Wednesday, December 1, 2021

ပြည်မြို့က 'ခိုင်တလုံး'ရွှေဆိုင်ကို ကော်သေနတ်နဲ့ဝင်ရောက် လုယက်


ပြည် ၊ ဒီဇင်ဘာ ၁-၂၀၂၁
GH ( VOM )

 ပြည်မြို့က မြို့မဈေးကြီးမှာဖွင့်လှစ်ထားတဲ့ 'ခိုင်တလုံး'ရွှေဆိုင်ကို အမျိုးသားတဦးက ကော်သေနတ်နဲ့ ပစ္စည်းလုယူမှု ဒီကနေ့မနက် ၈ နာရီလောက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

" ဆိုင်ပိုင်ရှင်ကို လက်စွပ်ကြည့်ချင်လို့ ပြပါအုံးဆိုပြီး ပြခိုင်းရာကနေ သေနတ်နဲ့ခြိမ်းခြောက်လုတာ၊ လုတော့ ပိုင်ရှင်နဲ့ဝရုန်းသုန်းကားဖြစ်ပြီး ပစ္စည်းယူထွက်ပြေးချိန် စျေးထဲမှာဝိုင်းဖမ်းကြတာ မိတယ်။မိမှ ကော်သေနတ်ဆိုတာသိရတာ။ ပစ္စည်းတွေလည်းပြန်ရတယ်လို့သိရတယ် " လို့ မြိုမစျေးကြီးရှိစျေးသည်တဦးကပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ လုယက်သူအမျိုးသားကို ပြည်မြို့မဈေးခေါင်းရုံးကနေတဆင့် ရဲတွေကိုအပ်လိုက်တယ်လို့ သိရပါတယ်။

ပြည်မြို့မှာ လုယက်မှုတွေအဖြစ်များနေပေမယ့် အခုလို သေနတ်နဲ့ချိန်းခြောက်ပြီး ရွှေဆိုင်ဝင်လုတဲ့ဖြစ်စဉ်ကတော့ အရင်ကမရှိခဲ့ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ပြည်မြို့ #ရွှေဆိုင်လုယက်မှု