Sunday, October 24, 2021

ရွှေစကြာ်ဝင်း သို့မဟုတ် လူမိုက်များ၏ စားကျက်မြေ


ရန်ကုန်တိုင်း သန်လျင်မြို့နယ် 
ဘုရားကုန်းကျေးရွာအုပ်စု၊တာဝကွက်
သစ်၊ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ကျောင်းရှေ့မှာရှိတဲ့ ရွှေစကြာ်ဝင်း 
က နိုင်ငံတော်ပိုင်မြေပါ။

ဒီမြေကို ပုဂ္ဂလိကကုမ္မဏီတစ်ခုက 
ဌါးပြီး ဥယျာန် လိုလို လုပ်ပြီး အရင်
အစိုးရလက်ထက်မှာ အိမ်ယာစီမံကိန်း
လုပ်ဖို့ဆိုပြီးလုပ်ခဲ့တယ်။

နောက်ပိုင်းမှာတော့ ဘာမှ 
အကောင်အထည်မပေါ် ဘဲ 
ဒီအတိုင်းထားရာကနေ အဲ့ဒီ
နိုင်ငံပိုင်မြေကိုဘလူမိုက်မြင့်ခိုင်၊ 
လူမိုက်ကြက်ဖကြီးနဲ့တပည့်တွေဖြစ်
ကြတဲ့ သုံးဆယ်၊ဝတုတ်တို့အဖွဲ့တွေ
က ရပ်ကွက်ထဲမှာ အိုးအိမ်ဦးစီရုံး
သဖွယ် ရုံးအတုလုပ်ပြီး နိုင်ငံပိုင်မြေ
ကို သူ့တိုသဘောနဲ့သူတို့ အကွက် နံ
ပါတ်တပ် အကွက်ရောင်းပြီး 20/60
တကွက်ကို 35 သိန်းကနေ သိန်းရာ
ကျော်ထိ ရောင်းစားနေကြပါတယ်။

မသိနားမလည် သူတွေက တကယ် 
ပိုင်ဆိုင်မှုခိုင်မှာတယ် ထင်ပြီး မြေ
ဝယ်ကြ အိမ်ဆောက်ကြနဲ့ အခု ဆို 
သိန်း 300ကျော်တန်တဲ့ တိုက်တွေပါ
ဆောက်နေကြပါတယ်။
 
လျှပ်စစ်မီးဆိုလဲ မီတာမလိုဘဲနိုင်ငံ
ပိုင်မီးတိုင်ကနေ ချိတ်ပေးပြီး 1လ 
50000ကျပ်သူတို့ကို ပေးရင် မီးတိုင်
ကို ဒီတိုင်း တပ်ချိန်ပေးပါတယ်။

မြေဧကက အရမ်းကျယ်တော့
ရောင်လို့ ကောင်းအောင် လူတွေအ
ယုံလွယ်အောင် မီးကြိုးမပါတဲ့ တိုင်
တွေကိုEpcခွင့်ပြုချက်မရှိ တိုင်တွေ 
ထောင်ပြီး မီးမကြာခင် ရတော့မည် 
ဆိုပြီး လူတွေကိုဂျင်းထည့်ပြီးရောင်း
နေတာ မြင်မကောင်းဖြစ်ရပါတယ်။

အချိန်တန်လို့  အစိုးရက ရှင်းခိုင်းမှ  
မရှိမယ့်ရှိမယ့်ဝယ်ထားသူတွေ ဘဝ 
ကတော့ သွားပါပြီ။လူမိုက်တွေဆို
တာ နိုင်ငံရေးနဲ့ ခေတ်မကောင်းတာ
ကို အကြောင်းခံပြီး ထင်တိုင်းကျဲ 
နေသည်မှာလဲ မြင်မကောင်းပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး 
ကွက်သစ်တစ်ခုလုံး လမ်းတွေမှာပါ 
အကွက်ရိုက်ရောင်းနေတာပါ။ခြံဝယ်
မယ့်သူတွေအနေနဲ့ ကိုဝယ်မယ့် ခြံက 
မြေခိုင်မာမှု ရှိမရှိ စစ်ဆေးပြီးမှ ဝယ်
ကြပါ။တာဝ ယကွက်သစ်ဘက် မှာ
တော့ စလစ်မြေကလွဲပီး အခြားမြေ
မရှိပါဘူး၊တချို့ကလဲ ဘိုးဘွားပိုင် 
မြေဆိုပြီး လိမ်ရောင်းနေကြလို့ပါ။ 
ကျူးကျော်လို့တော့ ဘယ်သူမှ ပြော
မရောင်းကြပါဘူး၊အဝယ်မမှားစေဖို့ 
တင်ပြရုံသက်သက်သာ ဖြစ်ပါတယ်။
                    
                    ဘုရားကုန်းသားလေး  
                                                
#ဖြိုးမင်းသူ