Saturday, October 23, 2021

ကြောက်သွေးပါ မြန်မာမဟုတ် 🇲🇲


မုန်တိုင်းကဝင်
ငလျှင်ကလှုပ် ။

မုန်းချောင်းမှာ
ရေတွေတိုးပါလို့
ပုထိုးတော်မြုပ် ။

US ကဖန်
UN ကရှုပ် ။

တို့ရခိုင် ယိုင်နဲ့နဲ့
ပဲ့မယ့် သရုပ် ။

အမယ်ဘုတ်ရဲ့ သူ့ချည်ငင်
တစ်ပင်စီ ဘယ်သို့ရှင်း
လင်းပါ့ မောင်ရင် ။

ကျေဖို့ရယ်ပြင်
ပြင်ပါတဲ့ လေလား
သေဖို့ရယ်ပြင်
ပြင်ပါတဲ့ လေလား ။

သူတို့မေမေ ပန်းမကိုဋ်ရယ်က
ရွာလွန်ကာရွက်ကိုတိုက်တယ်
လူမိုက်နဲ့ ညား ။

ဖမ်းတော့မယ်တဲ့ ဆီးတော့မယ် ။
ဆီးတော့မယ်တဲ့ ဖမ်းတော့မယ် ။
ဘယ်ခြောက်ကာညာလှမ်း
ဆီး ဖမ်း တော့မယ် ။

R2P ရွယ် လွယ်မယ်လို့ ထင်လား ။
ICC ရွယ် လွယ်မယ်လို့ ထင်လား ။
ပျိုတို့မောင် အိုးစားဖက်တွေက
စိန်ခေါ်ရင် တိမ်ပေါ်ထက်ကိုတဲ့
တက်မယ့် လူစား ။

တို့နိုင်ငံ တစ်ခေတ်ပြောင်း
ဗိန်းမောင်း တော့ တီးလေပြီ ။

အရေးကြီးပြီ မို့
သွေးနီးကာ ကျောခြင်းကပ်
ရပ်ကြ ညီညီ ။

ငါတို့လည်း ပါမည်
အနောက်ဆီ ချီပါလို့ ။

အာဏာရူးတွေနဲ့
ကျော်ကျူးသူ မိစ္ဆာတစ်သင်း
ရှင်းကြပါစို့ ။

သင်တို့လည်းပါသည်
မျိုးချစ်စိတ်တည်ပါလို့ ။

မြန်မာအထိမခံတဲ့
ဇာတိမာန် သမိုင်းပြ
ချကြပါစို့ ။

စစ်သည်တော်