Monday, October 25, 2021

Normalcy သို့🍁


ဗားကရာမှာ ရဲကင်းကို သေနတ်နဲ့ပစ်သွားတဲ့ ဗီဒီယိုဖိုင် တက်လာတယ်။ အနီတွေ ပျော်ကြတယ်။ မကြာဘူး တရားခံတွေကိုဖမ်းမိတယ်။ ကွင်းဆက် အကောင်ကြီးကြီးတွေပါ ပါသွားပါတယ်။ အတင်းကာရော ပြန်လွှတ်ပေးမနေဖို့ မျှော်လင့်တယ်။ 

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ရိုးရာအရကို ပွဲလမ်းသဘင်များတတ်တဲ့ လူမျိုးတွေဖြစ်တယ်။ ဆယ့်နှစ်လရှိရင် ဆယ့်နှစ်ရာသီ ပွဲတော်တွေရှိတာပါပဲ။ သီတင်းကျွတ်အခါတော်နေ့မှာ ဘုရား ရင်ပြင်တော်တွေပေါ် ဘုရားဖူးတွေ ပြည့်သွားပါတယ်။ Covid ကြောင့် နှစ်နဲ့ချီ ပိတ်လှောင်ခံထားရသလို ခံစားရတဲ့လူတွေဟာ ဘုရားဖူးခရီးတွေ၊ အပန်းဖြေခရီးတွေထွက်ဖို့ စိတ်အားထက်သန်လာကြတယ်။ ဒီတော့ တော်လှန်ရေးအမည်ခံ အကြမ်းဖက်တွေ ဆွေ့ဆွေ့ခုန်ကြပါတော့တယ်။ 

နိုင်ငံတကာက အကြမ်းဖက်တွေကို သုတေသနပြုထားတဲ့ စာတမ်းတွေအရ ပြောရမယ်ဆိုရင် အကြမ်းဖက်တွေဟာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်လိုလို၊ ဟီးရိုးလိုလို မြင်တတ်ကြပါတယ်။ အခုလို အကြမ်းဖက်တွေကို လူစိတ်ဝင်စားမှု လျော့ကျပြီး ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ ဦးတည်နေတာဟာ အကြမ်းဖက်တွေ အတွက်တော့ ရင်နာစရာပါပဲ။ 

အကြမ်းဖက်တွေဟာ သူ့ဘာသာသူဆိုရင် ငြိမ်နေမယ့် အခြေအနေကို ဖျက်ပစ်တယ်။ ဗုံးခွဲတယ်။ ဒလံဆိုပြီး တွေ့ရာသတ်တယ်။ အမြင်မတူသူတွေကို အကြောက်တရားနဲ့ ဖိနှိပ်တယ်။ အခုဆိုရင် မုံရွာမှာဖြစ်သွားတဲ့ ဖြစ်စဉ်မှာဆိုရင် အပြစ်မဲ့ ကလေးသူငယ်တွေ သေကုန်ပါတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက အနီတွေအနေနဲ့ သူတို့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ဝမ်းသာထောက်ခံကြရုံကလွဲပြီး မလုပ်တတ်ကြတော့တာပါပဲ။ 

Anti - Defamation League (ADL) ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာမှာတော့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အွန်လိုင်းကနေ လူသစ်စုဆောင်းကြပုံကို ဖော်ပြထားတယ်။ ဒီနေရာမှာ အစွန်းရောက်မှု (Extremism) နဲ့ အကြမ်းဖက်မှု (Terrorism) ကြားက အကွာအခြားကိုလည်း ဖော်ပြထားတယ်။ 

Extremism is a concept used to describe religious, social or political beliefs that exists substantially outside of belief systems more broadly accepted in society. 

အစွန်းရောက်တယ်ဆိုတာက ဘာသာရေး/နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ အတွေးအခေါ်တွေက လူအများ လက်ခံတဲ့စည်းရဲ့အပြင်ရောက်နေတာ။ 
ဆိုလိုတာက ဘုရားဖူးယာဉ်တွေကို တိုက်ခိုက်ရင်တောင် ဖြစ်သင့်တယ်လို့ ယူဆကြတာမျိုး၊ လူ့အသက်ကို အသက်လို့မမြင်တာမျိုး။ အဆိုးဆုံးက "ဓမ္မက အဓမ္မကို မနိုင်ရင် ဘယ်ဘုရားမှ ငါမကိုးကွယ်ဘူး" ဆိုပြီး ဘုရားရှင်ကိုထိ ကန့်လန့်တိုက်ကြတာမျိုး။ 
တကယ်က ဘုရားရှင် ဟောတော်မူတဲ့ ဓမ္မဆိုတာ ငြိမ်းအေးရာ၊ သံသရာဝဋ်ဆင်းရဲက လွတ်ရာ လွတ်ကြောင်းကို ဓမ္မ လို့ ဆိုလိုတာ။ လူသတ်နေတဲ့ကောင်တွေက ဓမ္မအကြောင်း ဘာသိလို့တုန်း။ ရယ်လည်းရယ်ရ၊ စိတ်လည်းပျက်ရပါတယ်။ ငရဲလားမယ့်ကောင်တွေကများ ဘုရားကိုသွား ဂျီကျရတယ်ရှိသေး။ 

