Sunday, October 24, 2021

🍁 ကယား၊ကရင်၊ချင်းနဲ့စစ်ကိုင်းတိုင်း ထဲက စစ်ဘေးရှောင် သိန်းချီ အစာ ရေစာပြတ်လပ်ပြီး အငတ်ဘေးကြုံ နေရပါတယ်............။


🍁
အဓိက တရားခံကတော့
လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် D-Dayကြေညာတဲ့
Nld(NUG) ပါပဲ.............။

🍁
အမေရိကန် နဲ့ EU ၂၇နိုင်ငံက 
စကစ ကို လက်မခံဘဲ
NUGကို အသိမှတိပြုတယ်ဆိုတဲ့
ဆိုက်ဝါးနဲ့ မြှောက်ပေးနေတာပဲ
ဖြစ်ပါတယ်..............။

🍁​
၂၀၂၁အရေးခင်း
နစက နဲ့ NUG လွန်ဆွဲပွဲဟာ
၁၉ရာစုက
ကမ္ဘောဒီးယား အရေးခင်းနဲ့
ထပ်တူကျနေပါတယ်............။

🍁
US နဲ့ အနောက်နိုင်ငံတွေဟာ 
ဗီယက်နမ်စစ်တပ်အကူညီနဲ့ အာဏာယူအစိုးရဖွဲ့ခဲ့တဲ့ ဆန်ရင် တို့ အစိုးရအဖွဲ့ကို
အသိမှတ်မပြုခဲ့သလို UNကလည်း လက်မခံခဲ့ပါဘူး............။

🍁
ဒီမိုကရက်တစ်ကမ်းပူးချား အမည်နဲ့
ခမာနီခေါင်းဆောင်ပိုပေါ့ (ခ) ဆလို့တ်ဆာ ကိုသာ အစိုးရအဖြစ်အသိမှတိပြုခဲ့ပါတယ်..............။

🍁
အချိန်ဆိုတဲ့ ယန္တရာကြီးလည်ပတ်ပြီးတဲ့နောက် ယနေ့ခေတ်အခါမှာ
ပိုပေါ့တို့ခမာနီတွေဟာ ပြည်သူ ၂သန်းနီးပါးကို အရှငိလတ်လတ် အရေခွံခွာပြီး သတ်ခဲ့ လည်ချောင်းကို တံစို့ထိုးပြီးသတ်ခဲ့တဲ့ အကြမ်းဖက်တွေ အဖြစ်
ကမ္ဘာက ရွံရှာမုန်းတီးနေကြပြီး

🍁
ဟန်ရင် ၊ ဟွန်ဆန် တို့ရဲ့ ကမ္ဘောဒီးယားပြည့်သူပါတီကတော့ နှစိပေါင်း ၃၆ ကျော်ကြာ အာဏာရယူကျင့်သုံးနိုင်ခဲ့ပါတယ်.............။

🍁
ဒါ့ကြောင့်ငါးကြီးလိုလိုချငိရင် ပင်လယ်ကိုသွားရပြီး မုန်တိုင်းဒဏ်ကို ခံနိုင်မှ ရမယ် (အနာခံမှ အသာစံရမယ်) ဆိုတာပြောပြချင်ပါတယ်............။

🍁
ကမ္ဘာ့ငပွကြီးဟာ မြန်မာရေးမှာ ခြေရှုတ်နေခြင်းဟာ ဒေါ်စုကို ချစ်ခင်လေးစားခြင်း ဒီမိုကရေစီ နဲ့လူ့အခွငိ့ရေးကိုအလေးထားခြင်းဆိုတာထက်
မြန်မာ့တပ်မတော်ကို အင်အားချိနဲ့သွားအောင် ထိန်းချုပ်ချင်တာပါ...........။

🍁
ယခုလည်း
အိမ်နီးချင်းမဟာမိတ် တရုတ်နဲ့ ထိုင်ဝမ်ကြားတငိးမာမှုမှာ စစ်ဖြစ်ခဲ့ရင် 
ထိုင်ဝမ်ကျွန်းဘကကစစ်ကူမယ့်လို့ဆိုနေပါတယ်...........။

🍁
ယူကရိန်းနဲ့ရုရှားအကြားက
ခရိုင်းမီးယားကျွန်းဆွယ်
ပင်လယ်နက်စစ်ပွဲမှာ USတပ်တွေရော NATO တပ်တွေကပါယူကရိန်း
ဘက်ကနေကာကွယ်ပေးဖို့အသင့်ပဲ
လို့အကြိမ်ကြိမ်ပြောခဲ့ပေမဲ့

တကယ်တမ်း ရုရှားက
ခရိုင်းမီးယားကို ဝင်သိမ်းလိုက်ချိန်မှာ လေသံတောင်မဟတော့တာ
ဒီနေ့အထိပါပဲ............။

🍁 ခြိမ်းပြီးမရွာတဲ့မိုးဆိုတာ
ထိုင်ဝမ်ရော NUG ပါ
သိထားသင့်ပါတယ်...........။

#မပုတု


Related Posts: