Thursday, September 16, 2021

#ကမ္ဘာ့စစ်အစမြန်မာက ဖြစ်သွားနိုင်သည်


      CIA သည် ၎င်းနိုင်၏ စစ်ရေးမဟာဗျူဟာအတွက်(မြန်မာနိုင်ငံအပါအဝင်) နိုင်ငံငယ်များတွင် အမေရီကန်၏ ဩဇာခံအစိုးရများ တင်မြောက်ရေးကို နှစ်ရှည်စီမံကိန်းများချမှက်ဆောင်ရွက်လျှက်ရှိသည်။

ခေါင်းမာသောအစိုးများကို နည်းမျိုးစုံသုံးကာ ဖြုတ်ချ၍ ၎င်းတို့ကြိုးဆွဲရုပ် အစိုးရများကိုတင်မြောက်ခဲ့သည်ကို ကမ္ဘာ့ နိုင်ငံအသီသီးတွင် သာဓကများစွာတွေ့နိုင်သည်။

       အရှေ့အာရှ နိုင်ငံများတွင် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးနှင့် နယ်နမိတ်ထိစပ်သောနိုင်ငံမှာ မြန်မာနိုင်ငံသာရှိသည်(တရုတ် နိုင်ငံ၏တစ်ခုတည်း သော လမ်းထွက် ပေါက်လဲ ဖြစ်သည်)။ 

လူဦးရေများပြား၍ နည်းပညာဖွံ့ဖြိုးမှုမြန်လွန်းသော ၎င်းနိုင်ငံ နှစ်ခုလုံးကိုတစ်ပြိုင်တည်း ထိမ်းချုပ်ထောက်လှမ်း နိုင်သောနိုင်ငံသည် မြန်မာနိုင်ငံတစ်ခုတည်းသာရှိသည်။

      အင်အားချိန်ခွင်လျှာထိမ်းညှိရေးမဟာဗျုဟာ
အရ အမေရိကန်သည် မြန်မာနိုင်ငံတွင် စစ်စခန်းတစ်ခု တည်ဆောက်ရေးကို အမေရီကန် သမ္မတ အဆက်ဆက်
ကြိုးပန်းလာခဲ့သော်လည်း ခေါင်းမာလွန်းသော မြန်မာ့တပ်မတော်ကြောင့် အောင်မြင်ခြင်းမရှိခဲ့ပါ။

ထို့ကြောင့် ဥာဏ်များသော ငပွကြီးသည် နောက်တစ်မျိုးကြံစည်ပြန်သည်။ ၎င်းတို့စိတ်ကြိုက်ပုံသွင်းနိုင်သည့် ဒေါ်စု၏ nld ပါတီအစိုးရဖြစ်ရေးအတွက်
ငွေအင်အားပုံအောသုံးကာ နောက်ကွယ်မှအကြံ   ဥာဏ်များနည်းပညာများကူညီခဲ့၏။
#ငါ့ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေ ဆိုသကဲ့သို့
CIA နှင့် OIC ချိတ်ဆက်၍ ဆင်ကြံ ကြံသည်။
( Oic သည်လည်း ဘာသာရေးအကျိုးအမြတ်အတွက် မြန်မာကို ဖြိုချင်နေသည်) 

      တစ်ဖတ်တွင်လည်း KNU KIA ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်များကို နည်းပညာအကူညီပေးခြင်း သင်တန်းများပို့ချခြင်း လက်နက်တပ်ဆင်ပေးခြင်း ငွေကြေးထောက်ပံခြင်းများပြုလုပ်၍ Contro လုပ်နေခဲ့သည်မှာကြာပြီဖြစ်သည်။

သို့သော် ထိုနည်းလမ်းသည် တမ်မတော်အတွက်
အာရုံ အနည်းငယ်နောက်ရုံမှပ မထူးခြားသည်ကိုမူ
US ငပွ ကြီးက ကောင်းကောင်းသိသည်။

