Saturday, October 23, 2021

ထိုင်းမှာ အာဏာသိမ်းတာ ၂၁ ကြိမ် မြန်မာမှာ အာဏာသိမ်းတာ ၃ ကြိမ်


ထိုင်းနိုင်ငံမှာ အာဏာသိမ်းတာ ၂၁ ကြိမ်ဆိုပေမယ့်
မြန်မာနိုင်ငံလောက် စီးပွားရေးကျဆင်းမသွားခဲ့ဘူး
မြန်မာနိုင်ငံလောက်လည်းတိုင်းပြည်နှင့်ပြည်သူလူထု 
နစ်နာဆုံးရှုံးမှုမများခဲ့ကြဘူး
အဲ့တာဘာလို့ဆိုတော့
ထိုင်းမှာ ၂၁ ကြိမ်လောက်အာဏာသိမ်းတယ်
ဆိုပေမယ့် မြန်မာနိုင်ငံလောက် တိုင်းပြည်ကို
ဖျက်ဆီးမယ့် ပြည်သူလူထုကိုချနင်းမယ့်
သစ္စာဖောက်နိုင်ငံရေးသမားတွေမရှိလို့ပဲဖြစ်ရမယ်
တိုင်းပြည်ကို ဆင်းရဲတွင်းထဲ တွန်းချမယ့်
နိုင်ငံရေးသမားတွေမရှိလို့ပဲဖြစ်ရမယ်
ပြည်သူလူထုကို သေတွင်းထဲ တွန်းချမယ့်
နိုင်ငံရေးသမားတွေမရှိလို့ပဲဖြစ်ရမယ်
စစ်တပ်က အာဏာသိမ်းလို့
အစိုးရကို ဆန့်ကျင်ဆန္ဒပြတာတော့
ရှိကောင်းရှိတာပေါ့လေ ဒါပေမယ့်
မြန်မာနိုင်ငံက သစ္စာဖောက်နိုင်ငံရေး
သမားတွေလို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး
နစ်နာဆုံးစေလောက်အောင်လုပ်တဲ့ သစ္စာဖောက် ပြည်ဖျက်နိုင်ငံရေး
သမားတွေမရှိကြလို့ပေါ့ မြန်မာနိုင်ငံကလို
လူယုတ်မာ ပြည်ဖျက်အဖွဲ့တွေမရှိကြလို့ပေါ့
ပြည်သူလူထုကို မြှောက်ပင့်ပေးပြီး
သေတွင်းထဲတွန်းပို့ခဲ့ကြတဲ့ နိုင်ငံရေး
သမားတွေမရှိကြလို့ပေါ့ 
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို
ထိခိုက်စေမယ့် လုပ်ရပ်မျိုးကို
ရှောင်ရှားခဲ့ကြပြီး အစိုးရဆန့်ကျင်
ခဲ့ကြလို့လည်း ပြည်သူလူထု
မြန်မာနိုင်ငံလောက် သေဆုံးမှုတွေ
များစွာမရှိခဲ့ကြတာပေါ့။

မြန်မာနိုင်ငံလောက်လည်း
အစိုးရကို တော်လှန်ဆန့်ကျင်တိုက်ခိုက်ကြတဲ့
အကြမ်းဖက်လက်နက်အဖွဲ့စည်းတွေ
မရှိခဲ့ကြလို့ပေါ့ဗျာ
ဒါ့ကြောင့်ထိုင်းနိုင်ငံဟာ
စစ်တပ်က အာဏာသိမ်းတာတောင်မှ
မြန်မာနိုင်ငံလိုဆင်းရဲမသွား
ခဲ့ဘူးဆိုတာပဲ။

ကိုယ့်ပြည်တွင်းရေးပြဿနာထဲကို
ကြားလူတွေ သိပ်အပါမခံခဲ့ကြဘူး
ကြားလူတွေပါလာရင် ကိုယ့်တိုင်းပြည်
ကိုယ့်လူမျိုးပဲ နစ်နာဆုံးရှုံးစေမယ်ဆိုတာ
သိကြတယ်လေ။

သူများနိုင်ငံကအာဏာ ၂၁ ကြိမ်လောက်
သိမ်းခဲ့တာ တိုင်းပြည်ဆင်းရဲမသွားခဲ့ဘူး
ပြည်သူလူထု အသေအပျောက်မများခဲ့ဘူး
ဆိုတာပဲဗ်။

