Friday, October 1, 2021

"မေတ္တာ နဲ့ အုပ်ချုပ်ခဲ့တုန်းက လက်နဲ့တောင် မရွယ်ဖူးဘူး" လို့ ဒေါ်စုသားသမီးတွေ ပြောခဲ့တာတွေကို ကြားဖူးခဲ့တယ်မလား....


ဗမာတွေက အကြွားသန်တယ်တဲ့....
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ကြီးက ပြောခဲ့တာ....
တကယ့်လက်တွေ့မှာတော့....
တိုင်းရင်းသားတွေရဲ့ အမြင်မှာ
ဗမာလူမျိုးကြီးဝါဒဆိုတဲ့ အမြင်ကို ပိုခိုင်မာအောင်
ကိုယ့်အဖေရုပ်ထုတွေကို ပြည်နယ်တိုင်းမှာ
စိုက်ထူစေခဲ့တယ်....

လက်မခံဘဲတားမြစ်တဲ့ ပြည်နယ်တွေကို
အကြမ်းဖက်ဖြိုခွဲတာတွေ ဆောင်ရွက်ခဲ့ကြတယ်....
ဒီလိုဖြစ်ရပ်တွေကို ချောင်းဆုံတံတားဖြစ်စဉ်၊
ကယားပြည်နယ်က
ဗိုလ်ချုပ်ရုပ်ထုလက်မခံတဲ့ဖြစ်စဉ်နဲ့
ရခိုင်ပြည်နယ်က ဆန္ဒပြတဲ့သူတွေကို
တနေ့တည်း လူ(၇)ဦးသေစေတဲ့အထိ
ဖြိုခွဲတာတွေ လုပ်ခဲ့ဖူးတယ်......
ကယားပြည်နယ် နဲ့ ရခိုင်ဖြစ်စဉ်တွေရဲ့
အရေးအခင်းသတင်းပိုစ့်တွေအောက်မှာ....
"ရာဘာကျည်နဲ့မပစ်နဲ့ ကျည်ဆံအစစ်နဲ့ပစ်ပါ"ဆိုတဲ့အထိ
ကိုယ်ကိုးကွယ်တဲ့ အစိုးရအပေါ်မှာ
ဖုံးဖိ၊ ဖာပေးခဲ့ကြတယ်.....

တကယ်တော့
ကယားပြည်နယ်ဖြစ်စဉ်ဆိုတာ
ပြည်နယ်အစိုးရရဲ့
အာဏာနဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး
အာဏာရှင်ဆန်ဆန် ဆောင်ရွက်ရင်းက
တိုင်းရင်းသားတွေနဲ့ NLD အစိုးရကြား
ကြီးမားတဲ့ ပြသနာ အဖုအထစ်
တက်ခဲ့တာလည်းဖြစ်တယ်။

တချိန်တုန်းကတော့....
ဆန္ဒပြကရင်နီလူငယ်တွေကို
"သေအောင်ပစ်သတ်လိုက်"၊
"ကျည်အစစ်နဲ့သာ ပစ်သတ်လိုက်"လို့ဆိုခဲ့ကြပေမဲ့
လက်ရှိအချိန်မှာတော့....
NLD ပါတီထောက်ခံသူတွေရဲ့ ဝါဒမှိုင်းတွေအောက်ကို
ရောက်သွားခဲ့တဲ့ ကယားပြည်နယ်ထဲက
ဒီမောဆိုး၊ ကုန်းသာ တဝိုက်တွေဆိုတာ...
"စစ်တလင်းပြင်"ဖြစ်ခဲ့ရပါပြီ....

#ဖိုးစီ