Monday, October 25, 2021

#ဗိုလ်ချုပ်မှူးကြီးကပြောတယ်!


#ဒီမိုကရေစီလမ်းကြောင်းပေါ်မှာပဲသွားနေတယ်။
#ဒီမိုကရေစီသဘောအရ ဆန္ဒပြမှုတွေကတော့ရှိ
 နေဦးမှာပဲတဲ့။ 
#ဒီမိုကရေစီအခွင့်အရေးအရဆန္ဒပြတာတွေကိုသူ
 ခွင့်ပြုထားတဲ့ အခြေအနေမျိုးပါ။
#ဒါကို ကျွန်တော်လည်း (100%)ထောက်ခံပါတယ်။

#ဒီနေရာမှာသတိပြုသင့်တာရှိပါတယ်။
#ဒီမိုကရေစီလူ့အခွင့်ရေးသဘောအရ လွတ်လပ်စွာ
  ဆန္ဒထုတ်ဖော်ခွင့်ဆိုတာ အခြားပြည်သူ၊ပတ်ဝန်းကျင်
  ကိုမထိခိုက်စေသော #ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်
 မျိုးပဲ ဖြစ်သင့်တာပေါ့။
#ငြိမ်းစုစီ ဥပဒေကြီးက ဘယ်အမှိုက်ပုံထဲရောက်သွား
   တာလဲ။
#ဆန္ဒပြချင်ရင် ငြိမ်းစုစီ ပြဌာန်းချက်တွေနဲ့ အညီပြခွင့်
 ပေးတာကောင်းပါတယ်။အဲ့လိုစနစ်တကျ ခွင့်ပြုကြောင်း
 ကြေငြာချက်ထုတ် သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ ဥပဒေ
 စည်းမျဉ်းသတ်မှတ်ချက်တွေ အတိုင်းမဟုတ်ဘဲ ဆန္ဒပြ
 ရင် ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်းကြေငြာလေ။

#အခုမြင်နေရတာ ဒီမိုကရေစီလူ့အခွင့်ရေးအရ ဆန္ဒပြ
 တာနဲ့မတူဘဲ တိုင်းဆူပြည်မှောက် လုပ်နေတာမျိုးပဲ
 ဖြစ်တယ်။
#ဒါတည်ဆဲဥပဒေတွေကိုချိုးဖောက်တာပဲ။
#တည်ဆဲဥပဒေချိုးဖောက်ပြီး ရပ်ရွာအေးချမ်းတည်ငြိမ်
 မှုပျက်ပြားအောင်လုပ်နေတာကို လွှတ်ထားပေးရင်
 တော့---
#သားသမီးဆိုးသွမ်းနေတာသိလျက်နဲ့ မဆုံးမ၊မသွန်သင်
  တဲ့ မိဘတွေ အဖြစ်မျိုးပဲ။

#အဓိကမြင်စေချင်တာက ယနေ့လမ်းမတွေအပေါ်
 နေ့၊ည၊မနက် လူစုရုန်းသပိတ်မှောက်နေကြခြင်းဟာ
 ဒီမိုကရေစီလူ့အခွင့်ရေးအရ ဆန္ဒပြသည့် အခြေအနေ
 မဟုတ်ဘဲ!--တည်ဆဲဥပဒေများကိုဖောက်ဖျက်ကျူးလွန်
 မလိုက်နာပဲ တိုင်းဆူပြည်မှောက်လုပ်နေခြင်းသာဖြစ်
 ပါကြောင်း!
#ထိရောက်စွာတားဆီးအရေးယူရန်လိုအပ်ပါကြောင်း!---

#ဦးသက်နိုင်ဦး