Saturday, October 23, 2021

▪️အခုဆိုရင် ယတြာတိုက်ပွဲကတော့ တော်တော်ကိုပြင်းထန်နေပါတယ်ရှင့်။


🌻နေကြာပန်းဝမ်းဆက်တွေဝတ်ကြတာကို
ယတြာချေတယ်ဆိုပြီး အနီဘက်ကထင်ကြရာကနေ
စတင်တဲ့ ယတြာတိုက်ပွဲပါနော်။

▪️ကျွန်မလည်း တပ်ထဲနေသူဖြစ်ပေမယ့်
နေကြာယတြာတော့ တပ်ထဲမှာမကြားမိဖူးရှင့်။
သူတို့ဘယ်ကကြားလဲတော့ မသိဘူးရှင့်။
ဘယ်သူကများ အချွန်နဲ့ မလိုက်ပါလိမ့်နော်။😁

▪️ဒီဘက်က🌻နေကြာဆိုတော့ 
အိမ်စောင့်အစိုးရက အနေကြာမယ်လို့
တစ်ဖက်ကတွေးတယ်ရှင့်။
ဒါကြောင့် အခုဆိုရင် တန်ပြန်ကြာဖူးယတြာပါတဲ့။
မကြာဘူးဆိုတဲ့ အနက်သဘောနဲ့ 
ကြာဖူးအစိမ်းပုံလေးနဲ့
ပြန်လည်တိုက်ခိုက်လာကြပါတယ်။
ဒါပေမယ့် ကြာဖူးဆိုတော့ တကယ်မကြာဖူးလား
ကြာကြာဖူးရမယ့် သဘောလားဆိုတာတော့
မသိဘူးရှင့်။🥴

▪️အဲ့ဒီအခါမှာ နေကြာစဝတ်စဉ်က
လှလို့ခေတ်စားလို့သာ လိုက်ဝတ်တဲ့
အစိမ်းဘက်ကလည်း ဂလယ်အူကြောင်တွေဖြစ်ပြီး
သူတို့တောင်ယတြာချေသေးတာ ငါတို့လည်း
အတည်ယတြာချေမဟဲ့ဆိုပြီး 
နေကြာဝမ်းဆက်ကို ရွဲ့ပြီးဆက်ဝတ်သူဝတ်
ပြောင်းဖူး🌽ကို တန်ပြန်တင်သူတင်ပေါ့ရှင်။
မပြောင်းပါဖူးပေါ့ အထာက။😎

▪️ဒီအခါမှာ အနီဖက်က 
ဘာယတြာနဲ့တန်ပြန်မလဲမသိပေမယ့်
ကိုယ်ထင်တာကတော့ ပန်းသီး🍎ဖြစ်နိုင်တယ်ရှင့်။
တော်လှန်ရေးခရီးမှာ အနီအားသာမယ်
ပန်းတွေလန်းမယ် သီးပွင့်မယ်ဘာညာပေါ့လေ။
ပြီးတော့တောခိုသူတွေကလည်း တောထဲရောက်မှ
ပန်းသီးရတဲ့ အာဒံ၊ ဧဝအထာနဲ့ 
ချစ်ကျွမ်းဝင်နေကြတာဆိုတော့
ပန်းသီးနဲ့လည်းလိုက်ဖက်ပါတယ်။🥴🍎

▪️အဲ့ဒီလိုသာ ယတြာတဆင့်တက်ရင်
အစိမ်းဘက်ကတော့ ပြောင်းသင့်တဲ့ယတြာက
ဩဇာသီးဖြစ်သင့်ပါတယ်ရှင့်။
အစိမ်းတွေ ကြာကြာဩဇာမြဲအောင်လို့ပါ။😁

▪️ဒီအခါမှာ အမြဲတမ်းသွေးမအေးသွားဖို့
တစ်ဖက်က ဟော့ပေါ့ယတြာပြောင်းပါလိမ့်မယ်။
အိုးပူဆိုတော့ အမြဲတမ်းသွေးပူနေပါတယ်ပေါ့။🥴
အာ့ကျကျတော့ ဒီဘက်ကလည်း
အားကျမခံ လူတိုင်းနီးပါးကြိုက်တဲ့ 
မာလာရှမ်းကောလေးပြောင်းလိုက်ပေါ့။
အာ့ကျမှ စစ်တပ်ကလူကြိုက်များလာမှာလေနော့။
ဘာခက်တာမှတ်လို့။

▪️ဒါကိုတောင်တစ်ဖက်က အလျော့မပေးသေးဘဲ
အစိမ်းတွေကို ကင်ပြမယ်ဟေ့ဆိုပြီး
အသားကင်ယတြာပြောင်းလာခဲ့ရင်
အသားကင်ကိုကောက်ဝါးမယ့် 
ဘီယာယတြာလေးတော့ အသင့်ပြင်ထားပေါ့။

