Saturday, October 2, 2021

အကြမ်းဖက်တွေဘာကြောင့် မနိုင်တာလည်း ?


     အခုနောက်ပိုင်း သတိထားမိတယ် PDF တွေအနေနဲ့ စစ်သားတွေကို တိုက်ခိုက်နှိုင်စွမ်းနည်းလာပါတယ် ရဲကိုတောင်သူတို့ ချောင်းပစ်တာဗုံးနဲ့ပစ်တာ သိပ်မလုပ်နှိုင်တော့ဘူး။ ဘာလက်နက်မှမရှိတဲ့ လက်နက်မဲ့ပြည်သူတွေကို သတ်ပြပြီး သူတို့တော်လှန်ရေးမရှုံးကြောင်း ဟန်ဆောင်နေတဲ့ အဆင့်ဖြစ်သွားပါပြီ။

     အိမ်ဆောင့်အစိုးရအနေနဲ့ လက်နက်မဲ့ပြည်သူကို ကာကွယ်ဖို့နည်းလမ်း ရအောင်ရှာရမယ် ဖြစ်အောင်ကာကွယ်ရပါမယ်။ ပြည်သူတိုင်းဟာ အကြမ်းဖက်အားပေး မဟုတ်ပါဘူး ပြည်သူစစ်ဖွဲ့ပေးတာ လက်နက်ထုတ်ပေးတာ လုပ်သင့်ပါတယ်။ အနီမဟုတ်တဲ့ ပြည်သူတွေဟာ စည်းကမ်းလိုက်နာမှု ဥပဒေလေးစားမှု အားကောင်းပါတယ်။ အစိုရအနေနဲ့ ကိုယ်လူမှကိုယ်မယုံရင် ဘယ်သူကိုယုံမှာလည်း စဥ်းစားပါ။

     မြန်မာပြည်မှာ အစိမ်းထက်အနီကများတယ် ဆိုပေမဲ့ ကြားနေပြည်သူဆိုတာလည်း ရှိပါတယ် နိုင်းငံရေးမှာ မတားရင်ခွင့်ပြုတာပါပဲ။ တပ်ထောက်ခံသူနဲ့ ကြားနေပြည်သူက ​အကြမ်းဖက် PDF တွေကို ထောက်ခံသူထက်အများကြီးများပါတယ်။ တပ်မတော်အနေနဲ့ ထောက်ခံသူတွေကို အပြည့်အဝယုံကြည်မှရပါမယ်။

     အနောက်နိုင်ငံတွေအနေနဲ့ PDF၊ NUG နဲ့ NLD တို့ရဲ့လူမဆန်တဲ့ အကြမ်းဖက်မှုတွေလူသတ်မှုတွေကို မသိတာမဟုတ်ဟုတ်ဘူး မသိချင်ယောင်ဆောက်နေတာပါ ဒါဟာသူတို့ရဲ့ နိုင်ငံရေးမူဝါဒပါပဲ။ မြန်မာပြည်အပေါ် ဘယ်တော့မှမကောင်းခဲ့တဲ့ နိုင်ငံတွေကနေ တပ်မတော်အနေနဲ့ အားပေးထောက်ခံမှုရဖို့ မမျှော်လင့်ပါနဲ့။

     PDF နဲ့ NUG မှာ မဟာမိတ်မရှိဘူး တိုင်ရင်သားလက်နက်ကိုင် နဲ့လည်း သူတို့မဟာမိတ်မဟုတ်ဘူး တိုင်ရင်သားလက်နက်ကိုင်တွေက သူတို့ကိုအသုံချဖို့ သက်သက်လက်ခံထားတာပါ။ အနောက်နိုင်ငံတွေ နဲ့လည်း NUG ကမဟာမိတ်မဟုတ်ဘူး မိတ်ဆွေတောင်မဟုတ်ဘူး အခိုင်းခံသက်သက်ပဲ။ အခိုင်ခံ၊ မိတ်ဆွေ နဲ့ မဟာမိတ်ဆိုတဲ့ အဓိပ္ပါယ်တွေမတူဘူး ဒေါ်စုကြည်တောင် CIA ရဲ့အခိုင်းခံအဆင့်ပဲရှိတယ်။ 

     န.စ.က အိမ်ဆောင့်အစိုးရမှာ မဟာမိတ်ရုရှရှိတယ် တရုတ်၊ အိန္ဒိယ နဲ့ အဆီယံဆိုတာ န.စ.က ရဲ့ မိတ်ဆွေတွေဖြစ်တယ် ဂျပန်နဲ့လည်းထင်ထားတာထက်ပိုတဲ့ ရင်းနှီးမှုရှိတယ်။ 

