Saturday, October 2, 2021

�#အလွန်မိုက်မဲလွန်းလှတယ်


ပြုပြင်ပြောင်းလဲရေးလုပ်လာရင်
ဘယ်သူအစိုးရဖြစ်ဖြစ်
ရှောင်နိုင်၊ ဆောင်နိုင်အောင်လို့
" စီးပွားဖျက်သူလျှို "စာအုပ်ကို (၂၀၀၈) ထဲက
ရေးခဲ့ပါတယ်၊ (၂) အုပ်ဖြစ်ပြီး(၂၀၁၀) မှာ
ဒုတိယအုပ်ရေးပါတယ်၊

ဒေါ်စုရဲ့ အနီးကပ်စီးပွားရေးအကြံပေးဖြစ်တဲ့
Sean Turnell ရှောင်တာနယ်လ် ရဲ့လုပ်ရပ်ကို
လေ့လာရင်.... တကယ့်စီးပွားဖျက် သူလျှို
Economic Hitman ဖြစ်နေတယ်ဆိုတာ
တွေ့ရလိမ့်မယ်၊

ဒေါ်စုအနေနဲ့ မသိလို့ခေါ်သုံးခဲ့တာလား
သိလျက်နဲ့ တမင်ခေါ်သုံးတာလားကိုတော့
သူမကိုယ်တိုင်ပဲ သိပါလိမ့်မယ်၊
( နိုင်ငံရှေ့ရေးအတွက်တော့ သင်္ခန်းစာ
ဖေါ်ထုတ်မှုရယ်သမိုင်းအမှန်ပေါ်ဖို့ရယ်အတွက်
" သိလျက်-မသိလျက်"
ကိုတော့ ဖေါ်ထုတ်သင့်တယ် )

..................

စီးပွားဖျက်သူလျှို စာအုပ်ထဲမှာ
ဗီယက်နမ်ကို ဖျက်ဆီးပြီးတာ့ အင်ဒိုနီးရှားကို
ဖျက်ဆီးဖို့ ကြိုးစားကြတယ်၊
စီးပွားရေးပညာရှင်တွေအနေနဲ့ ဝင်လာပြီး
နိုင်ငံရဲ့ စီးပွားရေးကို ကမောက်ကမဖြစ်အောင်၊
အကြွေးထူအောင်လုပ်ပြီး ထိမ်းချုပ်တဲ့စနစ်
အသုံးပြုကြတယ်၊

စီးပွားဖျက်သူလှိုတဦးရဲ့ (လုပ်ကြံတဲ့) ထောက်ခံမှုဟာ
ဘယ်လောက်အထိ "တာ" သလဲဆိုရင်...
ကမ္ဘာ့ဘဏ်၊ IMF တို့ကတာဝန်ရှိသူတွေတောင်
လွန်ဆန်လို့မရဘူး၊ လွန်ဆန်လို့မရအောင်လဲ
အမေရိကန်က ချိတ်ဆက်ထိမ်းချုပ်ထားတယ်၊
ဘယ်လောက်များ ကြောက်စရာကောင်းသလဲ ?

..................
ဒေါ်စုဟာ
UN မှာ သာမန်စာရေးလောက်ပဲလုပ်ဘူးခဲ့သူဆိုတော့
တကယ့်စီးပွားရေး၊ နိုင်ငံရေးတွေအကြောင်း
သိနိုင်ဖို့ အခွင့်အရေးမရခဲ့ဘူးဖူး။
လွန်ခဲ့တဲ့ သူမအစိုးရ (၅) နှစ်တာကာမှာ
စီးပွားရေးနဲ့ နိုင်ငံရေးအကြောင်းကို "နည်းနည်း"
သိရင်တောင်မှ.... လာမဲ့ (၅) နှစ်သက်တမ်းအတွက်
မဲခိုးစရာမလိုပဲ.... မှန်မှန်ကန်ကန် အသာလေး
အစိုးရထပ်ဖြစ်နိုင်တယ်၊

ဘာကိုမှမယ်မယ်ရရ၊ ထဲထဲဝင်ဝင်မသိလေတော့
အစိုးရဖြစ်ဖို့ မဲခိုးရတာတွေဖြစ်လာတယ်၊
(၅) နှစ်တာကာလအတွင်း... သူမပြောတာတွေကို
ကြည့်ရင်.... " မိန့်ခွန်း" အဆင့်တခုမှမတွေ့ရသလို
စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ မူဝါဒ၊ ပရိယာယ်
ကိုလည်း နည်းနည်းမှမတွေ့ရဘူး။

စီမံအုပ်ချုပ်ရေးဆိုင်ရာမှာလည်း
သာမန် Planning အဆင့်တောင်မတွေ့ရပဲ လက်တန်း
သဘောတွေချည့်တွေ့နေရတယ်၊
Management level မဆိုထားနဲ့ Administration levelမှာတောင်.... အခြေခံအဆင့် သိထားပုံမပေါ်ဘူး၊

အရာရာမှာ အားနည်းပေမဲ့ Popularity က
ဖေးမ နေတာရယ်၊ သူ့မကြောင့် ရာထူးနဲ့
လုပ်ပိုင်ခွင့်ရနေတာတွေကြောင့် အောက်ကလဲ
ကြိတ်မှိတ် ရောချနေတာကြောင့်၊ နောက်ဆုံး
ပျက်စီးရာလမ်းကြောင်းကိုရောက်တော့တာပါပဲ၊

...................

