Sunday, October 24, 2021

#ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဝင်ရမယ့်အခြေအနေ


မြန်မာနိုင်ငံအတွက် နောင်ရိုးစစ်ဆင်ရေးကြိုတင်မျှော်တွေးသုံးသပ်ချက်

ပြည်ပမှာ US က စစ်အုပ်စုပုံစံအစုအဖွဲ့တွေ ဖွဲ့နေပြီ

အရှေ့အလယ်ပိုင်းကUS တပ်တွေ ရုတ်သိမ်းလိုက်ပြီ

ထိုင်ဝမ်မှာ မီးဖွားတခုဆွဖို့ အဆင်သင့်ပြင်ဆင်ထားတယ်

မြန်မာပြည်တွင်းနိုင်ငံရေးဝင်ရောက်စွက်ဖက်ချယ်လှယ်ထားတာဖုံးဖိမရအောင်ပေါ်တော့မယ်

အဲဒီအမှားကို ဖုံးမရနိုင်မှန်းသိတော့ တချက်ခုတ် သုံးချက်ပြတ်ဗျူဟာ US ချဖို့ ပြင်ပြီ

Oic နဲ့ ပါတနာသဘောတူညီချက်ကိုဖြည့်စွမ်းရင်း တရုတ်ကိုအနီးကပ်ဖိအားပေးနိုင်ဖို့ မြန်မာမြေကို US ခြေချတပ်စွဲနိုင်ရေး နဲ့ US နိုင်ငံရေးအောက်လမ်းခြေရှုပ်မှု ထုတ်ဖော်ခွင့်မရအောင်ချေမူန်းရင်း စသော တချက်ခုတ်သုံးချက်ပြတ်ဗျူဟာကို မြင်မိပြီ

အိန္ဒိယနယ်စပ်မှာ ချင်းတပ်ကိုစစ်ရှောင်စခန်းဖွင့်ခွင့်ပြုပြီး
အဲဒီကနေ ခြေကုတ်အထိုင်စခန်းတခုပြင်နေ

ဘကုန်းမှာ  အာဆာပြသနာကတည်းက အခြေချခွင့်ပြုထားတဲ့ အထိုင်စခန်းနေရာတွေရှိပြီးသား Bingaလီအမည်ခံ ဒုက္ခသယ်စခန်းတွေမှာ လိုအပ်တဲ့ လူအင်အားကအပြည့် လိုအပ်ရင် လက်နက်တပ်ဆင်ပေးရုံသာအခြေအနေ

ထိုင်းဘက်ကနေ နယ်စပ်ဖြတ်ကျော်ထောက်ပံ့ခွင့်သဘောတူညီချက် ညှိနှိင်းနေပြီ

KNDO ဆိုတာက 
နဂိုကတည်းက ထိုင်း- မြန်မာ နှစ်နိုင်ငံခွနေတာ
လက်နက်ပွဲစား US မွေးထားသူ

မြန်မာနိုင်ငံထဲမှာ NCA ယိမ်းမလို ဆန့်ကျင်တော်လှန်မလို
နှစ်ဖက်ခွအယောင်ပြထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့က အများစု

လောလောလတ်လတ် ဗြောင်တော်လှန်တယ်ဆိုတာက 
တနိုင်ငံလုံးပြန့်ကျဲနေတဲ့ PDF တွေ

မြန်မာတပ်မတော်ဘက်ပါနိုင်တဲ့ 
တိုင်းရင်းသား EAOဆိုတာကအနည်းစု 
ပအို့တပ် - ဝ ပြည်နယ်တပ် - ကယားဘက်က ကတတလ တပ် -SSA ရှမ်းတပ်- ကျန်တာတွေ မသေချာဘူး။ 
သေချာတယ်ထင်တာထဲကလည်း ဖောက်နိုင်တယ်... 
အစိုးမရဘူး