 ၎င်းတိုအမှန်အကန်အားထည့်သောဗျုဟာမှာ ဒေါ်စုအာဏာရစဉ် ငါးနှစ်အတွင်း CIAအရိုးအရင်ကျွေး၍ လက်သက်မွေးထားသော NGO များ ပရဟိတအဖွဲ့
များ ဖောင်ဒေးရှင်း များအား နိုင်ငံအတွင်းစိမ့်ဝင် စေ  လျှက် စနစ်တကျသပ်လျို၍ နိုင်ငံပြိုကွဲစေရန်ဖြစ်သည်။ တောတွင်းလက်နက်ကိုင်များနှင့်  ပြည်တွင်းဆူပူမှုကို တစ်ပြိုင်တည်း ဟန်ချက်ညီညီလှုပ်ရှားရန်ဖြစ်သည်။

         အမေရိကန်၏အဓိကရည်ရွယ်ချက်မှာ ၎င်းးတို့အလိုကြ အစိုးရ အာဏာရရှိရေးပင်ဖြစ်သည်။

ထိုအခြေအနေကိုကောင်းစွာသိသော တရုတ်ကြီးသည်လည်း ၎င်းတို့၏ တစ်ခုတည်းသောထွက်ပေါက်ဖြစ်သည် မြန်မာနိုင်ငံအပေါ် စိုးရိမ်စိတ်မြင့်မားလာခဲ့သည်။တောင်တရုတ်ပင်လယ်တွင် တစ်ကမ္ဘာလုံးကန့်ကွပ်နေသည့်ကြားမှ ကျွန်းတုတည်ဆောက်ခဲ့သည်ကိုကြည့်လျှင် တရုတ်တို့၏စိုးရိမ်စိတ်ကိုမြင်နိုင်သည်။

ထိုစဉ်ကလည်း USငပွကြီး ဗျုးဗြဲ လုပ်နေ   သည့်ကြားမှပင် ပေါက်ဖော်ကြီးသည်  ငယ်ထိပ်ကို L ကီးနဲ့တတ်ခေါက်သွားသည်ကို တကမ္ဘာလုံးအသိဖြစ်သည်။

       အကျဉ်းချုပ်၍ပြန်သုံးသပ်ရလျှင် ယခုနီပိန်းတို့
တစ်ကျော်ကျော်ခေါ်နေသော UN R2P ဝင်မလာတော့သည်မှာသေချာပေပြီ။

  တရုပ်နှင့်အပေါင်းအပါနိုင်ငံများ အသည်း အသန် မြန်မာကိုကာကွယ်ပေး နေသည်မှာ လည်း၎င်းတို့၏အမျိုးသားလုံခြုံရေးအတွက်အဓိကဖြစ်သည်။

 နီပိန်းတို့မျော်လင့်သလို အနောက်အုပ်စုများဝင်လာပြီဆိုပါစို့....တရုပ်သည်ထိုင်၍ သာဓုခေါ်နေမည်မဟုပ်သည်ကို သဘောပေါက်ရန်လိုသည်။

နိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားမပါလျှင် ငွေကုန်လူပန်းခံ၍ ဘာတစ်ခုမှလုပ်မည်မဟုပ်ပါ။နိုင်ငံတစ်ကာ ဆက်ဆံရေးတွင် အမြဲတမ်းရန်သူမရှိ အမြဲတမ်းမိတ်ဆွေမရှိ အမြဲတမ်းအကျိုးစီးပွားသာရှိပေသည်။

ပထဝီအနေအထားအရ ကျွန်တော်တို့နိုင်ငံသည် အသုံးချတတ်လျှင် အကောင်းဆုံး....အသုံးမချတတ်လျှင် အဆိုးဆုံးဖြစ်သွားနိုင်သည်။

ကျွန်တော်တို့နိုင်ငံသည် ကမ္ဘာ့ လူဦးရေနှင့် နည်းပညာ အတိုးတတ်ဆုံးနှစ်နိုင်ငံ ( အိန္ဒိယ နှင့် တရုတ်) ကြားမှ တစ်ခုတည်းသောနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ ရုရှား ၊တရုပ်၊ အိန္ဒိယ နိုင်ငံများသည် ကျွန်တော်တို့နိုင်ငံအား အမြဲမပျက်စောင့်ကြည့်လျက်ရှိသည်။

တစ်ထွာလောက်သာကြည့်၍ ပထွေးမျော်သူများသိစေရန်မှာ ကမ္ဘစစ်သည် မြန်မာ့မြေပေါ်တွင် ဖြစ်သွား
နိုင်သည်ကိုကောင်းစွာ သတိပြုဆင်ခြင်နိုင်ကြပါစေ
.........

အဲမြန္ဒယာ
11.9.2021