Saturday, October 23, 2021

▪️မြန်မာထည်လောကမှာ ပိတ်စလေးတွေရောင်းတာကွာ ဒီအဆင်လေးကပေါက်သွားတယ်။ အကုန်လိုက်ဝယ်ဝတ်ကြတယ်။


▪️ပွဲလမ်းမရှိတာကြာတော့ အပြင်သွားကြတဲ့အခါ
အနီးစပ်ဆုံးဝယ်ထားမိတဲ့ ပေါက်ထည်ကို
ဝတ်သွားမိကြတဲ့သဘော။
အချို့ကျတော့ သူငယ်ချင်းတွေဆင်တူဝတ်ပြီး
ဓာတ်ပုံရိုက်ဖို့ဝတ်ကြတယ်။
အချို့ကတော့ ဘဲက ဒီဝမ်းဆက်ကို
Sg ပေးထားလို့ဝတ်တယ်။

▪️ပေါက်ထည်ဆို မိန်းခလေးတိုင်း
ဝတ်ဖြစ်ကြတာ ငါတို့လက်ထက်မှမဟုတ်ဘူး
ငါတို့အမေတွေ အဖွားတွေလက်ထက်ကတည်းက
ဒီအမူအကျင့်လေးပဲ မယုံရင်မေးကြည့်ကြ။

▪️ဝတ်တဲ့မိန်းခလေးတွေကလည်း အိမ်ကမထွက်ခင်
ဘယ်သူဘာဝတ်မလဲ လိုက်ကြည့်နိုင်တာမှမဟုတ်တာ။

▪️ထူးထူးဆန်းဆန်းတွေလျှောက်တွေးမနေနဲ့
မိန်းခလေးတွေသဘောကအဲ့ဒါပဲ။
ဟိုးအရင်က စကပ်တိုစပြီးခေတ်ထတော့
မိန်းခလေးတိုင်းအတိုဝတ်သလို
Crop top တွေခေတ်စားတော့
မိန်းခလေးတိုင်းခါးတိုဝတ်တယ်။
စတော်ကင်ဆိုတာခေတ်စားပြန်တော့
အားလုံးစတော်ကင်နဲ့။ ဒီသဘောလေးပဲ။

▪️ဒီသဘောတရားကို ကြပ်ပြည့်တဲ့လူတိုင်းသိတယ်ကွာ။
မရှိတဲ့အာဏာရှင်ကို ဇွတ်တော်လှန်နေကြတဲ့
ပြားကိုးဆယ်တို့ ဆယ်ပြားလိုတို့အုပ်စုကတော့
မသိဘူးထင်ပါရဲ့။
သူတစ်ပါးပုံကိုခိုးရိုက် လျှောက်တင်ပြီး
နိုင်ငံရေးနဲ့ရောချကာ 
ဉာဏ်ကြီးရှင်အထာဝင်ဖမ်းနေကြတာတွေ့ရတယ်။

▪️ဖြစ်စဉ်က ဒီလောက်ရိုးရှင်းနေတာ
ခေတ်စားတယ် ဝယ်တယ် ဝတ်တယ် ဒါပဲလေ။
ဘယ့်နှယ့်စစ်တပ်ကပဲ ယတြာသဘောနဲ့
ဝတ်ခိုင်းရတယ်ပဲရှိသေးတယ်။
တစ်ဖွဲ့လုံး genius ဖြစ်နေတာနင်တို့ပဲရှိတယ်
သက်လား။🥴

▪️နီပိတ်တွေရေ သူများကိုပဲ လျှောက်ပြောမနေကြနဲ့။
နင်တို့အိမ်က အမေတွေ အစ်မတွေ ညီမတွေမှာလည်း
နေကြာဝတ်စုံတစ်စုံစီရှိနေနိုင်တာကိုသတိရကြပြီး
မေးမြန်းကြည့်ကြဦး။

▪️တော်ကြာ နင်တို့က‌ရှေ့ကနေ
နေကြာဝမ်းဆက်နဲ့မိန်းခလေးတွေကို 
ဒလန်လိုလို စစ်တပ်ကလူလိုလိုနဲ့
စွပ်စွဲပြီးလျှောက်ဆဲနေတုန်း
နင်တို့ရဲ့ မားသားနဲ့ စစ်စတာတို့က
နေကြာဝမ်းဆက်ကြီးနဲ့ ဘုရားသွားပြီး
ဓာတ်ပုံရိုက်တင်နေဦးမယ်။🥴

▪️တစ်ခုပဲ 👆
ဒီနှစ်မှာ မိန်းခလေးတိုင်းနီးပါး
စိမ်းစိမ်းနီနီပြာပြာဝါဝါ အယူအဆတူတူမတူတူ
ရင်ထဲမှာနေကြာဝတ်စုံကိုသာ
အာသီသလိုဆင်မြန်းချင်ပြီး
ကိုယ့်သဘောနဲ့ကိုယ် အိမ်ကနေထွက်ချလာကြတာတော့
နိမိတ်လို့ဆိုချင်ရင် ဆိုနိုင်တာပေါ့။

▪️နေကြာဆိုတော့ အခြေအနေတွေကြာမယ်ပေါ့။
ဆိုတော့ကာ🙄
တော်လှန်နေသူတွေလည်း ဆက်တော်လှန်ပါဦး
ကြာကြာလေးတော်လှန်ရတော့ ပျော်တယ်မို့လား။🙄
စစ်တပ်ကလည်း အနေကြာစွာအုပ်ချုပ်လိုက်ပါဦး။
သူလည်းအုပ်ချုပ်ရလို့ပျော်မှာပါ။😁

▪️နိမိတ်ကောက်နေကြလို့
ငါလည်းတတ်သလောက် နိမိတ်ကောက်ပေးတာပါ။
ဒီနိမိတ်ကိုမကြိုက်လည်း မတတ်နိုင်ဘူး။

▪️မအောင်မြင်နိုင်တော့သော တော်လှန်ရေးကြောင့်
အယူအဆမတူတဲ့ လူတွေကနေ ‌
သက်မဲ့နေကြာဝမ်းဆက်အထိ
ပတ်ရမ်းနေခြင်းရပ်။✋

#SniperSu