Monday, October 25, 2021

#သစ္စာရှင်အိမ်စောင့်ကြီး!🇲🇲


#ရွာတစ်ရွာမှာ သူဌေးမိသားစုတစ်စုဟာ
  ဘုရားဖူးထွက်လိုတာကြောင့် ခြံစောင့်
  လူယုံဇနီးမောင်နှံကို အိမ်ကိုသေချာစောင့် ကြည့်ဖို့
  မှာထားခဲ့တာပေါ့!---ခြံထဲကိုလည်းဘယ်သူ့မှအဝင်
  မခံနဲ့လို့သေချာအထပ်ထပ် မှာခဲ့တယ်။
#နောက်တစ်လလောက်အကြာ ရွာပြန်
ရောက်တော့ သူတို့အိမ်နေရာမှာ ပြာပုံ
အတိ သာတွေ့ရတော့တယ်။
#ဒါနဲ့ အိမ်စောင့်ထားခဲ့သူကို မေးတော့
 ဟုတ်ကဲ့---ကျွန်တော်ကျွန်မတို့ သေချာ
 စောင့်ကြည့် နေခဲ့ပါတယ်။ 
"#မနက်(၄)နာရီလောက်မှာ အိမ်နောက်ဖက်က
  စလောင်ပါတယ်။ မီးလောင်တာသိတော့
  ရွာသားတွေ မီးသတ်ဖို့လာကြပါသေးတယ်။"---
 သခင်ကြီးက ခြံထဲဘယ်သူ့မှ ပေးမဝင်နဲ့မှာထားတာ
 မို့ ဘယ်သူ့မှအဝင်မခံပါဘူး!--လို့ပြန်ပြောတယ်။
#အိမ်ရှင်က
       "မီးလောင်နေတာမင်းက မီးမသတ်ဘူးလား"
 မေးတော့!---
       "သခင်ကြီးက အိမ်ပဲ သေချာစောင့်ကြည့်ဖို့မှာခဲ့
        တော့!---ကျွန်တော်တို့လင်မယား--မီးမသတ်ပဲ
       အိမ်ကိုသေချာ ထိုင်ကြည့်နေခဲ့တာပါ---သခင်ကြီး
       လာရင်သေချာပြောနိုင်ဖို့ပါ---မီးကမနက်(8)နာရီ
      လောက်မှာ တစ်အိမ်လုံးလောင်လို့ကုန်သွားပါတယ်။"

#အိမ်ပိုင်ရှင်သူဌေးကြီးလည်း ဘာပြန်ပြောရမှန်းမသိ
  အလွန်ရိုးသားဖြောင့်မတ်၍ စည်းကမ်းဥပဒေကိုလေး
  စားလိုက်နာ လွန်းသော
 
     "#အိမ်စောင့်ကြီး"   
                                   ကိုသာ အံ့ဩစွာကြည့်နေရပါ
တော့တယ်။

#ဦးသက်နိုင်ဦး