Thursday, September 16, 2021

ကုလသမဂ္ဂနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီခြေလှမ်း


#ကုလသမဂ္ဂ

၇၅ ကြိမ်မြောက်အစည်း အဝေးပိတ်ပွဲနှင့် ၇၆ ကြိမ်မြောက်အစည်းအဝေးဖွင့်ပွဲကို နယူယောက်မြို့ရှိ ကုလရုံးမှာ စက်တင်ဘာ ၁၄ ရက်နေ့က စတင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် ကိုယ်စားလှယ်တစ်ဦးထက် တင်သွင်းသည့်နိုင်ငံများအတွက် ကုလရုံး၏နိုင်ငံကိုယ်စားပြုကိုယ်စားလှယ် အရည်အချင်းစစ်အဖွဲ့ credential commitee ဖြင့်စိစစ်ပြီးမှ ရွေးချယ်ကြသည်။ credential commitee ကရွေးချယ်သူသာ သတ်မှတ်သက်တမ်းအတွင်းကျင်းပသည့် ကုလအစည်းအဝေးများကို တက်ရောက်ဆွေးနွေးခွင့်ရကြသည်။

၂၀၂၀ မှ၂၀၂၁ အထိကုလအစည်းအဝေးတက်ရောက်ရမည့် ကိုယ်စားလှယ်များကို ၂၀၂၀ ခုနှစ်ကစတင်သည့် ၇၅ ကြိမ်မြောက်ကုလအထွေထွေညီလာခံက ရွေးချယ်ထားပြီး သက်တမ်းမှာ တစ်နှစ် သို့မဟုတ် နောက်ထပ်ကိုယ်စားလှယ်အတည်မပြုခင်အထိ အစည်းအဝေးတက်ရောက်ရသည်။

သက်တမ်းကုန်ဆုံးသွားပြီးနောက် နောက်သက်တမ်းအတွက် ကိုယ်စားလှယ်အတည်မပြုနိုင်သေးခင်ကြားကာလမှာ ယခင်ကိုယ်စားလှယ်ကို သီးသန့်နေရာမှာ လေ့လာသူအဖြစ်သာတက်ရောက်ရပြီး ပါဝင်ဆွေးနွေးခွင့်တော့မရတော့ပါ။

ဦးကျော်မိုးထွန်းသည် ၂၀၂၀ ခုနှစ်က NLD အစိုးရက စေလွှတ်ခဲ့သည့် ၇၅ ကြိမ်မြောက်ကုလအစည်းအဝေးများ၏ ကိုယ်စားလှယ်ဖြစ်သည်။ သက်တမ်းမှာ ၇၆ ကြိမ်မြောက်ကုလအစည်းအဝေးမစခင်အထိဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်နေ့က ၇၆ ကြိမ်မြောက်ကုလအထွေထွေညီလာခံကိုစတင်ကျင်းပသည်။

မြန်မာနိုင်ငံသည် SAC က ကိုယ်စားလှယ်တစ်ဦး၊ NUG က ကိုယ်စားလှယ်တစ်ဦး ဟူ၍ နိုင်ငံတစ်ခုတည်းက ကိုယ်စားလှယ် ၂ ဦးတင်သွင်းထားသဖြင့် မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားတစ်ဦးကို စိစစ်ရွေးချယ်ရန်လိုအပ်လာသည်။ သို့အတွက် စက်တင်ဘာ ၁၄ ရက်နေ့က ကိုယ်စားလှယ်အရည်အချင်း စိစစ်ရွေး ချယ်ရေးအဖွဲ့ credential commitee ကို ဥက္ကဋ္ဌအဖြစ်ဆွီဒင်နိုင်ငံ၊ အဖွဲ့ဝင်နိုင်ငံများအဖြစ် မမေရိကန်၊ တရုတ်၊ ရုရှား၊ ဗဟားမားစ်၊ ဘူတန်၊ချီလီ၊ နမီးဗီးယားနှင့် ဆီရာလီယွန် နိုင်ငံတို့ဖြင့်ဖွဲ့စည်းခဲ့သည်။ အမေရိကန်၊ တရုတ်နှင့် ရုရှားကတော့ credential commitee ဖွဲ့တိုင်းအမြဲပါသည့်နိုင်ငံ ၃ နိုင်ငံဖြစ်သည်။

၇၆ ကြိမ်ကုလအစည်းအဝေးပွဲများအတွက် ကိုယ်စားလှယ်စိစစ်ဆုံးဖြတ်ခြင်းကို နိုဝင်ဘာလတွင် ပြုလုပ်မည်ဟုသတ်မှတ်ထားကြောင်းသိရသည်။ သို့အတွက် နိုဝင်ဘာလမတိုင်ခင်ကျင်းပသည့်အစည်းအဝေးများတွင် လက်ရှိကိုယ်စားလှယ်ဖြစ်သည့် ဦးကျော်မိုးထွန်းသည် လေ့လာသူ အဖြစ်တက်ရောက်ခွင့်ပြုထားမည်ဖြစ်ပြီး ပါဝင်ဆွေးနွေးခြင်း တစ်စုံတစ်ရာပြောဆိုခွင့်မရသည့် silence person (ကျောက်ရုပ်) အဖြစ်တက်ခွင့်ရနေပါမည်။

