Sunday, October 24, 2021

▪️မြန်မာပြည်မှာ Squid game ကို စတင်ကစားနေကြပြီဆိုတာ သင်သိပါသလား?


▪️Squid game မှာ အသတ်ခံအစိမ်းဝတ်။
     သတ်ပေးသော ပန်းရောင်ဝတ်။
     သတ်ခိုင်းသော ငွေကြေးရှိ
     လူ့ပြိသာအတန်းအစားဆိုပြီး
     ထင်ရှားသော အစုအဖွဲ့သုံးခုပါဝင်ပါတယ်။

▪️မြန်မာပြည်မှာအခုကစားနေတဲ့
     Squid game ဟာလည်း အလားတူပါဝင်မှုတွေနဲ့ရယ်ပါ။

▪️မနေ့ကစမ်းချောင်းမှာ 
     မော်တော်ပီကေရုံးကို ပစ်သွားတယ်။
     ညနေကျတော့ ပစ်တဲ့မူဗီတက်လာတယ်။
     စမ်းချောင်းဆိုတာ တကယ့်မြို့လယ်ခေါင်
     CCTV နေရာအနှံ့ရှိတတ်သောမြို့နယ်။
     ဒီလိုမြို့နယ်မှာ လုပ်ကြံရေးသမားဟာ
     ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်ခံရနိုင်သော
     သက်သေမူဗီကို ဘာလို့ကားတွင်းကနေ 
     ရိုက်ထားတယ်လို့ ထင်ပါသလဲ?

▪️သက်သေယူတာပါ! ဘာအတွက်လဲ?
     ငွေထုတ်ဖို့အတွက်ပါ!
     ပစ်တဲ့သူဟာ ဘယ်သူပဲဖြစ်ပါစေ
     သူဟာ သက်သေပြငွေထုတ်ဖို့
     မူဗီကိုရိုက်သွားတာဖြစ်ပါတယ်။
     ဒါကြောင့်သူဟာ Squid game ထဲက
     ပစ်ခတ်သူပန်းရောင်ဝတ်ပါပဲ။

▪️သူငွေထုတ်မှာဘယ်သူ့ဆီကလဲ?
     မြန်မာပြည်တွင်းက PDF ကိုငွေထောက်ပံ့သူတွေ၊
     ပြည်ပကနေထောက်ပံ့နေသူတွေ၊
     နိုင်ငံခြားကိုပြေးတဲ့ အနီလော်ဘီတွေလက်ကို 
     မြန်မာပြည်ကိုဖျက်ရန် ဒေါ်လာသိပ်ထည့်ထားသော
     ပြည်ပလက်ဝေခံ ဘာသာခြားအချို့၊
     (ဒီတော်လှန်ရေးမှာ တတိယလူရှိလာပြီဆိုတာ
      တမင်မရေးဖြစ်တာ ဘာသာရေးတွေနွယ်နေလို့
      အခုရေးရတော့မယ်။😥)
      မြန်မာပြည်ကို စစ်မြေပြင်ပြုပြီး မှတ်တိုင်ထူချင်သော
      နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုရဲ့ထောက်ပံ့ငွေတွေ။

▪️အဲ့ဒီငွေအရင်းအမြစ်ဆီကနေတဆင့်
     ငွေထုတ်ဖို့ရိုက်ထားတဲ့ရုပ်သံပါ။
     ပစ်ခတ်ပြတယ်။ တစ်ဆက်တည်းမှာပဲ သူဟာ
     သူငွေထုတ်ရမယ့်သူဆီကိုရုပ်သံကိုတင်တယ်။ 
     ငွေယူတယ်။

▪️ဒါပေမယ့် သူ့ကိုငွေပေးတဲ့ကောင်က
     ဒီရုပ်သံကိုဖြန့်လိုက်ပါတယ်။ဘာကြောင့်ပါလဲ? 
     ဒီ Movie ကြောင့် ပစ်ခတ်သူတို့ဟာ
     အဖမ်းခံရနိုင်ခြေရှိတယ်လေ။
     ဘာလို့မူဗီကိုဖြန့်တာလဲ?

