Saturday, October 2, 2021

ဆင်ကန်းတောတိုး မဟာဗျူဟာ 🍁


မြန်မာနိုင်ငံက အကြမ်းဖက်တွေနဲ့ စစ်တပ်ကြား အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့ စစ်တပ်ထောက်ခံသူ အရပ်သားတွေကို သတ်ဖြတ်မှုတွေက The Straits Times မှာ ပါလာပါတယ်။ 

အာဏာထိန်းပြီး ရှစ်လအကြာမှာ တပ်မတော်ဟာ သူ့ကိုဖြုတ်ချနိုင်လောက်အောင် အင်အားမကြီးတဲ့ တိုက်ခိုက်ရေးသမားတွေကို မချေမှုန်းနိုင်သေးပါဘူးတဲ့။ ထို့အတူ အကြမ်းဖက်တွေကလည်း တိုင်မင်နဲ့ အစီအစဉ်တွေဆွဲရာမှာ ပညာရှိရမယ် - လို့ AFP ကို ပြောတယ်ဆိုပါတယ်။ 

"We need to be wise with our timing and plan," a member of the local "People's Defence Force" told AFP after the September 25 clash in the small northwestern village of Gone Nyin.

ပြောထားတာကတော့ ပညာရှိရမယ်။ တိုင်မင် ကိုက်ရမယ်တဲ့။ သတင်းစာရှင်းလင်းပွဲမှာ ဖော်ပြတဲ့ ဗီဒီယိုဖိုင်တွေက ထွက်ဆိုချက်တွေမှာတော့ အနှီ အကြမ်းဖက်တွေဟာ ပေ့ဂ်ျတစ်ခုထောင်ပြီး လာရေးသမျှ နာမည်နောက် လိုက်ပစ်နေတာကလွဲလို့ ဘာမှလည်းမသိသလို ဘာသက်သေမှလည်း မပြနိုင်ပါဘူးတဲ့။ အံ့ဩစရာပါ။ 

ကျွန်တော်သာ အကြမ်းဖက်စင်ပြိုင်အစိုးရဆိုရင် နိုင်ငံတကာထောက်ခံမှု မရမယ့် ဘယ်လို အကြမ်းဖက်မှုကိုမှ လုပ်မှာမဟုတ်ဘဲ ပုံရိပ်ကောင်းအောင် အရင်လုပ်မှာပါ။ ဒါမှ အကူအညီရမယ်။ ကာဗာရမယ်။ ဒါပေမဲ့ ဉာဏ်နည်းကြသူတွေကတော့ အကူအညီမရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Defensive War ထကြေညာသတဲ့။ ဒီတော့ ဘာဆက်ဖြစ်လဲ။ 

" A parallel government made up largely of lawmakers from Suu Kyi's party has also sought to fan the flames, calling for a defensive war against Junta troops..." စုကြည်ရဲ့ ပါတီက ဥပဒေပြုအမတ်အများစုပါဝင်တဲ့ စင်ပြိုင်အစိုးရက Defensive War ကြေညာပြီး မီးလောင်ရာလေပင့်ပါတယ် - လို့ နိုင်ငံတကာ မီဒီယာအပေါ် ရောက်ကုန်ပါတယ်။ 

ကျွန်တော်သာဆိုရင် အဲဒီလို မလုပ်ပါဘူး။ ဒါပေမဲ့ အကြမ်းဖက်တွေက ကျွန်တော်မဟုတ်ဘူး။ ဆင်ကန်းတောတိုး အကုန်စွတ်လုပ်တယ်။ ဒါပေမဲ့ ပြောလိုက်ရင် ဘာတဲ့.. တိုင်မင်ကိုက်ရမယ်။ ပညာရှိရမယ်ဆိုလားပဲ။ တိုင်မင်ဆိုတာကို နားလည်ဖို့ သူတို့မှာ နိုင်ငံတကာ အခင်းအကျင်းကို ကြည့်တတ်တဲ့ ပညာရှိရဲ့လား လို့ မေးရဦးမယ်။ ပညာဆိုတာ ဘာလဲ။ ဆယ့်နှစ်နှစ်အရွယ် ကလေးကိုတောင် အလွတ်မပေးတာ ပညာလား။ ခုနစ်တန်းကျောင်းသူကိုတောင် ခိုင်းစားတာ ပညာလား။ 

ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း ကျွန်တော့်အတွက် ခံစားချက်က ပေါင်းစုံပဲ။ ပြောရေးဆိုခွင့် ဘာတစ်ခုမှ မရဘဲ မိုက်ခရိုဖုန်းတောင် တစ်ဖက်လှည့်ခံထားရတဲ့ ကျော်မိုးထွန်းနဲ့ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခန်းကို ဆတ်ဆတ်ကြဲ တုန့်ပြန်သွားတဲ့ အိန္ဒိယက မိန်းကလေးငယ်လေး နဲ့။ ကျွန်တော် တကယ် ရင်နာရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ထူးချွန်ထက်မြက်တဲ့ မိန်းကလေးတွေ မရှိတော့ဘူးလား။ လူငယ်တစ်ယောက်ရဲ့ ထက်မြက်မှုဟာ ခမ်းနားတဲ့ အလားအလာကြီးကိုပြတယ်။ ကျွန်တော်တို့ တိုးတက်ချင်ကြရင် အာဏာလုတာတွေ လျှော့ရလိမ့်မယ်။ အဂတိတွေ ဖယ်ထုတ်ရလိမ့်မယ်။ 

အဲဒီလိုကြည့်တော့ အိန္ဒိယနဲ့ တရုတ်နောက် မြန်မာတွေပြတ်ကျန်ခဲ့တာ ဘာဆန်းမှာလဲ။ 

အခုလည်း ဒေါ်လာဈေးတွေ ရွှေဈေးတွေ စက်သုံးဆီဈေးတွေ ခေါင်ခိုက်နေတယ်။ မရိုးသားတဲ့ နိုင်ငံရေးတိုက်ခိုက်မှုဆိုတာ မြင်သာပါတယ်။ ရအောင်ထိန်းချုပ်ရမှာပါ။ မထိန်းချုပ်နိုင်ရင် စားဝတ်နေရေးကြပ်တည်းမှုက လူထုကို ပေါက်ကွဲစေလိမ့်မယ်။ သာမန်ဖြစ်နေကျ ကိစ္စတွေကလည်း နိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံမှာ ပိုဆိုးတတ်ပါတယ်။ ဥပမာ - တလောလေးဆီက Covid 19 Outbreak နဲ့ အောက်ဆီဂျင်ပြဿနာလိုပေါ့။

ဒီတော့ ကျွန်တော် အဓိက ပြောချင်တာက - 

နိုင်ငံရေးကို တည်ငြိမ်အောင်ထိန်းပါ။ အာဆီယံကို မကျော်ရင်နေပါ။ စင်ကာပူကို မကျော်ရင်နေပါ။ နိုင်ငံကို အရင်တည်ငြိမ်အောင်ထိန်းစေလိုပါတယ်။ 
အဲဒါမှ မတည်ငြိမ်ရင် နိုင်ငံရေးရည်ရွယ်ချက်ပါတဲ့ ဘယ်လုပ်ရပ်မဆို တိုင်းပြည်ကို လိုတာထက်ပို အထိနာစေတယ်။ 

အိန္ဒိယက ကောင်မလေးကို ကျွန်တော်တို့ တကယ် လေးစားအားကျရပါတယ်။ အဲဒီလို အခင်းအကျင်းမျိုး ကျွန်တော်တို့အတွက် ဖန်တီးမပေးနိုင်ဘူးလား။ ကျွန်တော်တို့ ပညာသင်ချင်ပါတယ်။ နိုင်ငံတော်ကို ရဲဝံ့ထက်မြက်စွာ ကာကွယ်နိုင်ချင်ပါတယ်။ 

လူကြီးမင်းတို့ရဲ့ ဆင်ကန်းတောတိုးဗျူဟာတွေကြား ကျွန်တော်တို့အသက်ကို ဖက်နဲ့ထုပ် နေရမှာပဲလား။ ကျွန်တော်တို့ ပညာသင်ရမယ့် ကျောင်းတွေဟာ ကျွန်တော်တို့ကို လုံခြုံမှု မပေးနိုင်ဘူးလား။ ကျွန်တော်တို့လိုအပ်တဲ့ ကွန်ပျူတာတစ်လုံးဟာ ကျွန်တော်တို့ လိုက်မမီတဲ့ ငွေပမာဏ ဖြစ်နေတော့မှာလား။ အခုလို အနေအထားမှာ အာဆီယံကို ကျော်ဖို့ လာမှန်းနေတော့ ဘာဖြစ်စေချင်တာပါလဲ။

