Saturday, December 4, 2021

" တစ်နိုင်ငံလုံးထိခိုက်နစ်နာစေတဲ့ လုပ်ကြံ တိုက်ခိုက်မှုတစ်ခု "စားအုန်းဆီကို ဓါတုဆေးအနံ့ထည့်ပြီး မြေပဲဆီအတု၊ နှမ်းဆီအတုလုပ်၊ အစစ်ထက် စျေးလျော့ ရောင်းတော့တောင်သူ စီးပွားရေးကော၊ စားသုံးသူ ကျန်းမာရေးကော နာပြီးရင်းနာ၊ အသက်တွေ တိုပြီးရင်းတို တာပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~
( ရေးသင့်ပြီထင်လို့ ရေး လိုက်ရပါတယ် ခင်ဗျာ )
- - - - - - - - - - - - - - - - - - - - - - - - - - - - -
မြန်မာနိုင်ငံရဲ့ စားသုံးဆီလောက ထဲကို ဓာတုအနံ့ မြေပဲဆီ၊ နှမ်းဆီရောက်တာ 2012/13ခုနှစ် ကတည်းကပါ။
တရုတ်နိုင်ငံသား လူငယ်တယောက် ဘာသာပြန်နဲ့ အတူ အိမ်ရောက်လာပြီး နမူနာ ပုလင်းလေးတွေပြပြီး ရှင်းပြ ပါတယ်။

ကျနော့်အနေနဲ့ ဒါသည် စားသုံးသူကို လိမ်လည်တာဘဲဖြစ်တယ် မလုပ်သင့်ဘူး လို့ပြောပြပါတယ်။ နောက်ဓာတုအနံ့ ဖြစ်လို့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်၊ အနံ့က ပြင်းလွန်းတယ်၊ လို့ပြောပြ ပါတယ်၊ သူ့ကတော့ နမူနာ ပုလင်းငယ် ၄ပုလင်းထားပြီး ပြန်သွားခဲ့ပါတယ်။

ကျနော်လည်းFDAမှတာဝန်ရှိ သူတဦးကို ပြောပြပြီးနမူနာ ပုလင်းငယ်များကို FDAရန်ကုန်ရုံးခွဲကို ပို့ပေးခဲ့ပါတယ်။
ခုတော့ ဓာတုအနံ့ မြေပဲဆီအတု၊ နှမ်းဆီအတုက တနိုင်ငံလုံး ပြန့်လို့ နေပါပြီ၊
စားသုံးသူရေးရာမှာ ကျနော် စတင် ပါသည့် 2014ခုနှစ် ကတည်းက အစည်းအဝေး တက်တိုင်း ဒီဓာတုအနံ့ ရဲ့စျေးကွက်ကို လွှမ်းမိုးမှုက တဖြေးဖြေးကြီး လာပါပြီ၊ အချိန်မီ တားဆီးပေးဖို့ ပြောရင်းနဲ့ကို 2016/17မှာ စျေးကွက်ရဲ့ 80% ဖြစ်သွား ပါပြီ။

မြန်မာနိုင်ငံရဲ့ စားသုံးဆီ စျေးကွက်မှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုတ်ဆီတွေ ပြန်ကြော်ဆီ တွေကို ဓာတု အနံ့ပေး မြေပဲဆီအတု၊ နှမ်းဆီအတု လုပ်ရောင်း နေတာကို မတားမြစ်နိုင်တာ ကစပြီး တိုင်းပြည်ရဲ့ အခြေခံလယ်ယာ ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ စားသုံးသူ ကျန်းမာရေး၊ သွင်းကုန်အစားထိုး ပို့ကုန်မြှင့်တင်ရေး၊ ဆီစက်များ စဉ်ဆက်မပြတ် တိုးတက်ရေး တွေကိုပါ ထိခိုက်သွာပါပြီ၊

အချိန်က2012-2016ဆိုတာလေးပါ။
အမှိုက်ကစ ပြဿဒ် မီးလောင်၊ အပ်နဲ့ ထွင်းရမှာ ပုဆိန်နဲ့ထွင်းတဲ့ အလုပ် ဖြစ်နေရပြီ၊
မကြာခင် မြေပဲဆံ၊ နှမ်း တွေပေါ်လာ ပါတော့မယ်၊ တောင်သူတွေ ငိုရပါဦးမယ်၊ စိုက်စရိတ်ထက် နိမ့်သော သီးနှံစျေးတွေနဲ့ ရောင်းရ ပါဦးတော့မယ်၊ 
မြေပဲဆီ တပိဿာ၃၀၀၀ကျပ်
နှမ်းဆီ တပိဿာ၂၅၀၀ကျပ်ရောင်းတာ တောင် မြန်မာတွေက ဓာတုအနံ့ မြေပဲဆီတု၂၂၀၀ကျပ်၊ နှမ်းဆီတု ၂၀၀၀ကျပ်တန်လောက် ရှာစား နေကြချိန်မှာ---
ဒီအချိန်မှာ တရုတ် ကုန်သည်တွေက မြေပဲလုံးဆန် အကောင်း၊ နှမ်းတွေကို အောက်စျေးနဲ့ဝယ် သူ့နိုင်ငံမှာ မြေပဲဆီ တပိဿာ တသောင်းကျော်၊ နှမ်းကို ဆန်ကာချ အဆင့်မြှင့် စက်ကိရိယာသုံး ဂျပန်ကို ရောင်းဖို့ ပြင်နေကြပြီဆိုတာ လူကြီးတွေ သိစေချင်ပါတယ်။

CODEX STANDARD ကြောင့် FDA က ဓာတုအနံ့ကို အရေးယူလို့မရဘူးလား၊
စားသုံးသူရေးရာ ဥပဒေထဲမှာ ဓာတုအနံ့ကို အရေးယူဖို့ ဥပဒေ မပါဘူးလား၊
မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွား တခုလုံးကို ဝိသမ သမားလက်တဆုပ်စာ ဓာတုအနံ့ရောင်းတဲ့၂၆လမ်း၊ ၂၇လမ်း ကုန်စျေးတန်းလမ်း၊ သိမ်ကြီးစျေး (A)ရုံမှာ ရှိတဲ့ ဆိုင်၆၀လောက်က ချယ်လှယ် နေတာကိုတော့ အံ့သြနေမိ ပါတယ်။

ကျနော်ပြောသင့်လို့ ပြောခဲ့ပေါင်း လည်းများခဲ့ပါပြီ၊ ခုရေးသင့်လို့ ရေးလိုက် ရပါတယ်။
မြန်မာပြည်သူ ပြည်သား အပေါင်း လိမ်ညာမှု ဘေးမှ ကင်းဝေးပါစေ။

တိုင်းပြည်ရဲ့ အခြေခံ ကုန်ထုတ်လုပ်သူ တောင်သူလယ်သမား မွေးမြူရေးသမား စက်သမားများလည်း ကြီးပွား ချမ်းသာကြပါစေ။
တနိုင်ငံလုံး၇၀% အခြေခံ လူတန်းစားများ ပြည့်စုံချမ်းသာပြီး ကျန်၃၀% လူတန်းစားများ တိုးတက်ကြပါစေ။

ကောင်းမွန် တိုးတက်သော အနာဂါတ် မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး ဖြစ်တည် လာပါစေလို့ ဆုတောင်း လိုက်ပါတယ်။
Credit# Happy Family မြေပဲဆီသန့် View shop