▪️‌ရှင်းရှင်းလေးပါ။ 
     သူ့ကိုငွေပေးတဲ့ကောင်တွေကလည်းလက်ဝေခံအဆင့်ပါ။
     ဒါကြောင့် သူတို့ကိုငွေပေးနေတဲ့ 
     ပြည်တွင်းကခွေးတွေနဲ့
     ပြည်ပကခွေးတွေကို အီးနံ့လှမ်းပေးတာပါ။
     အခုဆိုကြည့် အီးနံ့ရလို့ 
     Media တွေရဲ့အောက်က
     မန့်တွေမှာခွေးတွေမြူးနေလေရဲ့။😏

▪️ဒါမှသာ ဘာမှလည်းမဖြစ်လာသေးဘူးဆိုပြီး
     စိတ်ဓာတ်ကျနေတဲ့ အလှူရှင်တွေဟာ
     မိုတီတွေရပြီး ရင်တွေခုန်မယ်။
     ဒါမျိုးမြင်ကွင်း ထပ်မြင်ချင်ရင်ငွေထပ်ထည့်ကြဆိုပြီး 
     ငွေတောင်းမယ်လေ။ မယုံရင် လေ့လာလိုက်
     အနီဘက်ကငွေကောက်နေတဲ့ကောင်တွေ
     ဒီရက်ပိုင်းအဲ့ဒီ Movie ကိုပြပြပြီး 
     ဒါမျိုးကြည့်ချင်ရင်
     များများလှူကြပါလို့ပြောလိမ့်မယ်။

▪️လအချို့ကြာလို့ သွေးအေးသလိုရှိလာရင်
     အဲ့ဒီလိုရမ်းပစ် Movie တွေထပ်တက်ပြီး
     မိုတီပေးလိမ့်မယ်။
     ဒါဟာ ဗျူဟာပဲ ဗျူဟာတောင်ရိုးရိုးဗျူဟာမဟုတ်ဘူး။
      အဆင့်မြင့်‌ ခွေးသူတောင်းစားဗျူဟာ အသစ်။🙄

▪️သူတို့ကို အလုပ်လုပ်ပေးသူတွေ 
     အဖမ်းခံရမခံရဆိုတာ သူတို့အရေးမဟုတ်ဘူး။
     သူတို့အရေးက မျောက်ပြဆန်တောင်းအထာနဲ့
     ဒီလုပ်ရပ်ကိုပြပြီး ငွေထပ်တောင်းဖို့ကသူတို့အလုပ်။
     ဘာကြောင့် ငွေကိုပဲတောင်းနေကြလဲဆိုတော့
     အလှူငွေ ၉၀%က သူတို့ရတယ်လေ။
     ၁၀% ပဲအလှူပြကြတာ။
     ကိုယ့်လောကအကြောင်းကိုယ်သိပါတယ်။
     ငါသိပ်ပြောပြစရာမလိုပါဘူးနော့။😏

▪️ငွေတွေလှည့်ပတ်ပြီး 
     အချင်းချင်းထိုးကျွေးနေသော ကစားပွဲကြီး။
     ငွေထည့်တဲ့ အောက်တန်းစားနီပိတ်နဲ့ 
     နီပေါတွေကလည်း Squid game ထဲက
     သူများသေကြေတာကို
     အရက်သောက်ပြီးလာကြည့်ကာ ပျော်နေကြတဲ့
     တဏှာရူး ဝတုတ်အင်္ဂလိပ်လိုပဲ ရွံစရာတွေ။

▪️ငါပြောတာမှားတယ်ထင်ရင် အခုဖြစ်စဉ်တွေမှာ 
     ကိုယ်ဘယ်လိုစိတ်နဲ့ပါဝင်ထားလဲဆိုတာ
     တွေးကြည့်ပေါ့။
     ဓမ္မတွေ အဓမ္မတွေနဲ့သောက်ပိုတွေလာမပြောနဲ့။
     ကိုယ့်သောက်ကြောင်းကိုယ်သိကြ။😏

