Friday, October 1, 2021

သုံးစားမရတဲ့ဂုဏ်


       မနေ့က ဦးတိမ်ကနေ  ဟာစီနာနဲ့ ဒေါ်စုလုပ်ရပ်တွေကို နှိုင်းယှဉ်ပြီးပို့စ်တစ်ခုတင်လိုက်တော့ ငှက်လောကတစ်ခုလုံး အုံးအုံးထသွားပါရောလား။ ဒီမှာတင် ထမီခြုံဆရာကြီး ဆွေယုက ဟာစီနာထက် ဒေါ်စုက ဒီအချက်တွေသာပါတယ်ဆိုပြီး ပြောပါတော့တယ်။

      ဒီနေရာမှာ ဟာစီနာထက်သာခြင်း မသာခြင်းကို ကျွန်တော်ဆွေးနွေးနိုင်ခြင်းမရှိပါဘူး။ဘာကြောင့်လည်းဆိုတော့ ဟာစီနာအကြောင်း ဘာမှမသိလို့ပါပဲ။ ဒါပေမယ့်ဆွေယုရေးထားတဲ့ ဟာစီနာထက် ဒေါ်စု သာပါတယ်ဆိုတဲ့ အချက် ၅ ချက်ကိုတော့ ကျွန်တော်စိတ်ဝင်စားမိတယ်ဗျ။ အဲ့ဒီအချက် ၅ ချက်ကိုပဲ ဝေဖန်ဆွေးနွေးချင်ပါတယ်။

၁။  ။ နိုလ်ဘယ်ဆုသာပါတယ် -----------------------------
        ကောင်းပါပြီ ဒေါ်စုရဲ့အားသာချက်ဖြစ်တဲ့ ဒီနိုလ်ဘယ်ဆုကြီးက တိုင်းပြည်အပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်ဘက်ကိုအလေးသာပြီး အကျိုးပေးနေပါသလဲ။ နိုလ်ဘယ်ဆုရထားလို့ဆိုပြီးနိုင်ငံတော်အတွက်  ဘယ်ကနေ ပံ့ပိုးမှု ဘယ်လောက် ရယူနိုင်ခဲ့ပါသလဲ။

      ဥပမာ နိုလ်ဘယ်ဆုအတွက် ကျောင်းဆောင်ဘယ်လောက် တံတားဘယ်လောက် လမ်းဘယ်နှစ်မိုင် အစရှိသဖြင့်ပေါ့ ရခဲ့ပါသလား။ကျွန်တော်သိရသလောက်တော့ အုတ်နီခဲတစ်ခဲတောင် မရဖူးပါဘူး။

    ကောင်းပြီ ဆိုးကျိုးကရော။ ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုဆိုတော့ကာ နေရာတကာ ငြိမ်းချမ်းရေးဆောင်ရွက်လို့ရတယ်ထင်မနေပါနဲ့။ ဘာမှမလုပ်ဘဲ အိမ်ထဲနေရင်းရလာတာပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဦးသိန်းစိန်ကြိုးပမ်းနေစဉ် ငြိမ်းချမ်းရေးလက်မှတ်ထိုးမယ့် လက်နက်ကိုင်တွေကို အလျှင်စလို လက်မှတ်မထိုးသင့်ဘူးလို့ပြောခဲ့တာ ငြိမ်းချမ်းရေး နိုလ်ဘယ်ဆုရှင်ဆိုတော့ကား ဒီဆုနဲ့ထိုက်တန်ပါသလား။

     အဲဒီအမှားရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် သူအာဏာရပြီးတော့ သူပုန်ပေါင်းစုံ ယခင်ကထက် ထကြွသောင်းကျန်းလာပြီး ထိန်းမရဖြစ်လာနေပါတယ်။ နိုလ်ဘယ်ဆုရှင်ကြီးမျက်နှာရစေဖို့ ခိုးဝင်တွေအတွက် ရေမီးအစုံနဲ့လေထီးခုန်နိုင်အောင် ပြည်သူ့ငွေတွေသုံးပြီး စားဝတ်နေရေးဖြည့်ဆည်းပေးရတဲ့ဘဝကို ရောက်ရှိခဲ့ရပါပြီ။

        ဒါကြောင့် ဒီနိုလ်ဘယ်ဆုဆိုတာ သူ့ရဲ့ ပုဂ္ဂိလိကအကျိုးကိုသာဖော်ဆောင်နိုင်ပြီး တိုင်းပြည်အတွက် ဆိုကျိုးများကိုသာရရှိစေတာမို့ ပြည်သူလူထုအတွက်တော့ တန်ဖိုးလုံးဝမရှိပါဘူး။

