Saturday, October 2, 2021

ကင်ညာ နိုင်ငံမှာ စာရေးတတ် ဖတ်တတ်ကာစ ခလေးလေးက စာတန်းလေး (၃ ကြောင်း)ပါတဲ့ ဒီကဗျာလေးရေးခဲ့တယ်....

အဲ့ဒီ ကဗျာလေး ကို....
ကဗျာအဖွဲ့အစည်းက ဒေါ်လာသုံးသန်း ဆုချ ခဲ့ပါတယ်။
👏👏👏👏👏👏👏👏👏

I was born in black.
So....
I am black. တဲ့။

ငါ လူမဲတွေ ကြားမှာ မွေးဖွားခဲ့တယ်။
ဒါကြောင့်...
ငါ မဲ တယ် .....  တဲ့။

ဒီကဗျာက အသားအရောင်တစ်ခုတည်းအပေါ်မှာ သက်ရောက်တာ မဟုတ်ပဲ ....
လူမူ့ရေး ...
ဘာသာရေး ....
ပညာရေး....
အကုန်လုံးအပေါ်သက်ရောက်ပါတယ်....

💠 လူမဲက မွေးရင်.....
အရင်ဆုံးတော့ လူမဲ လေးဖြစ်မှာပေါ့....
💠 အစ္စလာမ်က မွေးရင်...
အရင်ဆုံး အစ္စလာမ်လေးဖြစ်မယ်....
💠 သူဋ္ဌေးကမွေးရင်...
အရင်ဆုံး သူဋ္ဌေးလေးဖြစ်မယ်....
💠 အိမ်ခြေရာခြေ မရှိသူက မွေးရင်...
အရင်ဆုံးတော့ အိမ်မဲ့ရာမဲ့လေး
ဖြစ်နေမယ်....
💠 မ.ဘ.သ ဆရာတော်ရဲ့ 
မိဘ မဲ့ကျောင်းမှာ ကြီးပြင်းရင်...
အဲ့ဒီခလေး မဘသ ဆရာတော်ကို ချစ်မယ်.....
💠 စစ်တပ်ထဲ ကြီးပြင်းလာတဲ့ ခလေးက .....
တပ်မတော်ကို သံယောဇဉ်ရှိမယ်.....
💠 စစ်ထောက် လှမ်းရေးက ခေါ်ပြီး....
အထု အနှက်ခံရ ဘူးတဲ့လူကတော့...
စစ်အစိုးရကို မုန်းမယ်.....

ဒါ ဘာထူးဆန်းလဲ???

နောက်မှသာ....
အကြောင်းအမျိုးမျိုးကြောင့် 
လူအနည်းငယ်ဟာ ပြောင်းလဲကောင်း ပြောင်းလဲသွားမယ်... 
အရင်ဆုံးတော့....

I was born in black.
So...
I am black. ပါပဲ။

ဒါ ဟာ ဘယ်သူမှ ငြင်းမရ တဲ့အချက်ပါပဲ....
...........................................
ပညာရေး ကွာတာတွေ...
စာဖတ်အားကွာတာတွေ...
ခဏ ထားလိုက်ပါဦး....

ဘာစာမှမဖတ်တတ် သေးတဲ့ လေးနှစ်အရွယ် ...
ဆင်းရဲတဲ့ခလေးနဲ့ ချမ်းသာတဲ့ ခလေးတောင်....
ဘဝ အခြေအနေကွာရင်....
တွေးပုံလဲကွာပါတယ်....💯

စိတ်ပညာရှင်က ပန်းချီကား တစ်ကားကို ယူလာတယ်။
ပန်းချီကားထဲမှာ...
ထမင်းစားပွဲဝိုင်းမှာ ခလေးက အော်ငို နေတယ်။
ရှေ့မှာ ထမင်းပန်းကန်ချထားတယ်။
အမေက ဆူနေတဲ့ပုံ  ပါတယ် ဒါပါပဲ.....

အဲ့ဒီ ပန်းချီကားကို အရမ်းချမ်းသာတဲ့ လေးနှစ်အရွယ် ခလေးလေးကိုပြပြီး....
ဘာအကြောင်းလဲလို့ မေးတယ်။ 

ချမ်းသာတဲ့ခလေးက ပြန်ဖြေတယ်...
" ထမင်းကျွေးနေတာကို ခလေးက မစားလို့ အမေက ဆူနေတာပါတဲ့"....
............................................
စိတ်ပညာရှင်က 
မီးပွိုင့်မှာ ဂျာနယ်ရောင်းတဲ့ သားအဖဆီသွားပီးထပ်မေးတယ်။ ကလေးက၊ လေးနှစ်အရွယ်ပါပဲ....

ခလေးက ပြန်ဖြေတယ်။
" ဗိုက်ဆာလို့အော်နေတဲ့ခလေးကို သူ့အမေက. ထမင်းမရှိသေးဘူး.....
နင့်အဖေ ပြန်လာမှ ချက်ရမှာ လို့ဆူနေတာပါတဲ့ ''...
...........................................
ပန်းချီကားကတော့ ဒီပန်းချီကားပါပဲ....
ဒါပေမယ့် အဲ့တာကို မြင်ပုံကျတော့ မတူကြပါဘူး....

ဒါတောင် ကျောင်းမတက်ရသေးတဲ့ လေးနှစ်အရွယ် ခလေးတွေကိုမေးတာပါ။

ပညာ အရည်အချင်းရော... အတွေ့အကြုံရော.... 
မတူတဲ့ လူတွေဆိုရင်...
ဘဝပန်းချီကားကို ရူမြင်သုံးသပ်ပုံက....
ဘယ်လောက်တောင်ကွာ လိုက်မလဲ????

စီးပွားရေး....
ပညာရေး...
နိုင်ငံရေး အားလုံးပေါ့...

ဘဝ အတွေ့အကြုံမတူရင်... 
ဖြတ်သန်းကြပုံမတူညီရင်....
တွေးပုံ၊ ကြံပုံ၊ ဆုံးဖြတ်ပုံ၊ 
ယူဆပုံ ဘယ်လို လာတူမှာလဲ...???

ပြည့်ဝတဲ့ နှလုံးသားရှိချင်ရင်...
အယူအဆ မတူတာကို လက်ခံနိုင်စွမ်းရှိရပါမယ်.....

ဘာလို့လဲဆိုတော့....
I was born in black.
So...
I am black. ပါပဲ....

အဲ့တာလေးကို လက်ခံတတ်သွားရင်....
အမြင်မတူသူကို မကြည်ဖြူခြင်းတွေ... 
လျော့သွားပါလိမ့်မယ်။

😊

#crd
#k.t.m