NUG ဘက်ကကြည့်လျှင် အစည်းအဝေးခန်းထဲရှိနေသည့် အတွက် နားမလည်သည့်သူများကို အားတက်အောင်စည်းရုံးခွင့်ရနေအုံးမည့်အခြေအနေဖြစ်သော်လည်း၊ နားလည်သူများအတွက်ကတော့ ပြောဆိုဆွေးနွေးခွင့်ရနေရာက silence person ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေရသည့်အဖြစ်က အဆင့်အတန်းလျော့ချခံရခြင်းဟု နားလည်ကြသည်။

သတိပြုရမှာက ဒီအချက်ဟာ နစကကို လက်သင့်မခံနိုင်လို့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်သာဖြစ်ပြီး NUG ကို အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ သက်ရောက်မှာမဟုတ်ပါဘူး။ 

#ဖြစ်လာနိုင်ခြေ

NUG ဘက်ကကိုယ်စား လှယ်ကို လုံးလုံးလျားလျားရွေးချယ်ခဲ့ရင် ပြည်တွင်းမှာ အာဏာအားလုံးကိုချုပ်ကိုင်ထားတဲ့ နစကနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေး ညှိနှိုင်းမယ့် နေရာမှာ အကျပ်အတည်း ပိုမိုဆိုက်နိုင်တာကို ထည့်သွင်းတွက်ချက်ဖို့ လိုအပ်ပါမယ်။ နစကကောင် စီဟာ NUG ကိုအကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသလို သူတို့ရဲ့ ရပ်တည် ချက်ဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဥ် ၅ ရပ်ဖြစ်တဲ့ -

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းစစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။

၂။ လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ် ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

၃။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည်။ စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။

၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ် ဆောင်သွားမည်။

၅။ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။
 အသိအမှတ်ပြုဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ လုပ်ဖို့လည်း ငြင်းဆန်ထားတာကြောင့် ဖြစ်ပါတယ်။ .........

ကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားပါတယ်။

NUG ရဲ့ကိုယ်စားလှယ်ကို အသိအမှတ်ပြုခဲ့ရင်...
နစကအနေနဲ့ပြည်တွင်းက ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို တိုင်းပြည်အတွင်းကနေ မောင်းထုတ်တာမျိုး၊ ပိုမိုတင်းကြပ်တာမျိုးနဲ့ အဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေ ဆက်လုပ်လို့မရအောင် ချုပ်ကိုင်တာမျိုးတွေ လုပ်လာ နိုင်ပါတယ်။ 

အာဆီယံနိုင်ငံတွေထဲမှာဆိုရင် နစကအစိုးရအပေါ် သဘောထား တင်းမာပြီး ဆန့်ကျင်ကြတဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံကလွဲရင် ကျန်နိုင်ငံတွေဟာ တရုတ်နဲ့ လေသံတစ်ခုတည်း ထွက်ကြမယ့် အခြေအနေဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်မတိုင်ခင် ရက်ပိုင်းကလည်း နေပြည် တော်ကို ရုရှားကာကွယ်ရေးဝန်ကြီး လာခဲ့သလို နစက ကလည်း ရုရှားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပိုများလာတာရှိပါတယ်။ 

မြန်မာ့အရေးကို အဓိကအားစိုက်ရမယ့် ကိစ္စရပ်အဖြစ် အမေရိကန်ပြည်ထောင်စုကလည်း သဘောထားပုံမရပါဘူး။ ဒါကြောင့်လည်း မြန်မာ့အရေးကိုင်တွယ်ရာမှာ အခြေခံအားဖြင့် တရုတ်နဲ့ အမြင်သဘောထား တူညီတာကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ နိုင်ငံကြီးများ ပါဝင်တဲ့ သံတမန်ခန့်အပ်လွှာစိစစ်ရေးကော်မတီမှာ တရုတ်နိုင်ငံက ကြိုးပမ်းအားထုတ်တဲ့အတိုင်း ဖြစ်လာဖို့များနေပါတယ်။

#အာဆီယံ

အာဆီယံခေါင်းဆောင်များ သီးသန့် အစည်းအဝေး ပြုလုပ်ပြီး ဘုံသဘောတူညီချက် ငါးရပ် ရခဲ့ပါတယ်။ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ အထူးကိုယ်စားလှယ်ခန့်အပ်ထားပြီးမို့ ကုလရဲ့အဖြေမည်သို့ဆိုစေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်အတိုင်း သွားမည့်သဘောရှိသည်။