၂။   ။ပညာရေးဘွဲ့
-----------------
       နဝေတိမ်တောင် လူအထင်ကြီးအောင် ရေးမနေပါနဲ့။အောက်စဖို့ဒ် တက္ကသိုလ်ကနေ သာမန် BA ဘွဲ့ကို  အညံ့စား တတိယတန်းကနေရလာတာပါ။ တတိယတန်းဆိုတာ ကျောင်းလခ မှန်မှန်ပေးရင် အောင်ပြီး ကျောင်းလခ မှန်မှန်မပေးနိုင်ရင် စာမေးပွဲ ကျတဲ့အဆင့်ပါ။ တော် မတော် ချင့်ချိန်ကြည့်ပေါ့။

      စပ်မိလို့ ထပ်ပြောရမယ်ဆိုရင် ကုလဝန်ထမ်းလုပ်တဲ့ကိစ္စ။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ကုလဝန်ထမ်းဆိုတာ ကုလသမဂ္ဂကနေတိုက်ရိုက်ခန့်တဲ့ နေ့စားဝန်ထမ်းမဟုတ်ဖူး။တင်ဒါခေါ်ပြီး တင်ဒါအောင်တဲ့ကုမ္ပဏီကနေခေါ်ထားတဲ့ဝန်ထမ်းအဆင့် တင်ဒါသက်တန်းက ၂ နှစ်ပဲ။

      ဒီလိုသာမန်ဘွဲ့ပဲရထားပြီး အနောက်မျှော်ရောဂါစွဲ အနောက်အထင်ကြီးရောဂါ စွဲကပ်နေလို့ အနောက်ကအကြံပေး ၉၀ ကျော်ငှါးပြီးလုပ်လိုက်တာ တစ်တိုင်းပြည်လုံး ချွတ်ခြုံကျတဲ့အဆင့်ထိရောက်တော့တာပဲ။ ဒီတော့ သူ့ပညာရေးကလည်း တိုင်းပြည်အတွက် အဆိပ်တစ်ခွက်ထက် မပိုလှပါဘူး။

၃။   ။ဆုတံဆိပ်နဲ့ဂုဏ်ထူးဘွဲ့ထူး
------------------------------

       မိမိရဲ့ကျောင်းတွေ အဖွဲ့အစည်းတွေကို ကြေညာနိုင်အောင် လတ်တလော နာမည်ကျော်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆုတံဆိပ်တွေ ပေါပေါသီသီပေးပြီး ကြောညာလေ့ရှိတာ သူတို့စီးပွါးရေးပါပဲ။မြန်မာနိုင်ငံမှာ ၁၀ တန်းကို
တစ်နိုင်ငံလုံး ပထမနဲ့အောင်မြင်သူတိုင်း ဘရင်း ကြက်ပေါင်းရည် သောက်ကြသည်ဆိုတာမျိုးပါ။

       ဒီလိုအပေါစားဆုတံဆိပ်တွေ  အတုအယောင်ဂုဏ်ထူးဆောင် (တကယ်မတတ်ဘဲ)PhDဘွဲ့တွေကရော တိုင်းပြည်အတွက် ဘာထူးခြားလာလို့လဲ။ ဂုဏ်ထူးဆောင် PhDတစ်ခုကို ဆေးရုံတစ်ရုံ ဆုတံဆိပ်တစ်ခုကို ကျောင်းဆောင်တစ်ဆောင်ဆိုလည်း ဟုတ်တုတ်တုတ်။ 

      ဒီတော့ ဒီလိုဆုတံဆိပ်တွေ ဘွဲ့တွေဆိုတာကလည်း တိုင်းပြည်အတွက် သူများအဝတ်အစား ငှါးဝတ်ပြီး ကြွားနေတဲ့အဆင့်ပါကွာ။ သူမကျေနပ်တာနဲ့ ငါ့ဟာပြန်ပေးဆိုပြီး လုပ်နေတာ မျက်မြင်ပဲလေ။ အပေါစားသုံးစားမရတဲ့ဟာတွေလို့ ယူဆပါတယ်။

၄။   ။အင်္ဂလိပ်စကားပြော
------------------------

       အင်း ဒါကိုပဲ အလုပ်တစ်ခုလိုပြောနေရအောင် အခြားအရည်အချင်းမရှိတော့ဘူးနဲ့ တူပါရဲ့။ နိုင်ငံခြားရေးဌာနမှာပဲ သူ့ထက် E စကေးမြင့်သူတွေ ရိုက်သတ်လို့မကုန်ဘူး။၄/၅ ဘာသာ တတ်သူတွေအများကြီး။ အောက်စဖို့ဒ်ကျောင်းဆင်းကြီး ကုက္ကိုပင်မေ့နေလို့ ခိုခိုထရီးဆိုပြီး ဖြီးဖြဲချတာ မေ့နေပြီလား။ 

     ကုန်ကုန်ပြောမယ် တိုးရစ်နဲ့အော်ဒါလိုက်နေတဲ့ ဖာသည်မတောင် အီး လိုပြောတတ်တယ်။ ဒါကတိုင်းပြည်အတွက်အရေးမပါတဲ့ အရည်အသွေးပဲ။