သင်္ခန်းစာတွေ အများကြီးပါ

အဆိုးဆုံးက....
" Will “ ဆိုတဲ့ ဆန္ဒစေတနာပါ၊

ရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား
အကြံပေး (၁၀၀) ကျော်ကို ဘာကြောင့် သုံးခဲ့တာလဲ ?

( #ဒီအပိုင်းက အရေးကြီးတယ်၊ သာမန်ငွေကြေး
ခြစားမှုက နိုင်ငံတိုင်းမှာရှိတတ်လို့၊ ခွင့်လွှတ်လို့
ရပေမဲ့၊ နိုင်ငံပျက်စီးစေဖို့နဲ့ အတွင်းသတင်းတွေ
ပေါက်ထွက်စေဖို့အတွက် ရည်ရွယ်တာဆိုရင်တော့
သမိုင်းတခု အနေနဲ့ မဖြစ်မနေဖေါ်ထုတ်သင့်တယ် )

ကျွန်တော့်လေ့လာမှုအရပြောရရင်
ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ Economic Hitman တွေ
အများဆုံးလက်ခံထားတဲ့နိုင်ငံလို့သုံးသပ်တယ်၊

ခေါင်းဆောင်ကောင်းတယောက်အနေနဲ့
မသိလို့ခေါ်သုံးမိရင်တောင်မှ #နိုင်ငံချစ်စိတ်နဲ့
သတိထားကြည့်သင့်တယ်၊ မပေါ်စရာမရှိပါဘူး၊
အခြားအကြောင်းတွေနဲ့ ဆက်စပ်ကြည့်ရင်
Will မှာကိုက ရည်ရွယ်ချက်ရှိတယ်ဆိုတာပေါ်တယ်၊
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းနဲ့ အခြားတရားမဝင်
ငွေသုံးစွဲမှုတွေကို ဖေါ်ထုတ်လိုက်ရင်
ရည်ရွယ်ချက်အစစ်အမှန်ဟာ မပေါ်လို့ကို မရတော့ပါဘူး၊

အတော်အသင့်သိထားသူတယောက်အနေနဲ့
ရေးရမယ်ဆိုရင်.....
#ဒေါ်စုအတော်မိုက်လုံးကြီးရက်စက်တယ် လို့ပဲ
အတိုဆုံးပြောရပါလိမ့်မယ်၊။

#Credit Dr.Nay Zin latt


Related Posts:

  • #ဘယ်သူမပြုမိမိမှု30-10-2021ဟားခါးနဲ့ ထန်တလန်ကြားက သီးမစ်တံတားကိုPDF CNA CNF တွေ ဖောက်ခွဲဖျက်ဆီးခဲ့တာမှတ်မိကြသေးလားဗျ...ယခုလ ၂၁ ရက်နေ့ကပါ...ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ဗီဒီယိုကိုသေသေချာချာရိုက်ထားပြီး မီဒီယာပေါ်တင်ခဲ့ကြတယ်....အဲ့အချိန်က ဘယ်သူတွေ ပျေ… Read More
  • ရေးခဲ့ဖူးတဲ့ အကျိုးတရား တပ်မတော် ရဲ့ စေတနာ        လေးထောင့်ကန် စစ်မှုထမ်းဟောင်း အိမ်ရာအား စစ်မှုထမ်းဟောင်း မြို့အဖြစ် တိုးချဲ့တည်ဆောက်နေပါပြီ ။          စစ်မှုထမ်းဟောင်း သား သမီးများ အလုပ်အကိုင်ရစေရန် အသေးစား ၊ အလတ်စား စက်မှု လက်မှု လုပ်ငန်းများလည်း တည်ဆောက်ပေးပါမည်… Read More
  • စစ်ကိုရှောင်ရှားပါထန်တလန်မြို့လေးမှာ ခုလိုစစ်မီး‌လောင်နေတာ နိုင်ငံတော်ကို ချစ်မြတ်နိုးသူတိုင်း စိတ်ထိခိုက်ခံစားရပါတယ်။စစ်ဆိုတာ မဖြစ်ကြတာ အကောင်းဆုံးပါ။တကယ်လို့ NLDများ ဖြစ်ချင်သလို ပြည်ပကျူးကျော်စစ်ကြီး ဖြစ်ခဲ့ရင် တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတ… Read More
  • ထန်တလန်မီးလောင်မှုရဲ့ တရားခံ ဘယ်သူလဲတစ်ခုခုမကောင်းတာ ဖြစ်လာပြီဆိုတာနဲ့ စစ်တပ်ကိုပဲ တဖက်သပ်အော်နေကြသလိုပဲ အခုထန်တလန် မီးလောင်မှု ကိစ္စမှာလဲ ဓာတ်ပုံတွေ ချက်ချင်းရိုက်ပြီး စစ်တပ်က လုပ်တာဆိုပြီး အော်နေကြပြန်ပီ ဟားခါးနဲ့ ထန်တလန်ကြားက သီးမစ်တံတားကို PDF CNA CNF တွေ … Read More
  • ဒေသခံ PDF အဖွဲ့၏ လက်ချက်ဖြင့် သူရဦးရွှေမန်းပါတီမှ မတ္တရာမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ဇနီးဖြစ်သူတို့ လုပ်ကြံခံ ရ၍ သေဆုံး…………………………………………………………မန္တလေး၊ အောက်တိုဘာ ၂၉ (People Media)မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှ ပြည်သူ့ကောင်းကျိုးဆောင်ပါတီ UBP မှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်း ထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူတို့သည် မနေ့က ဒေသခံ PDF အဖွဲ့၏ လက်ချက်ဖ… Read More