အဲဒီလိုမျိုးကျတော့ အစွန်းရောက်တယ်ခေါ်ပါတယ်။ 

Terrorism က သပ်သပ်ပါ။ အဲဒါကတော့ အကြမ်းဖက်တိုက်ခိုက်တာတွေ ပါလာပါပြီ။ အစွန်းရောက်တိုင်းကတော့ အကြမ်းဖက်နေတာ မဟုတ်ပါဘူး။ 

အဲဒီ အစွန်းရောက်တွေဟာ အင်တာနက်ကိုသုံးပြီး လူသစ်စုဆောင်းပါတယ်။ Friend တွေ Add ကြတယ်။ အစွန်းရောက်အတွေးအခေါ်တွေကို မျှဝေကြတယ်။ မျှဝေရင်းကနေ သူတို့ရဲ့ အတွေးအခေါ်ဟာ လူအများလက်ခံထားတဲ့ အမှန်တရားကြီးလိုကို ဝါဒဖြန့်ကြပါတော့တယ်။ မိတ်ဆွေတွေအပါအဝင် လူများစုက လက်ခံသလို ဖြစ်လာတဲ့အခါ တော်ရုံလူတွေအနေနဲ့ ရောယောင်ထောက်ခံကြရုံကလွဲပြီး မရှိပါဘူး။ အမြင်မတူရင် အန္တရာယ်ကလည်း ရှိနေသေးတာမို့ပါ။ 

အဲဒီလိုနဲ့ အွန်လိုင်းအခြေပြု သတင်းမှား၊ ဝါဒဖြန့်နဲ့ အစွန်းရောက်အတွေးအခေါ်တွေဟာ လူတွေကြားမှာ ကြာရှည်ခံနေတော့တာပါ။ 

သို့သော် မည်သို့ပင်ဆိုစေကာမူ လူဆိုတာ တချိန်လုံး မုန်းတီးအော်ဟစ် မိုက်ရိုင်းနေလို့မရပါဘူး။ လူ့ရေးလူ့ရာ ကိစ္စတွေ၊ စားဝတ်နေရေးတွေ၊ ဘဝတွေ ရှိပါတယ်။ အနှေးနဲ့အမြန် ပုံမှန် အနေအထားကို ပြန်ရောက်အောင် ထိန်းညှိလာကြပါလိမ့်မယ်။  

အစွန်းရောက် အကြမ်းဖက်တွေဆိုတာ ရှုံးနိမ့်ကြမှာပါ။ သူတို့အကြောက်ဆုံးကလည်း Normalcy ဆိုတဲ့ ပုံမှန်ဖြစ်ခြင်း - ပါပဲ။ သူတို့က လူတွေကို ကြောက်ရွံ့နေစေချင်တယ်၊ သူတို့ကိုင်စွဲတာမှ အမှန်တရားဖြစ်ပြီး သူတို့ကိုထောက်ခံသူသာ ရှင်ကျန်စေချင်တယ်။ ဒါပေမဲ့ ဘဝဆိုတာ ဒီလို ယုတ်ကန်းတဲ့အစွန်းရောက်မှုနဲ့ ရှင်သန်ရတာမဟုတ်ပါဘူး။ ဘဝဆိုတာ ငြိမ်းချမ်းခြင်း၊ လေးစားခြင်း၊ တည်ငြိမ်ခြင်းတွေနဲ့ ရှင်သန်ရတာပါ။ အစွန်းရောက်မှန်သမျှ ကျရှုံးမှာပါ။ 

မြို့ပေါ်က ဘုရားမှာ ငွေတွေလှူနေမယ့်အစား တောထဲက တော်သလင်းပွဲကျင်းပနေတဲ့ PDF တွေအတွက် ထောက်ပံ့ကြပါလား လို့ အော်ဟစ်ကြရင်း ...

အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်ရင် ဝိုင်းပြီး ပျော်ရွှင်ကြရင်း...

ဘုရားဖူး၊ ရဟန္တာဖူး၊ ပဌာန်းပွဲကျင်းပကြတာတွေကို မခံစားနိုင်ကြရင်း...

အမြင်မတူသူတွေကို အကြောက်တရားနဲ့ ဖိနှိပ်ပြီး "ဒီမိုကရေစီရတဲ့အခါ လိပ်ပြာလုံပါစေ" လို့ ဂုဏ်တင်ကြရင်း...

