Sunday, October 24, 2021

တော်လှန်ရေးသမား


မင်းတို့က
တော်လှန်ရေးလုပ်နေကြတာလား
တောထဲသွားပြီး
အိုက်တင်တွေလုပ်
စတန့်တွေထွင်နေကြတာလားဟင်

တောထဲမှာ
လက်ထပ်ပွဲတွေလုပ်လိုက်
မွေးနေ့ပွဲတွေလုပ်လိုက်
သေနတ်တွေကိုင်ပြီး
အိုက်တင်မျိုးစုံနဲ့ဓာတ်ပုံတွေရိုက်လိုက်ကြနဲ့

အထူးသဖြင့် 
ရုပ်ရှင်မင်းသားဆိုတဲ့အကောင်တွေကိုပြောချင်တာပါ

ဇင်ဝိုင်းနဲ့မင်းမော်ကွန်းဆိုရင်
ကိုဇင်ဝိုင်းကပိုဆိုးပါတယ်

နဝတခေတ်
နအဖခေတ်တလျှောက်လုံးရိုက်ခဲ့သမျှ
နိုင်ငံတော်ကားတွေမှာဒီလူမပါတဲ့ကားဆိုတာ
အင်မတန်ရှားပါတယ်

စစ်အစိုးရကလုပ်တဲ့ညစာစားပွဲတွေဆိုရင်လည်း
ကိုဇင်ဝိုင်းမတက်တဲ့
ညစာစားပွဲဆိုတာမရှိသလောက်ပါပဲ

ပြီးတော့လူမင်း

ပရိတ်သတ်ကြီးသာသတိထားပြီး
ပြန်စဉ်းစားကြည့်မယ်ဆိုရင်
စစ်အစိုးရလက်ထက်တလျှောက်လုံး
ရိုက်ကူးခဲ့တဲ့စစ်ကားမှန်သမျှ

လူမင်း
မပါတဲ့စစ်ကားမရှိသလောက်ပါပဲ

ပြီးတော့
ပြေတီဦး

ဒီကောင့်ဘဝစခဲ့ရတာ
ဒါရိုက်တာဦးခင်ဇော်ရိုက်ကူးတဲ့
မြန်မာစာမြန်မာစကားဆိုတဲ့
ဇာတ်လမ်းတိုလေးတွေမှာ
ဝင်သရုပ်ဆောင်ရင်းစခဲ့ရတာပါ

အဲဒီဇာတ်လမ်းတိုလေးတွေက်ို
မြန်မာ့ရုပ်မြင်သံကြားကနေလွှင့်တာပါ
မြန်မာ့ရုပ်မြင်သံကြားဆိုတာကလည်း
အဲဒီအချိန်တုန်းကစစ်တပ်ပိုင်တာပါပဲ

အခုချိန်ရောက်တော့မှ
စစ်ဖိနပ်အောက်မှာမနေချင်ဘူး
အမှောင်ခေတ်ကိုပြန်မသွားချင်ဘူး
စစ်ကျွန်ပညာရေးက်ိုမလိုချင်ဘူးဆိုတော့

ဇင်ဝိုင်း
လူမင်း
မင်းမော်ကွန်း
ပြေတီဦး

အဲ့လေးယောက်စလုံးဘွဲ့ရလာတာ
စစ်အစိုးရလက်အောက်မှာပါ

အဲ့ဒီလေးယောက်စလုံး
အောင်မြင်တဲ့မင်းသားတွေဖြစ်လာခဲ့တာလည်း
စစ်အစိုးရလက်အောက်မှာပါပဲ

အဲ့ဒီလေးယောက်စလုံး
တိုက်ပုံအကျီအနက်လေးတွေဝတ်ပြီး
ညစာစားပွဲတွေမှာ

တပ်ချုပ်ကြီးနဲ့ဝန်ကြီးတွေကို
လက်အုပ်လေးတချီချိီလုပ်ခဲ့ကြတာလည်း
အထင်အရှားပါပဲ
စစ်အစိုးရကိုမကြိုက်ရင်
စစ်ကျွန်ပညာရေးကိုမလိုချင်ရင်
အမှောင်ခေတ်မှာမနေချင်ကြဘူးဆိုရင်

အဲဒီအချိန်တည်းက
စစ်တပ်နဲ့မပတ်သတ်ဘဲနေခဲ့ကြပေါ့ကွာ
စစ်တပ်လက်အောက်မှာသင်ရတဲ့
ပညာရေးက်ိုမသင်ခဲ့ကြနဲ့ပေါ့ကွာ
စစ်တပ်ကိုရွံနေမုန်းနေတဲ့မင်းသားတွေက
စစ်ကားတွေမှာဝင်ပြီးတော့သရုပ်မဆောင်ကြနဲ့ပေါ့ကွာ