▪️အသတ်ခံရမှာစိုးလို့ အမှားမခံရဲဘဲကြောက်နေရရင်
     အဲ့ဒါမင်းသားတို့လိုအစိမ်းဝတ်အဖွဲ့ပဲ။
     သေနတ်ကိုင်ပြီးသတ်နေသူဆိုရင် 
     အဲ့ဒါ ပန်းရောင်ဝတ်ပဲ။
     ‌ဒီတော်လှန်ရေးမှာ ငွေထည့်ပြီးသူများသေရင်
     ပျော်နေသူဆိုရင် အဲ့ဒါပွဲလာကြည့်တဲ့
     ငွေရှိတဏှာရူးအဖွဲ့။

▪️တစ်ခုတော့ရှိတာပေါ့နော်။
     ပန်းရောင်ဝတ်လည်း မျက်နှာပေါ်ရင်
     အသတ်ခံရသလို
     ငွေရှိတဏှာရူးလည်း ရဲကိုသွားဖွန်မိရင်
     စောင့်ခွက်ရိုက်ခံရနိုင်ပါတယ်နော်။
     မရှင်းရင် Squid game ကိုကြည့်။😏

▪️နောက်တစ်ခုမတူတာရှိ‌သေးတယ်။
     ပန်းရောင်ဝတ်လည်းမိရင် အစိမ်းဝတ်ကကင်မှာပါ။
     ငွေရှိတဏှာရူးတွေလည်း နိုင်ငံခြားထိမပြေးနိုင်ရင်
     အချိန်မရွေး အစိမ်းဝတ်ဘဝကျရောက်သွားနိုင်ပါတယ်။

▪️ငွေယူပြီးသတ်တဲ့လုပ်ငန်းစဉ်ဟာ 
     ကြေးစားဆန်သွားပါပြီ။
     ပိုဆိုးတာက By name နဲ့သတ်ရတာမဟုတ်ဘူး။
     သတ်ပြရင်ရပြီ။ သတ်ပြီးမှ By name တပ်ရတာ။
     အဲ့ဒီနာမည်က ဒလန်တဲ့။
     မင်းတို့မွေးတဲ့မျောက်နာမည်က ဒလန်လေ။
     မင်းတို့ကိုပြန်ခြောက်ပါလိမ့်မယ်။

▪️ဆိုတော့ကာ ကိုယ့်သေတွင်းကိုယ်တူးကြတဲ့
     မြန်မာပြည်သားတို့ ငွေတွေဆက်ထည့်ကြပါ။
     ဒါမျိုးမူဗီတွေကို များများပျော်ကြပါ။
     အခုဆိုရင် ဒလန်ပြဿနာကနေ လူမှားသတ်တာတွေ
     ဖြစ်လာပါပြီ။

▪️တကယ်ကမှားသတ်တာမဟုတ်ပါဘူး။
     လွယ်လို့သတ်သွားတာပါ။
     ဘယ်သူ့သတ်သတ်ငွေရမှတော့
     ဘယ်သူကအချိန်ပေးပြီး ဒလန်စစ်မစစ်
     ကိုယ့်လူဟုတ်မဟုတ် စစ်ဆေးနေမှာလဲ။

▪️မင်းတို့‌သေနတ်ပေးထားတဲ့ကောင်တွေက
     အဲ့ဒီလောက်ထိလည်း ဉာဏ်မရှိကြဘူးဆိုတာသိ။
     ဉာဏ်မရှိတဲ့အပြင် စည်းလည်းမထားတော့
     ဘယ်သူ့ရရသတ်မှာပဲ။