၅။  ။ နိုင်ငံရေးအောင်မြင်မှု
--------------------------

         သူရေးတာကတော့ ဟာစီနာက အစမူလတုန်းက မအောင်မြင်ဘူး နောက်မှအောင်မြင်လာတာပေါ့လေ။ ဒေါ်စုကတော့ ၁၉၉၀မှာရော ၂၀၁၅ မှာရော အောင်မြင်ခဲ့တယ်ပေါ့။

    ကဲ အောင်မြင်မှုကတော့ ငြင်းစရာမရှိပါဘူး မိတ်ဆွေရေ့။
 ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် အောင်မြင်ချိန်မှာ တိုင်းပြည်အတွက် ဘာများလုပ်ပြနိုင်သလဲဆိုတာ ပိုအရေးကြီးပါတယ်။

        ကဲ ဒေါ်စုတစ်ယောက် အဲ့ဒီလို အောင်မြင်မှုတွေကြောင့် သူ့ကို အစဉ်တစ်စိုက် အားကိုးမျှော်လင့်ခဲ့တဲ့ပြည်သူတွေအပေါ် ဘယ်လိုများ အကျိုးများအောင် ဆောင်ရွက်ပေးနေပါသလဲ။ ရခိုင်ပြသနာ ပြည်သူနဲ့ဆန့်ကျင်ဘက်။

         ခိုးဝင်တွေအတွက် အိမ်ဆောက် ကျောင်းဆောက် ဗလီဆောက်  အာရဗီကျောင်းဖွင့် ဆန်ဆီဆားအဆင်သင့်ပေး ကလေးမွေးဖို့တောင် ၂နှစ်သားအထိ တစ်လကို ၃၀၀၀၀ိ/ထောက်ပံ့မှုပေးတဲ့မူဝါဒ ။ ထားပါ ရေးလို့လည်း ကုန်မှာ မဟုတ်ပါဘူး။

     ၈၇%သော ဗုဒ္ဓဘာသာဝင်တွေရဲ့ မဲ နဲ့ အာဏာရလာတာကိုပဲ ဗုဒ္ဓဘာသာကို အားနည်းအောင် လုပ်ရမယ်ဆိုပြီး မဘသ ကိုဖြိုခွဲ  ဓမ္မစကူးလ်တွေ ချိနဲ့အောင်လုပ် ဘက ကျောင်းတွေတောင်ပိတ်ပြစ်ဖို့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့  မြိုင်မြိုင်ဆိုင်ဆိုင် လုပ်ပြရင်း နိုင်ငံရေးအောင်မြင်မှုရရှိအောင် ပံ့ပိုးခဲ့ရတဲ့ ဗုဒ္ဓဘာသာတွေကို ကျေးဇူးဆပ်ပြနေတာ မေ့မရပါဘူးဗျာ။

      ကဲ ဒီတော့ သူ့ရဲ့နိုင်ငံရေး အောင်မြင်မှုကလည်း တိုင်းပြည်အတွက် ဘာသာ သာသနာအတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်နေတာ လက်တွေ့ပါပဲ။

 ...​.ဆွေယုပြောပြခဲ့တဲ့ ဒေါ်စု နဲ့  ဟာစီနာရဲ့ အားသာချက်ပြိုင်ပွဲမှာ ဒေါ်စုက ပိုမိုသာလွန်ပါတယ်ဆိုတဲ့ အချက် ၅ချက်မှာ ဘယ်အချက်ကမှ မြန်မာတိုင်းရင်းသားတွေရဲ့အကျိုးကို မဖော်ဆောင်နိုင်တာမို့ ကျွန်တော်တို့တိုင်းပြည်အတွက်တော့ သုံးစားမရတဲ့ ဂုဏ်တွေပါပဲ။

    နောက်ဆုံး ကောက်ချက်ချရမယ်ဆိုရင် တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ် မိမိလူမျိုးအကျိုးစီးပွားအတွက် ဆောင်ရွက်တဲ့နေရာနဲ့ အမျိုးဂုဏ်စောင့်ထိန်းတဲ့ နေရာမှာတော့ ဟာစီနာရဲ့ ခြေဖဝါးအောက်က သဲမှုန့်တစ်စလောက်တောင် ဒေါ်စုမမှီတာ 100% ပဲ။

(NLD လော်ဘီ အကြီးစား ဆွေယု စွေ့စွေ့ခုန်ပြီး အိမ်ကွင်းမှာ လာ မန့် ရတဲ့ ပို့စ် ၊ သူအိမ်ကွင်း ကိုယ်သွားကန်တော့ အလုပ်များလို့ ဆိုပြီး လစ်သွားတဲ့ ထမီခြုံဆရာကြီး အား အမှတ်တရ ပြန်တင်လိုက်ပါတယ်) 

         ကိုရွှေမျိုးဝင်း

(NLD လော်ဘီ ဆိုတာ ကိုယ်ညံ့တာ မသိဘူး သူတပါးကို အပြစ်တင်ဖို့ပဲ အားသန်နေတဲ့ ငတုံးတွေပါ)