US ကထောက်ပံ့ပြီး ပြည်းတွင်းစစ်မီးအရှိန်ရခဲ့ရင်
သေချာတယ် ဒါဟာပြည်ပကျူးကျော်စစ် အစပြုပြီပဲ

ပထမအဆင့် 
တိုင်းရင်းသားEAO တွေကိုလက်နက်တပ်ဆင်ပြီး 
တဆင့်ခံ ပြည်ပစစ်နဲ့ စမယ် 
အရှိန်ရလာရင် 
တိုက်ရိုက်နိုင်ငံခြားတပ်ပါဝင်စွက်ဖက်တိုက်မယ် 
အီရတ်ကို US ဝင်တိုက်သွားတာ 
UN ထောက်ခံချက်နဲ့တိုက်သွားတာမဟုတ်ဘူး

ဒီလိုဘဲ အကြောင်းပြချက်တွေက သူတို့ဆီမှာအပြည့် 
စစ်ပွဲဆိုတာ မတရားတာဘာမှမရှိ
နောက်ဆုံးစစ်နိုင်သူပြောသမျှက အမှန်တရားဘဲ

ပြည်ပစစ်ဖြစ်လာရင် အထဲကနေထကြွလာမယ့် 
ငြိမ်ကြည့်နေတဲ့ တတိယအဖွဲ့အစည်းတခုက သပ်သပ်ရှိတယ်

မြန်မာတပ်မတော်က ခုအချိန်မှာ ပြည်ပဘယ်အဖွဲ့အစည်းစကားဖိအားမှ ဂရုမစိုက်ဘဲ ကိုယ့်နိုင်ငံအတွက် လွတ်လပ်ရေးမဆုံးရှုံး နိုင်ငံမပျောက်သွားဖို့အရေးအတွက် ဖိဖိစီးစီးနဲ့
ပြည်ပစစ်အတွက် ပြင်ဆင်သင့်ပြီ

တပ်မတော်နဲ့ ပူးပေါင်းလို့ရသူ အဖွဲ့အစည်း
တခါတည်း ရှင်းရှင်းစုဖွဲ့သင့်ပြီ

နိုင်ငံကိုချစ်တဲ့ ပြည်သူအများနဲ့
ပြည်သူ့စစ်မဟာဗျူဟာစလုပ်သင့်ပြီ

2021 စစ်ပွဲတွေဆိုတာ မြန်တယ် 
လက်နှေးရင် မြန်မာတွေ နိုင်ငံပျောက်မယ်

ဒီလောက်ဆို ဘယ်အခြေအနေရောက်နေသလဲ
ဆက်စပ်တွေးကြည့်ရင် သိနိုင်ပါတယ် 
နွားကွဲရင် ကျားဆွဲဖို့ စောင့်နေပြီ

ပြည်ပစစ်ဖြစ်ရင် ဘယ်သူမှ ကွက်ပြီးမကျန်ဘူး 
အရေးကြီးရင် သွေးစည်းဖို့လိုပြီ...

မြန်မာပြည်အင်အားသည် မြန်မာပြည်တွင်းမှာသာရှိသည်

မြန်မာတွေ နိုင်ငံမပျောက်ဖို့ 
မြန်မာတမျိုးသားလုံးအပေါ်
သမိုင်းပေးတာဝန် တဖန်ပြန်လည်လို့ ကျရောက်လာပါပြီ

တို့ဘိုးဘေးတွေ တာဝန်ကျေခဲ့ပြီးပြီ 
ကျုပ်တို့ခေတ်ရောက်မှ မြန်မာတွေ ကျရှုံးလို့ မဖြစ်ပြီ

ကဲမြန်မာတို့.... 
ဖောင်ဖျက်မယ်တိုက်ပွဲဝင်စို့ သွေးစည်းစို့ ရှေ့ကိုသာရဲရဲတက် နောက်ပြန်မလှည့်နဲ့ ဖောင်ဖျက်တိုက်မယ် နောင်ရိုးတိုက်ပွဲ

#koko(8:23Am)
#မင်းမော်