▪️ငါပြောတာကိုမယုံရင်
     မင်းတို့ပါစင်နယ်အငြိုးနဲ့သတ်ချင်သူကို
     ငွေတစ်သိန်းပဲရင်း သတ်နိုင်စေရမယ်။
     အဲ့ဒီလိုပဲ မင်းတို့ကိုမုန်းနေသူတွေကလည်း
     မင်းတို့အသက်ကို ရဖို့အတွက်ကုန်မယ့်ငွေက
     တစ်သိန်းပတ်ချာလည်ပဲရှိတယ်ဆိုတာ
     သဘောပေါက်ထားကြ။😏

▪️မြန်မာပြည်မှာနေရင် ဘယ်သူမဆိုအချိန်မရွေး
     အသတ်ခံရနိုင်တယ်။
     အသတ်ခံရပြီးရင်လည်း မူဗီနဲ့တကွ
     ဓာတ်ပုံနဲ့တကွ ဂရုတကာနဲ့
     Media တကာမှာ ကိုယ်သေတာကို
     အောင်သေအောင်သားထိုင်စားပြီးကြည့်မယ့်
     လူတွေရှေ့မှာ အသုံးတော်ခံရဦးမယ်။
     ကျန်ရစ်တဲ့မိသားစုကတော့ ရင်ကွဲနာကျပေါ့။😥

▪️ဒီလိုပါပဲ
     ငါတို့က ဆင်းရဲတဲ့တိုင်းပြည်လေးတစ်ခုပဲလေ။
     ငါတို့က Squid game ထဲက
     အစိမ်းဝတ်တွေလိုပဲ ကမ္ဘာကြီးပေါ်မှာ
     အလှောင်ခံ အနှိမ်ခံတိုင်းပြည်တစ်ခုပဲ။
     ဒီကြားထဲမှာ ငါတို့အချင်းချင်းကလည်း
     မညီညွှတ်ကြဘဲ ထသတ်ကြသေးတယ်မို့လား။
     ပညာကလည်းမတတ်ကြတော့ အသိတရားလည်း
     မဲ့ကြတယ်လေ။
     မြှောက်ပေးရင် ဂွေးတက်အောင်ကကြတာပဲ။😏

▪️ဆိုတော့ ဒီနေ့ပျော်နေသူတွေရဲ့မိသားစုတွေလည်း
     နောက်နေ့သားကောင်ဖြစ်သွားနိုင်ပါတယ်။
     လောလောဆယ်ပျော်ပြီး အကုသိုလ်ယူကြပါ။

▪️ငါတို့ကတော့ ဘယ်သူသေသေမပျော်နိုင်တဲ့အပြင်
     ချင့်ချိန်တွေးတောတတ်တော့ 
     တိုင်းပြည်ရှေ့ရေးကိုသာ ရင်လေးမိပါတယ်။

▪️ပိုးဖလံမျိုး မီးကိုတိုးတဲ့။
     ဒါပေမယ့် ပိုးဖလံအတွက်ကတော့
     ငါတို့တိုးနေမိတဲ့မီးက 
     သိပ်ကိုလှပနေပါရောလားတဲ့လေ။😥

▪️ကယ်နိုင်ဖွယ်ရာမရှိတော့ပါပေ။😥

#SniperSu

▪️မှတ်ချက်▪️
Squid game မှာပါတဲ့အဖိုးကြီးကို
မှတ်မိမှာပေါ့။
အဲ့ဒီအဖိုးကြီးလိုပဲ ဒါတွေကိုစဖန်တီးတဲ့
တရားခံအစစ်က ဟန်ဆောင်‌ပြီးနေတယ်။
မသိရင်သူပါ အသတ်ခံရမှာစိုးလို့
ကြောက်ကြောက်နဲ့ ကစားနေရတဲ့အထာနဲ့
နွမ်းပါးပြနေလေရဲ့။
တကယ်က ဒီကစားပွဲကသူဖန်တီးခဲ့တဲ့
ငါးနှစ်စာ ယိုယွင်းမှု
လမ်းကြောင်းတွေကနေစတင်ဖြစ်လာတာ။
သူ့အကြောင်းတော့ထည့်မရေးတော့ဘူး။
သူ့သမိုင်းကိုသူရေးလိမ့်မယ်။