လူငယ်တွေမှ အဆင်မပြေရင် ဘယ်လိုအနေအထားမှာမှ နိုင်ငံချင်း ယှဉ်ပြိုင်နိုင်စွမ်း တက်မလာနိုင်တာ လူကြီးမင်းတို့လည်း သိမှာပါ။ 

ဒါကြောင့်... အဘ ခင်ဗျာ...
ကြီးကြီးကျယ်ကျယ်တွေမပြောခင် ပိပိရိရိ အရင် စီစဉ်ပါ။ သေသပ်တဲ့ဗျူဟာချပါ လို့ လေးစားစွာ တိုက်တွန်းရပါတယ်ခင်ဗျာ။ 

သန့်နေစိုး (1. Oct. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is analysis of the article of AFP/ The Straits Times and nothing violates the community standards of Facebook. 

https://www.straitstimes.com/asia/se-asia/myanmar-anti-coup-resistance-drags-military-into-bloody-stalemate

https://www.ndtv.com/india-news/unga-india-in-right-of-reply-to-imran-khans-address-to-un-general-assembly-says-pakistan-globally-recognised-for-openly-supporting-and-arming-terroris-2552977



Related Posts:

  • တစ်ပြားမှ မရပဲ နိုင်ငံနဲ့တပ်မတော်ကိုကာကွယ်ကြတာ မြန်မာစစ်တပ်က ရဲမေ တွေပဲ ရှိတယ်။ ယောက်ကျား ရတဲ့ လစာရိက္ခာ ပဲ ရတယ်။ ယူနစ်ရတဲ့တပ်ဆိုတာ နယ်စပ် ကတပ်တွေနဲ့BGF တပ်တွေပဲ ရှိတယ်။ တပ်အတွက် လုပ်လိုက်ရတဲ့ လူမှုဝန်ထမ်း ရွတ်လိုက်ရတဲ့ ဓမ္မစကြာ တက်လိုက်ရတဲ့စည်း/ကော်ဒါ့ကြောင့် အချို့ စစ်သည်တွေ က ပြောကြတယ်။  မိန်းမ မယူချင… Read More
  • သူလိုလူ သူလိုလုပ် အဟုတ်ဖြစ်ရမည်         အချိန်ကာလသည်ကား 1997-98 နဝတ တို့ လက်စောင်းထက်နေချိန်ကပါ ။ လက်ပန်းမြို့နယ် ထဲက (ထိန်တော ၊ မိုးညို ၊ ခမုံဆိပ် တခုခုပါပဲ ကာလကြာတော့ အတိအကျ မမှတ်မိ) ရွာတရွာ မှာ လူသတ်မှု ဖြစ်ပါတယ် ။         အင်းလေလံ ကိစ္စနဲ့ ပတ်သက်ပြီး ရ… Read More
  • 😍😍We Love ဦးရဲ အ​ကြောင်း သိ​စေဖို့---Tv,မကြည့်၊သတင်းနားမ​ထောင်၊သတင်းစာမဖတ်တတ်​သော   ပိန်း င​ပေါများအတွက် Fb,မှတဆင့် Message, ပို့         😍😍We Love ဦးရဲ အ​ကြောင်း သိ​စေဖို့---~~~~~~~~~~~~~~~~~~~~~~~~~~~~☆ပန်းသတင်း​လေညင်း​​ဆောင် လူ့သတင်း လူချင်း​ဆောင်     ​ရွေ… Read More
  • 🦠 နောက်တကြော့ပြင်ထားကြရဦးမယ်Lambda မျိုးစိပ်က ကူးစက်မှုအလွန်မြန်ပါတယ်တဲ့အကြီးဆုံးစိန်ခေါ်မှုက ကိုဗစ်ဆေးနဲ့ ခန္ဓာကိုယ်ခုခံအား Antibody ကို မမှုတာပဲဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုထားတယ်၊Antibody ကမနိုင်ဘူးဆိုတာရောဂါကိုဆေးမတိုးတာပဲဖြစ်ပြီးအသက်အန္တရာယ်ရှိတယ… Read More
  • ဝမ်းနည်း ဝမ်းသာ          ၁၀၈ တောင် ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်း သတင်းကြားရတာ အင်မတန် ဝမ်းနည်းမိပါတယ် ။      ဆရာတော်ကြီးရဲ့ ဆေးနည်း နဲ့ လူအများစု သက်သာပျောက်ကင်းနေကြောင်း သတင်းကောင်းများ အဆက်မပျက် ကြားသိနေရလို့လည်း ဝမ်းသာမိပါတယ် ။… Read More