     ၈၈ အာဏာသိမ်း ဦးစေားမောင်အစိုးရထက် န.စ.က ဟာအများကြီးပိုချမ်းသာပါတယ် ၈၈ ကထက်တပ်မတော်ဟာ အများကြီးအင်အားကြီးပါတယ်။ မြန်မာ့လေပိုင်နက်ကို SU-300 ဒုံး လေကာစနစ်နဲ့ ကာကွယ်ထားပါတယ်။ လိုအပ်ရင်အကူအညီပေးဖို့ ကမ္ဘေားဒီးယားမှာ ရုရှစစ်တပ်တွေ အသင့်ရှိပါတယ် လိုအပ်ရင်မြန်မာပြည်ထဲ မိနစ်ပိုင်းအတွင်းဝင်လာလို့ ရပါတယ်။ ရခိုင်ဘက်မှာလည်း ရုရှစစ်သင်္ဘေားဆိပ်ကမ်း ဆောင့်နေပါပြီ (လစ်ဗျားလိုမဖြစ်အောင် ပြည်ပရန်ကိုကြိုကာတဲ့ သဘေားလို့ယူဆပါတယ်)။ 

     တပ်မတော်ကို အကြမ်းဖက်အုပ်စုတွေ ဘယ်လိုမှ ယှဥ်လို့မရပါဘူး အင်အားချင်အပြတ်အသတ်ကွာတယ်။ ပြည်သူတွေမစိုးရိမ်ပါနဲ့ အကြမ်းဖက် PDF တွေ NUG တွေ NLD တွေ တဖြေးဖြေးလုံးပါးပါး ကျရှုံနေပါပြီ။

     ဘဦး (၃၀.၉.၂၀၂၁)


Related Posts:

  • ရှေ့မီးလား..နောက်မီးလား..အချက်ပြမီးလား..လင်းခဲ့တဲ့သမီးလေး..စင်္ကာပူမှာ..အဆင်ပြေမှာပါနော့...အဟတ်...အဟတ်Ky(ထီလာ)… Read More
  • "မြွေဆိပ်ဖြေဆေး"သင်သိပြီးရင် မျှဝေပါ ။ဆေးထိုးရွာ နွားထိုးကြီးမြို့နယ် မြင်းခြံမြို့ကကိုဇော်လတ်က သူတို့အရပ်မှာ ပိုးထိတိုင်းသုံးစွဲလေ့ရှိတဲ့မြွေဆိပ်ဖြေဆေးကိုပြောပြခဲ့ပါတယ်။သူတို့ရွာမှာမြွေပွေးပေါပါတယ်။တခြားမြွေဆိုးတွေလည်းရှိပါတယ်တဲ့။သူပြောတဲ့ဆ… Read More
  • ဂါထာ မန္တာန် မန္တရား အင်း အိုင် ခါးလှည့် လက်ဖွဲ့ ထို ၇-ပါး ရဲ့အကြောင်းလောကီယလမ်းစဉ် လိုက်စားရင်ကိုယ်စီးတဲ့မြင်း အထီးအမ သိအောင် လေ့လာသင့်၏မိမိသုံးနေတဲ့ အရာဟာဘာလဲဆိုတာ သေချာသိမှ အကျိုးပိုရှိပါမည်။ဒီတော့ လောကီယစမအင်း ဆေး အင်း အိုင် လက်ဖွဲ့ စသည်ကိုအမျိုးအမည် သိအောင် လေ့လာထားရမယ်။ဒါဟာ အခြေခံပါဘဲလောက… Read More
  • ကဲစလာပီနော်အစ္စလာမ် ဘာသာဝင် လန်ဒန်မြို့တော်ဝန် ဖြစ်သွားသောအခါ.....ခန်း(Khan)ကိုပါကစ္စတန်နိုင်ငံမှရွှေ့ပြောင်းမိဘနှစ်ပါးက လန်ဒန်မြို့၌အောက်တိုဘာလ ၈ရက် ၁၉၇၀တွင်မွေးဖွားခဲ့သည်။ သူ လန်ဒန်ကြီးပြင်းလာခဲ့သည်။အမည်အရင်းမှာ Sadiq Aman Khanဖြစ်သည်… Read More
  • 🇲🇲ဒီကနေ့ မြန်မာပြည်မှာ ဒေါ်စုကို မထောက်ခံ သဘောမကြတဲ့ သူအများစုဟာ🇲🇲နိုင်ငံရေးသမားတွေမဟုတ်ဘူး    အဘဘောမတွေ မဟုတ်ဘူး    ကြံခိုင်ရေး တွေလဲ မဟုတ်ဘူး🇲🇲အများဆုံးက စာတတ်ပေတတ်တဲ့သူတွေ    အသိဥာဏ်ရှိသူတွေ ဘုရားသားတော်တွေနဲ့🇲🇲မျိုးရိုး အစဉ်အလာကိုတန်ဖိုးထား     မြတ်နိုးကြတဲ့ ပြည်သူစစ်စစ်တွေပဲ 🇲… Read More