Sunday, October 24, 2021

#အာဂလူဂုဏ်တန်!🇲🇲


#ယေဘူယျအားဖြင့်
#လက်နက်ကိုင်အင်အားစုတွေက တပ်မတော်ကို ရန်သူ
  လို့သတ်မှတ်တာပေါ့။
#NLD ဆိုရင်လည်း စစ်သားကိုမုန်းကြတာပဲ။ စစ်သားဆို
   ရန်သူ လို့ကို မြင်နေတာပါပဲ။ ဒီလိုဖြစ်တာကြောင့်---
#NLD နဲ့ EAOsတွေက ဂိုဏ်းတူညီအစ်ကိုတွေပေါ့!😁
#ဒီကြားထဲ ဘာ့ကြောင့်မှန်းမသိ စစ်သား/စစ်တပ်ဆို
  အလိုလိုနေရင်း မြင်မရကြားမရ မယားလုဖက်လိုလို
 /လင်လုဘက်လိုလို ဖြစ်နေကြသူတွေလည်း ထုနဲ့ဒေး။
#ဘယ်သူ့ကိုဘယ်အင်အားစုကိုအားပေးပေး/ထောက်ခံခံ
   ဒါဟာ လူတစ်ဦးချင်းစီရဲ့ ပိုင်ခွင့်ပဲ။

#NLD/CRPH/NUG/PDF----ကိုထောက်ခံအားပေး
 နေကြတဲ့ ပညာတတ်တွေ/အထက်တန်းလွှာတွေ/လူ
 လတ်တန်းလွှာတွေ အများကြီးတွေ့ရပါတယ်။
#သာမန်လက်လုပ်လက်စား အခြေခံလူတန်းစားပြည်သူ
  များထက်စာလျှင် ဒီအုပ်စုဟာ  တွေးမြင်သုတ ပိုပြီး
  ပြည့်စုံတယ်လို့ဆိုရမှာပဲ။

#မိမိနှစ်သက်ရာယုံကြည်မှုတူရာ အင်အားစုကို အားပေး
  ထောက်ခံတာ အမှားလို့မပြောလိုပါဘူး။
#တစ်ခုသတိပြုသင့်တာက
      ●စာသင်ကျောင်းတွေမီးရှို့တာ။
      ●ဘုန်းကြီးကျောင်းတွေမီးရှို့တာ။
      ●လမ်းတံတားတွေမိုင်းထောင်ဖျက်ဆီးတာ
      ●အပြစ်မဲ့ပြည်သူတွေကို ဥပဒေမဲ့ သတ်တာ။
         ဒလံ စွပ်စွဲသတ်နေတာ။
      ●ဆရာတော်သံဃာတော်တွေကိုသတ်တာ
      ●ဓားပြတိုက်လုယက်။မိသားစုလိုက်သတ်တာ။
      ●ဘဏ်ဓားပြတိုက်တာ။ စတဲ့ လုပ်ရပ်တွေဟာ
 လုပ်သင့်မသင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း မရှိကြတော့ဘူး
 လား။ပြန်စမ်းစစ်ဖို့မလိုအပ်ဘူးလား။
#မိမိအားပေးထောက်ခံတဲ့အင်အားစုတွေဟာ ဒါတွေ
 လုပ်နေတာသိလျက်!----ဒါမျိုးတွေတော့ လုပ်ရန်မသင့်
 ကြောင်း မထိန်းကြောင်းကြတော့ဘူးလား!
#ထိန်းကြောင်းမရရင် ဒီလိုအဆိုးအမိုက်လုပ်ရပ်တွေထဲ
  ကိုယ့်ပရောဂမပါအောင် ဒီအင်အားစုထံမှ အသာဆုတ်
  ခွာရန် မသင့်ဘူးလား!

#တကယ်ပါ!
#ပညာတတ်/အထက်တန်းလွှာ/အလတ်တန်းစား
  လူဂုဏ်တန် ဆိုသူ အတော်များများ ကို အံ့ဩနေမိ
  ပါတော့တယ်။ 

#မည်သူ့ကိုမဆို/မည်သည့်အင်အားစုကိုမဆို
  အားပေး လို့ရပါတယ်။ 
#အကြမ်းဖက်မှု၊ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ပြည်သူ
 တွေကိုသတ်ဖြတ်နေမှု စတာတွေကိုတော့ အားပေးရန် 
 မသင့်ဟုထင်ကြောင်းပါ။

ဦးသက်နိုင်ဦး