Sunday, October 24, 2021

#စကားတွေပြောသောဓာတ်ပုံ


ဓာတ်ပုံလေးကိုကြည့်လိုက်ကြပါဗျာ
ဒီဓာတ်ပုံလေးက စကားလုံးပေါင်းများ
စွာ ပြောပြနေပါတယ်...

ဒေါ်စုကြည်ဟာ
နိုင်ငံတော်သမ္မတ မဟုတ်ပါဘူး
ကာကွယ်ရေးဝန်ကြီး မဟုတ်ပါဘူး
ပြည်ထဲရေးဝန်ကြီး မဟုတ်ပါဘူး
တပ်မတော်ဦးစီးချုပ်လည်း မဟုတ်
ပါဘူး...

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
စာအုပ်ထဲမှာပါတဲ့ စာကြောင်းလေး
တစ်ကြောင်းရဲ့ ဝါကျအထားအသို
အပေါ်မှာ အကျအနကောက်ပြီးဇွတ်
အတင်းဖန်တီးယူထားတဲ့ ရာထူးတစ်
ခု အပေါ်မှာ အာဏာယူထားသူတစ်
ယောက်ပါ...

ဒါပေမယ့်လည်း
မြန်မာ့တပ်မတော်က
ဗိုလ်ချုပ်ကြီးတွေဟာ
စစ်သားကောင်းပီသစွာ
ယောကျ်ားကောင်းပီသစွာ
တပ်မတော်သားကောင်းတစ်ယောက်
ပီသစွာ ပြုမူကျင့်ကြံ နေထိုင်ခဲ့ကြပါ
တယ်...

သူ့အပေါ်မှာ
အခုလိုမျိုး လေးလေးစားစား
ရိုရိုသေသေ ဆက်ဆံပေးခဲ့ကြပါတယ်...

ဒါတောင်
အဲဒီအချိန်မှာဒေါ်စုကြည်က
မြန်မာ့တပ်မတော်ကို နည်းမျိုးစုံနဲ့
ဝေဖန်တိုက်ခိုက်နေပါပြီ...

တစ်စစီပြိုကွဲသွားစေဖို့လုပ်ကိုင်
ကြံစည်နေပါပြီ၊သို့သော်လည်း
မြန်မာ့တပ်မတော်က တပ်ဖွဲ့ဝင်
တွေအားလုံး သူ့အပေါ်မှာအခုလိုမျိုး
လေးစားရိုသေစွာဆက်ဆံပေးခဲ့ကြ
ပါတယ်...

မချစ်ပေမယ့်လည်းတာဝန်ကို
ဦးထိပ်ပန်ထားတဲ့ တပ်မတော်သား
တွေပီပီ ဒီလိုမိန်းမရဲ့အရှေ့မှာတောင်
သတိတင်းတင်းဆွဲပြီး အမိန့်နာခံပေး
ခဲ့ကြတာပါဗျာ...

အဲ့ဒါဟာမြန်မာ့တပ်မတော်ကြီးရဲ့
အစဉ်အလာကောင်းတစ်ခုပါပဲဆို
တာကို ဒီဓာတ်ပုံလေးကစကားလုံး
တွေ အများကြီးထက် ပိုပြီးတော့
အဓိပ္ပာယ်ပြည့်စုံအောင်ပြောပြနေ
သလိုပါပဲလို့...

ကျွန်တော်ကပြောရင်-

ဘောမလို့စွပ်စွဲပြီး
မိုက်မိုက်ရိုင်းရိုင်းဆဲကြမှာကို
ကြိုသိနေပေမယ့်လည်းအမှန်တရား
တစ်ခုမို့ ရေးပြလိုက်ရတာပါခင်ဗျာ။

#မင်းအုပ်စိုး
#TheTruths