အစွန်းရောက်ပီပီ ကျရှုံးကြရမှာပါ။ အဲဒီ လူမဆန်တဲ့ အစွန်းရောက်စိတ်ဓာတ်နဲ့ ယုတ်မာမှုကို "ဓမ္မ" လုပ် ကိုးကွယ်နေမှတော့ ဘယ်ဘုရားအရိပ်မှ မျက်နှာပြောင်တိုက် အားကိုးချင်မနေပါနဲ့တော့။ လူ့အဖွဲ့အစည်းရဲ့ အပြင်မှာပဲ ထာဝရနေသွားကြစေချင်တယ်။ 

ပုံမှန်အနေအထားကို ပြန်ရောက်ကြတဲ့အခါ လူသားဆန်တဲ့ လူ့အဖွဲ့အစည်းကြီးနဲ့ပဲ လူပီပီသသ အသက်ရှင်ကြရတာ ပိုကောင်းပါလိမ့်မယ်။ ပုံမှန်အနေအထားကို ပြန်ရောက်ဖို့ကတော့ လုံခြုံရေးပိုကောင်းပြီး ပြန်လွှတ်ပေးတာတွေကို စိစစ်ဖို့လိုမယ်။ ကျန်တဲ့ကိစ္စတွေက အလိုအလျောက် ထိန်းညှိသွားပါလိမ့်မယ်။ 

နိုင်ငံတော်ကြီး ပြန်လည်ကျန်းမာလို့ အစွန်းရောက်တွေဘေးက ကင်းဝေးပါစေ။ 

သန့်နေစိုး (25. Oct. 2021)

Related Posts:

  • သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်■ Information Sheet ဆိုပြီး á€˜á€Źá€žá€Ź(၄)မျိုးလောက်နဲ့ သံရုံးတွေကိုနေ့စဉ် ပို့နေတာဖြစ်တဲ့အတွက်ကြောင့်ဒီအချက်အလက်တွေက သံရုံးအတွက်တော့သိပ်ထူးခြားမှာမဟုတ်ဘူး…..ဒါပေမယ့် …..တရားဝင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာတရားဝင်ဖိတ်ကြားပြီးရှင်းလင်… Read More
  • အနှစ်သာရကို ဖျက်ဆီးပစ်တယ်သတင်းစာရှင်းလင်းပွဲ ပထမပိုင်းအပြီး ဒုတိယပိုင်း မေးမြန်းခန်း အစီအစဉ်ကို ဖြတ်ချပစ်တာဟာလည်း အဘရဲ့ အကွက်တွေပဲလား။ ကောင်းနေ လှနေတုန်းပဲလား။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မေးမြန်းခန်းအစီအစဉ်ဟာ သတင်းစာရှင်းလင်းပွဲရဲ့ အဓိကအကျဆုံး အနှစ်… Read More
  • မကြာခင် အကြမ်းဖက်တန်ပြန် နှိမ်နင်းရေး လုပ်ငန်းတွေ လုပ်ဖို့ရှိနေသလိုသတင်းအရ ကြမ်းဖက်သမားတွေကိုဝင်ရောက်ဖမ်းဆီးရာတွင် အရင်လို á€”ယ်မဟ္ခလရဲစခန်းတွ္ကို ကြိုတင်အကြောင်းကြားပူပေါင်းဖမ်းဆီးမှု့မျိုးတွေ မပြုလုပ်တော့ဘဲစရဖ နှင့် နယ်မြေခံတပ်မတော်သားများ ပူးပေါင်းကာဖမ်းဆီးမှု့များဆောင်ရွက်နေပြီး ၊ လိုအပ်မှ… Read More
  • အာဆီယံကလည်း အိမ်စောင့်အစိုးရကို လက်ခံနေပီ။ ပန်ဆယ်လို မင်းကိုနိုင် ဇော်ဝေဆိုး မျိုးရန်လုံသိမ်း အဲ့လူတွေအကုန် ပြည်ပမှာအနူဂျီ ဆိုတဲ့ကောင်တွေကလည်း လေလှိုင်းမှာ ရေဒီယိုလွှင့်ဖို့ ရေဒီယို ပြင်နေတုန်း KIA /KIO လည်း စစ်ရှောင်ချင်နေပီPDF ကိုလက်ခံထားတဲ့ KNUတပ်မဟာအချို့ မွစာကျဲန… Read More
  • အဲ့ဒီ လူကြီး ... 💚💚 💚 💚💚 👨‍✈️👨‍✈️  á€Ąá€”ဎတွ္ á€Ąá€›á€™á€şá€¸á€™á€Żá€”်းခဲအတဏ đŸ‘‰ အဲ့ဒီလူကြီး ... á€á€ąá€Źá€şá€›á€Żá€śá€™á€„်းတွ္ မတင်ရဲတဲ့  á€›á€˝á€žá€ąá€á€­á€‚á€Żá€śá€˜á€Żá€›á€Źá€¸á€€á€­á€Ż á€žá€€á€şá€žá€á€şá€œá€˝á€á€şá€…ဏးပဟဎး á€‘ဎးတင်သွဏးခဲအတဏ đŸ‘‰ အဲဒီ့လူကြီး ... á€›á€”်ကုန်မဟိုအ á€™á€„်းဓမယမတ္ဏင်ကုန်းက á€€á€ťá€ąá€Źá€€á€şá€á€ąá€Źá€şá€€á€źá€Žá€¸á€˜á€Żá€›á€Źá€¸á€€á€­á€Ż á€Ąá€™á€ťá€Źá€¸á€•ဟည်သူ ဖူးရအေ… Read More