကို ဆုံးဖြတ်ဖို့ခဲယဉ်းနေပါသေးတယ်။
 
ကမ်ခြေစောင့်တပ်ဖွဲ့လို ပင်လယ်ပြင်
တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း
တွေဟာ ပြည်တွင်းရေပိုင်နက်လုံခြုံ
ရေး ကိစ္စရပ်တွေမှာသာမက ရေပိုင်
နက် နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်
နီးချင်းနိုင်ငံတွေ၊ဒေသတွင်းနိုင်ငံတွေ
နဲ့ မိတ်ဘက်ဆက်ဆံရေး ကိစ္စရပ်တွေ
ကိုလည်း အကျိုးသက် ရောက်နိုင်
ပါတယ်။နောက်ပြီး အသစ်ဖွဲ့စည်း
ထားတဲ့ ကမ်းခြေ စောင့်တပ်ဖွဲ့ရဲ့ 
အနာဂတ်လမ်းကြောင်းက မြန်မာ
နိုင်ငံအတွက် အများကြီးအရေးပါ 
နေတာကို တွေ့ရပါတယ်။

ခိုင်မာပြီး အင်အားတောင့်တင်းတဲ့ 
ကမ်းခြေစောင့်တပ်ဖွဲ့ရှိတာဟာ ကိုယ့်
နိုင်ငံ ရေပိုင်နက်နဲ့ ကမ်းရိုးတန်းကို
ကာကွယ်နိုင်မည့်အပြင် ပိုမိုကျယ်ပြန့်
တဲ့ ရေကြောင်း အကျိုးစီးပွားကိုပါ 
ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေ
အနေတွေအရ ပြည်တွင်း/ပြည်ပ စိန်
ခေါ်မှုတွေ ရှိနေပေမယ့်လည်း အိမ်နီး
ချင်း၊ဒေသတွင်းနိုင်ငံတွေလို နိုင်ငံတ
ကာ ရေကြောင်းလုံခြုံရေးအဖွဲ့အစည်း
တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး
တွေ၊ကမ်းခြေစောင့်တပ်ဖွဲ့ အတွက် 
အသုံးတည့်မယ့် ရေယာဉ်၊လက်နက်
ပစ္စည်းကိရိယာတပ်ဆင်တာမျိုးတွေ
နဲ့ တပ်ဖွဲ့ အင်အားတိုးချဲ့တာလိုမျိုး 
ရေတို/ရေရှည် အစီအစဉ်တွေဆွဲပြီး 
မြန်မာ့ကမ်းခြေစောင့်တပ်ဖွဲ့ကိုအဆင့်
အတန်းမြှင့်တင်ဖို့လိုအပ်လိမ့်မယ်လို့ 
ယူဆမိပါတယ်။

#CaptainKoThet