ကျနော်တို့မြန်မာနိုင်ငံမှာ
စစ်တပ်ကအကြောင်းအမျိုးမျိုးကြောင့်
 အာဏာ ၃ ကြိမ်လောက်သိမ်းခဲ့တာ
တိုင်းပြည်စီးပွားရေး ပိုမိုကျဆင်းသွားတယ်
ကျဆင်းနေတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကတည်းက
မျိုးမစစ် အမျိုးသားနိုင်ငံရေးသစ္စာဖောက် နိုင်ငံရေးသမားတွေက
ကိုယ့်အမှားကိုလည်းဝန်မခံကြဘူး သောက်အဓိပ္ပါယ်မရှိတဲ့ စင့်ပြိုင်အစိုးရ
ဖွဲ့စည်းပြီး အကြမ်းဖက်လက်နက်ကိုင်
လမ်းစဉ်ရွေးချယ်ကာ တိုင်းပြည်အလုံးစုံ
ပျက်သုဉ်းရေးအတွက် ပြည်ဖျက်စီမံကိန်းတွေ
ချမှတ်အကောင်ထည်
ဖော်ဆောင်ရွက်ခဲ့ကြပါလေကော။

စစ်တပ်က အာဏာသိမ်းလို့ဆိုတဲ့
ခေါင်းစဉ်နဲ့ တိုင်းပြည်ဆင်းရဲမွဲတေ ပြာကျ
သွားအောင် လူထုအသက်ပေါင်းများစွာ
သေဆုံးစေမှုရှိအောင် အမျိုးမျိုး
လုပ်ဆောင်ခဲ့ကြတယ်
ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကတည်းက
တိုင်းပြည်ဆင်းရဲတွင်းက မတက်နိုင်စေရန်
မြန်မာနိုင်ငံကို စီးပွားရေးအလုံးစုံ
ပျက်သုဉ်းအောင်လို့
နိုင်ငံတော်ရဲ့ရပေါက်ရလမ်း
ဘဏ္ဍာရေးလမ်းကြောင်းတွေပိတ်ဆို့
ရပ်တန့်သွားစေရန် နိုင်ငံတကာသို့ အရေးယူ
ဒဏ်ခတ်ပိတ်ဆို့မှုများ အမျိုးစုံ ချမှတ်ကြဖို့
CRPH/NUG ပြည်ဖျက် အကြမ်းဖက်သစ္စာဖောက်တစ်ခုက
တောင်းဆိုတိုက်တွန်းခဲ့ကြတယ်
ဟန့်တားခိုင်းခဲ့ကြတယ်။

ဒါတင် အားမရသေးဘူး
လူထုကို နိုင်ငံရေးအမြတ်ထုတ်ဖို့
တိုင်းပြည်ဖျက်ဆီးဖို့ ချနင်းခဲ့ကြတယ်
အသုံးချခဲ့ကြတယ် 
ပြည်သူလူထုကို
ဟိုရာလုပ် ဒီဟာလုပ်နဲ့
နောက်ကနေ မြှောက်ပင့်ပေးခဲ့ကြတယ်။

စစ်အာဏာရှင်ကျဆုံးရေးဆိုပြီး
နိုင်ငံ့ဝန်ထမ်းတွေ ရုံးမတက်နိုင်စေရန်
ရုံးမတက်နဲ့ရုန်းထွက်ကြလို့ဆို၍
CDM ထဲပါဝင်လာအောင်
လှုံ့ဆော်တိုက်တွန်းခဲ့ကြတယ်
ရုံးမတက်နဲ့ ရုန်းထွက်ကြ
စစ်အာဏာရှင်အောက်မှာ မနေနဲ့
ရုန်းထွက်ကြဆိုပြီး နိုင်ငံ့ဝန်ထမ်းအားလုံးကို
CDM နဲ့အပါခေါ်သွားခဲ့ကြတယ်
နစက အစိုးရအုပ်ချုပ်ရေး
မလည်ပတ်နိုင်စေရန် နိုင်ငံပိုင်
လုပ်ငန်းတွေ ရုံးလုပ်ငန်းတွေ ပုံမှန်
မလည်ပတ်နိုင်စေဖို့
ရပ်တန့်သွားစေရန်
CDM ထဲပါဝင်ကြဖို့တိုက်တွန်းခဲ့ကြတယ်။

အဓိက ပြဿနာက
ပညာရေးဝန်ထမ်းတွေ
ကျန်းမာရေးဝန်ထမ်းတွေ
CDM ထဲပါဝင်မှုကြောင့်
အတော်လေး အခက်ကြုံသွားရတယ်။

ကိုယ်ဗစ်က တတိယလှိုင်း
ပြင်းထန်စွာ ရိုက်ခက်လာတဲ့အချိန်မှာ
ရောဂါကပြင်းထန် ဆေးရုံဆေးခန်းမှာ
ကျန်းမာရေးဝန်ထမ်းတွေက
လုံလောက်မှုမရှိ အောက်ဆီဂျင်က
အရေးပေါ်လိုအပ်ချက်ရှိ
ပြည်သူလူထုက ကိုယ်ဗစ်ကြောင့်
သေဆုံးမှုတွေမြှင့်တက်လာ 
နစက အစိုးရကလည်း အတော်လေး
အလုပ်ရှုပ် ဝေဖန်မှုတွေမြှင့်တက်လာခဲ့တယ်။

ဒီလောက် ကိုယ်ဗစ် တတိယ
လှိုင်းပြင်းထန်နေလို့ ကျန်းမာရေးဝန်ထမ်းများ
လုံလောက်စွာမရှိတဲ့အခါမှာတောင်မှ
ပြည်ဖျက်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေက
အဖျက်အမှောက် လုပ်ငန်းတွေလုပ်ဆောင်
ခဲ့ကြတယ် ကိုယ်ဗစ်စင်တာတွေကို
ဗုံးထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြတယ်
CDM မပါဝင်တဲ့ ကျန်းမာရေး
ဝန်ထမ်းကိုပြဿနာရှာ လုပ်ကြံ
သတ်ဖြတ်ခဲ့ကြတယ်။

ဒါ့အပြင် ပြည်ဖျက်အကြမ်းဖက်
အဖွဲ့စည်းတွေက
ပြည်တွင်းရေးပြဿနာကိုပိုကြီးထွါးအောင်
ကြားလူတွေ ဆွဲသွင်းခဲ့ကြတယ်။

နစက အစိုးရကို
ပြုတ်ကျသွားအောင်
ကျဆုံးသွါးအောင် ပြည်တွင်းပြည်ပ
ပူးပေါင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြတယ်
ကြိုးစားနေစဲဖြစ်ကြတယ်
CRPH က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
သွားပေါင်းလိုက် ဆာဆာဆိုတဲ့
စိတ်ကူးယဉ်သမားလေးကလည်း
တပ်မတော်ကို UN တပ်၊ P2P တပ်တွေနဲ့
ပူးပေါင်းတိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတယ်
ပြည်ပအန္တရာယ်ကို လက်ယှက်ဖိတ်ခေါ်ခဲ့ကြတယ်

မင်းကိုနိုင်တို့ ပန်ဆယ်လိုတို့
မျိုးရန်နောင်သိန်း တို့က ဘာလာပြီ
ညာလာပြီနဲ့ ၇၂ နှစ်နာရီစောင့်
၄၂ နာရီစောင့်ဘာဖြစ်မယ်
ညာဖြစ်မယ်နဲ့ ထိုင်းမှာ အမေရိကန်
တပ်တွေရောက် နေပြီ ပြည်သူတွေအား
တင်းထားကြပါ ငြိမ်မနေနဲ့ ခံချဆိုပြီး
မြှောက်ပငိ့ပေးခဲ့ကြတယ်။