▪️ရေးရင်းနဲ့ဗိုက်တောင်ဆာလာပြီ 😋😁

▪️ဒါကိုမှ မကျေနပ်ကြသေးရင်လည်း
ကျန်ပါသေးတယ်။ အချိုတည်းစရာ ထိုးမုန့်တို့
ဘိန်းမုန့်တို့ ရသေးတယ်နော် ဆက်ချေလိုက်ကြဦး 
သက်လား။

▪️နောက်ဆုံးမောသွားကြတော့လည်း
တစ်တိုင်းပြည်လုံးချေရမှာက
မုန့်လင်မယားယတြာပဲရှိတော့တာ။
အချင်းချင်း ကြိုက်ကြိုက်မကြိုက်ကြိုက်
ထပ်နေလိုက်ကြဆိုရင် ထပ်နေရမှာပဲကို။

▪️ပေါက်ရလျှောက်လုပ်နေကြတယ်။😁
ငါ့ လခွမ်း။🤣🤣

#SniperSu


Related Posts:

  • ဇာတိမာန် ငွေကြယ်ပွင့် ဒီခေါင်းစဥ်လေးပေးတာက အကြောင်းရင်းရှိလို့ပေါ့။ ပြောမှာက ဦးသန့် အကြောင်း။ ဦးသန့်ဆိုရင် အရမ်းတော်တဲ့ပုဂ္ဂိုလ်ကြီး ကမ္ဘာက အလေးအမြတ်ထားရတဲ့ပုဂ္ဂိုလ်ကြီးလို့ သိရတယ်။ ဦးသန့်ဟာ စာရေးဆရာ ဆိုတာကို သိကြသူ ပြောကြသူ နည်းတယ်။ဦးသန့်မှာ … Read More
  • မနေ့က အာဖဂန်မှာ ၁၀ ခုမြောက်မြို့ကို တာလီဘန်အစွန်းရောက်တို့ သိမ်းပါတယ်။ရိုးရိုးမသိမ်းဘူး။ သိမ်းတဲ့မြို့က တာလီဘန်မဟုတ်သူ အာဖဂန်အမျိုးသမီးငယ်တွေကို တာလီဘန်မျိုးဆက်သစ်မွေးဖွားပေးဘို့ မဒိန်းကျင့်ကြသတဲ့။ နိုင်ငံခြားသတင်းတွေကရေးတာပါ။ မြန်မာမကောင်းကြောင်း ဒိုင်ခံရေးနေတဲ့ မာမူပေးစာကမ်းစာ စား မီဒီယာတွေက … Read More
  • ဟလိုရန်ကုန်...ကံကောင်းပါစေ NLD အစိုးရဟောင်းလက်ထက်ကရန်ကုန်တိုင်းရဲတပ်ဖွဲ့အသုံးပြုနေတဲ့ရဲလုံခြုံရေးရေဒီယိုလိုင်းတွေကိုNLDအမာခံလူငယ်တွေနဲ့အတူတူချိတ်ဆက်သုံးစွဲကြတယ်။အထူးသဖြင့်ရန်ကုန်တိုင်းရဲ၊ခရိုင်ရဲနဲ့ယာဥ်ထိန်းရဲတွေသည်ရန်ကုန်လုံခြုံရေးနဲ့သတင်းရရှိရေးခေါင်… Read More
  • ညတိုက်ပွဲညတိုက်ပွဲဆိုသည် နေဝင်ပြီး မှောင်စပျိုးချိန်ကနေစလို့ နောက်တစ်နေ့ မနက်နေထွက်ခါစ အရုဏ်တက်ချိန် အတောအတွင်း ဖြစ်ပွားသောတိုက်ပွဲများအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ညတိုက်ပွဲကိုဆင်နွှဲရခြင်းနှင့်ပတ်သတ်၍ ယေဘူယျအားဖြင့် အဓိကရည်ရွယ်ချက်မ… Read More
  • Afghanistan အရှုပ်တော်ပုံ 🍁မြန်မာနိုင်ငံလိုပါပဲ။ ငါးနှစ်စာ အုပ်ချုပ်ဖူးတဲ့ တာလီဘန်တွေ အာဏာပြန်ရရေး ကြိုးပမ်းနေတဲ့ အာဖဂန်ကတော့ ပွဲကြီးပွဲကောင်းပါပဲ။ တာလီဘန်တပ်တွေ မြို့တော်ကိုကပ်လာတဲ့အချိန်မှာ ထောင်နဲ့ချီတဲ့ အစိုးရတပ်တွေက လက်နက်တွေစွန့်ပြီး ထွက်ပြေးကြသတ… Read More