စစ်ဗိုလ်ချုပ်တွေနဲ့တွေ့ရင်လက်အုပ်မချီကြနဲ့ပေါ့ကွာ

မင်းတို့တွေက
စစ်တပ်ရဲ့ကူညီပံ့ပိုးမှုတွေကိုလည်းယူခဲ့ကြတယ်
စစ်အစိုးရကတာဝန်ရှိတဲ့လူကြီးတွေကိုလည်း
ဖားခဲ့ကြ
ကပ်ခဲ့ကြတယ်

အခုလိုမျိုးအချိန်လည်းရောက်လာရော
မင်းတို့တွေအကုန်လုံးက
ပရိတ်သတ်ရဲ့လက်ခုပ်သံကိုလိုချင်ကြလေတော့
ပရိတ်သတ်အကြိုက်စကားလုံးတွေပြောကြ
ပရိတ်သတ်အကြိုက်အမူအယာတွေလုပ်ပြ

အဲလိုလုပ်ပြ
ပြောပြနေရင်းပဲ
တပ်မတော်ကြီးကတစ်စစီပြိုကွဲပြီး
မင်းတို့လိုချင်တဲ့အစိုးရက
အာဏာပြန်ရလာလိမ့်မယ်အထင်နဲ့
ဇာတ်ရှိန်တွေမြှင့်ကြ

နောက်ဆုံးမှာတော့
အမူအယာတွေကျွံ
စကားလုံးတွေကျွံ
လုပ်ရပ်တွေကျွံပြီး
မိသားစုနဲ့ဝေးကွာ
ပရိတ်သတ်နဲ့ဝေးကွာကြရ
ဥပဒေရဲ့အပြင်ကိုရောက်သွားကြရနဲ့
မင်းတို့လိုချင်မိတဲ့လက်ခုပ်သံရယ်
ပြန်လိုက်ရတဲ့အကျိုးဆက်ရယ်က
မတန်ပါဘူးကွာ

တကယ့်ကို
စစ်မှန်တဲ့ယုံကြည်ချက်ကြောင့်
တောထဲအထိအရောက်သွားပြီး
တော်လှန်ရေးလုပ်နေကြတဲ့
လူငယ်လေးတွေလည်းရှိနေကြပါတယ်

သူတို့ကိုတော့လေးလည်းလေးစားတယ်
အသိအမှတ်လည်းပြုပါတယ်
ဘာကြောင့်လဲဆိုတော့
သူတို့လေးတွေမှာမင်းတို့လိုမျိုးစစ်တပ်အပေါ်
ဖားခဲ့ကြ
ကပ်ခဲ့ကြတာမျိုးမရှိဘဲ
သူတို့ရဲ့သမိုင်းကြောင်းကမင်းတို့သမိုင်းကြောင်းထက်
ဖြူစင်ခဲ့ကြတယ်သန့်စင်ခဲ့ကြတယ်ကွ

မင်းတို့ကိုတော့
မင်းတို့တွေရဲ့အကျင့်စရိုက်
ကိုယ်ကျင့်တရား
မင်းတို့ဖြတ်သန်းခဲ့ကြတဲ့သမိုင်း
အားလုံး
အားလုံးကျို
ခရေစေ့တွင်းကျသိနေလေတော့
လေးစားလို့လည်းမရ
အထင်ကြီးလို့လည်းမရဘဲ

မင်းတို့ဖြတ်သန်းခဲ့တဲ့နောက်ခံသမိုင်းနဲ့
အခုလက်ရှိပုံစံတွေ
အပြောတွေကိုနှိုင်းယှဉ်ကြည့်ပြီးရယ်ချင်နေမိတယ်ကွ

မင်းတို့တွေရဲ့ပါးစပ်တွေက
တော်လှန်ရေးဆိုတဲ့စကားလုံးတွေ
ထွက်ထွက်လာတိုင်း

သခင်သန်းထွန်း
သခင်ဇင်
သခင်ချစ်
ဗိုလ်ရန်အောင်
ဗိုလ်ဇေယျ
ဗန်းဗော်တင်အောင်

သူတို့တွေရဲ့မျက်နှာတွေကို
မြင်မြင်လာမိပြီး

မင်းတို့အစား
သူတို့အပေါ်အားနာမိ
မျက်နှာပူမိပါရဲ့ကွာ ။ ။

မင်းအုပ်စိုး