ပြည်သူလုကို
အရူးလုပ်ခဲ့ကြတယ်ဗျ

အဲ့သည့်တော့ ဒီတိုင်းပြည်
ဆင်းရဲတွင်းထဲမရောက်စေဘူးလား။

ဒါတွေက ၂၀၂၁ ပဲရှိသေးတယ်
နစက အစိုးရလက်ထက်ပဲရှိသေးတယ်
ပထမ ၊ဒုတိယ အာဏာသိမ်းခဲ့တဲ့
အချိန်တုန်းကာလတုန်းကဆို ပိုဆိုးခဲ့တယ်
တိုင်းပြည်ကို ပြည်တွင်းပြည်ပ
အန္တရာယ်တွေပတ်လည်ဝိုင်းခံထားရသည့်
ကြားကနေ ပိတ်ဆို့မှုတွေကြားကနေ
တိုးထွက်လာခဲ့ပြီး တိုင်းပြည်ကို
စိတ်ချရလောက်တဲ့ အခြေအနေတစ်ခု
အထိကို ကြိုးစားရုန်းကန်ခဲ့ကြရတယ်

ပါတီစုံဒီမိုကရေစီ စနစ်ကို
အခက်အခဲအကြပ်အတည်းတွေကြားကနေ
လမ်းခင်းပေးခဲ့ကြတယ်
ဒီ ပါတီစုံဒီမိုကရေစီ စနစ်လမ်း
ကြောင်းပေါ် သို့ ၁၀ စုနှစ်လောက်
လျှောက်လှမ်းခဲ့ကြတယ်
ပထမ ဦးသိန်းစိန်အစိုးရလက်ထက်
ဒုတိယ ဒေါ်စုကြည်ဦးဆောင်တဲ့ NLD
အစိုးရလက်ထက် ပါတီစုံဒီမိုကရေစီ
စနစ်ကို အစိုးရနှစ်ဆက်
မှန်မှန်ကန်ကန် နဲ့ လျှောက်လှမ်းနိုင်ခဲ့ကြတယ်။

ဒါပေမယ့် 
ဒေါ်စုကြည်ဦးဆောင်တဲ့ NLD
အစိုးရလက်ထက်၌
၂၀၂၀ ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲတွင်
NLD အစိုးရက မှန်ကန်မှုမရှိခဲ့ပဲ
ဒီမိုကရေစီ ယာဉ်ကျေးမှုမရှိ
နိုင်ငံရေးဂုဏ်သိက္ခာမရှိတဲ့လုပ်ရပ်
တွေကြောင့်တိုင်းပြည် ယခုလိုခေတ်နောက်သို့
ပြန်ရောက်လာခဲ့ကြတယ်။

အဲ့သည့်တော့
ကျနော်တို့တိုင်းပြည်ကြီးဟာ
သစ္စာဖောက်တွေပြည့်နက်နေပြီ
လက်နက်ကိုင်တွေပေါများနေပြီ
ပြည်ပနိုင်ငံတွေရဲ့ဖိအားတွေနဲ့ပိတ်ဆို့မှုတွေနဲ့
မျိုးစုံရင်ဆိုင် ကြုံတွေ့ခဲ့ကြရပြီ
ပြည်တွင်းစစ်နဲ့ နှစ်ပေါင်းများစွာ နှစ်ပါးသွားလာ
ခဲ့ရတဲ့တိုင်းပြည်ကြီးဟာ

စီးပွားရေးတွေကောင်းပါတော့မလား
လူမှုရေးတွေကောင်းပါတော့မလား
စည်းလုံးမှု တွေကောင်းပါတော့မလားဗျ
လူမှုရေးတွေ၊စည်းလုံးမှုတွေမကောင်းအောင်
ဟို ယခင် ၈၈ လောက်ကတည်းက
ပြည်သူတွေရဲ့ ရင်ထဲအသဲထဲကို
အမုန်းတရားတွေ ရိုက်သွင်းပေးခဲ့ကြတာပါ
၂၀၂၀၊၂၀၂၁ မှာလည်းပဲ
NLD အကြမ်းဖက်တို့က
ပြည်သူတွေရဲ့ ရင်ထဲအသဲထဲကိုအမုန်းတရားတွေ
ရိုက်သွင်းနေကြတာပဲဗျ။

မြန်မာနိုင်ငံမှာ
ထိုင်းနိုင်ငံလို ၂၁ ကြိမ်လောက်
အာဏာသိမ်းခဲ့ရင် မြန်မာနိုင်ငံ
ဆိုတာ ရစရာတောင်ရှိမှာမဟုတ်ဘူး
ကုန်းကောက်စရာ တောင်ရှိမှာ
မဟုတ်ဘူးဗျ။

New Shape Mzk