နစကကောင်စီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသွားနေခြင်းဟု ကြေညာထားသဖြင့် ၂၀၀၈ ခြေဥအရ နစက သက်တမ်းသည် အလွန်ဆုံး ၂ နှစ်ရှိသဖြင့် အာဆီယံအထူးကိုယ်စားလှယ်၏ကြိုးပမ်းမှုသည်လည်း သက်တမ်း ၂ နှစ်အတွင်းသာ ဆောင်ရွက်ရဖွယ်ရှိသည်။ အာဆီယံသည်လည်း အလှည့်ကျဥက္ကဋ္ဌအပြောင်းအလဲရှိသည့်အတွက် ဥက္ကဋ္ဌအပြောင်းအလဲနှင့်အတူ အထူးကိုယ်စားလှယ်အပြောင်းအလဲပါရှိလာပါက နောက်​ဆုံးမှာ နစကကောင်စီ၏ ၂၀၀၈ ခြေဥနှင့်အညီ ရှေ့လုပ်ငန်းစဥ်အတိုင်းဖော်ဆောင်သည့် ရေစီးမှာ မျောပါရင်းသာ အချိန်စေ့သွားနိုင်ပါသည်။

#နစက

ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းကချမှန်ထားသည့် ရှေ့လုပ်ငန်းစဥ်အတိုင်း တစ်စိုက်မတ်မတ်သွားနေသည်မှာ...

ရှေ့လုပ်ငန်စဥ် အမှတ်စဥ် ၁ ပြီးဆုံးလို့ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။
၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၊ မည်သူက ထောက်ခံ ဆုပ်ကိုင်ထားသည်ဆိုစေကာမူ အာဏာအားလုံးကိုချုပ်ကိုင်ထားသည့် နစကအနေဖြင့် ပယ်ဖျက်ပြီး ရွေးကောက်ပွဲရလဒ်ကို အသက်ပြန်သွင်းနိုင်ဖွယ် လုံးဝမရှိပါ။

အာဆီယံအထူးကိုယ်စားလှယ်က ဘုံသဘောတူညီချက် ၅ ရပ်အရ ဆောင်ရွက်ချက်များကို နစကအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဥ်များဘောင်အတွင်းမှသာ လက်ခံပြီးပူးပေါင်းဆောင်ရွက်မည်ဟု သဘောထားထုတ်ပြန်ထားပြီးဖြစ်သည်။

အာဆီယံဘုံသဘောတူညီချက်အရ စေ့စပ်ညှိနှိုင်းရေးဆိုရာတွင် နစကအနေဖြင့် အဂတိမှုများဖြင့် တရားစွဲဆိုထားသည့် တရားခံများ၊ အကြမ်းဖက်အဖွဲ့ဟု ကြေညာထားသူများနှင့်တော့ စေ့စပ်ညှိနှိုင်းရေးလုပ်ရန် လက်ခံမည်မဟုတ်ပါ။

နစကအခြေလှမ်းအနေဖြင့် ကုလက နစက၏ကိုယ်စားလှယ်ကိုအသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ အာဆီယံအထူးကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များအားလည်း သူလုပ်စရာရှိသည့် ရှေ့လုပ်ငန်းစဥ် ၅ ရပ်ကို အောင်မြင်အောင်အကောင်အထည်ဖော်ရင်းရှေ့လုပ်ငန်းစဥ် ၅ ရပ်ကို အထောက်အကူပြုသည့် ကိစ္စများကိုသာလက်ခံရင်း ရှေ့ဆက်လျှောက်မည့်သဘောဖြစ်သည်။

ရှေ့လုပ်ငန်းစဥ် ၅ ရပ်တွင် အမှတ် ၁ ပြီးမြောက်သွားပြီဖြစ်သည်။

အမှတ်စဥ် ၂ လည်းထိန်းချုပ်နိုင်ခဲ့ပြီ။

အမှတ်စဥ် ၃ နှင့် ၄ ကလည်းအကောင်အထည်ဖော်နေပြီ။

အမှတ်စဥ် ၅ ဖြစ်သည့်...

"အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။" ဆိုသည့် လုပ်ငန်းစဥ်အတွက် လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်စေရေးနှင့် ဖြစ်ခဲ့သည့်အမှားမျိုး ထပ်မမှားစေရန် "ပန်းခင်းစီမံချက်" ရေးဆွဲဆောင်ရွက်နေပြီဖြစ်သည်ကိုတွေ့ရသည်။

မည်သည့်အခြေအနေဖြစ်နေစေကာမူ အာဏာအားလုံးကို ချုပ်ကိုင်ထားသည့် နစကကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဥ်များကို သိကြားမင်းဆင်းဖျက်တောင် အပျက်မခံဘဲ ရှေဆက်သွားမည့်သဘောတွေ့ရသည်။

Senior Min Wai
၁၆.၉.၂၀၂၁   ၁၀:၀၃ a.m

#ISP