Wednesday, December 8, 2021

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကျွန်တော်ငါးမင်းဆွေ သဘောထားကွဲလွဲပါသည်။


ယနေ့ပြုလုပ်သော စာဆိုတော်နေ့အခန်းအနားတွင် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်ကြီးဟု ပြောဆိုခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး နယ်ချဲ့ကို တော်လှန်တိုက်ခိုက်ခဲ့သောကြောင့် လွတ်လပ်ရေးရခဲ့သည့်အတွက် ဗိုလ်ချုပ်သည် လွတ်လပ်ရေးဖခင်ဖြစ်သည်ဟု သမိုင်းဘာသာရပ်တွင် သင်ခဲ့ရသည်။ထိုသမိုင်းသည် လိမ်ညာထားသောသမိုင်းဖြစ်သည်။

နယ်ချဲ့ကို တော်လှန်တိုက်ခိုက်ခြင်းမပြုဘဲ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရခဲ့သည်။ထို့အတူ ယူဂန္ဓာ၊ဘော့ဆွာနာ၊ဇင်ဘာဘွေစသော အာဖရိကနိုင်ငံများသည် နယ်ချဲ့ကို တော်လှန်တိုက်ခိုက်ခြင်းမပြုဘဲ လွတ်လပ်ရေးရခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလန်သွားပြီး လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် လွတ်လပ်ရေးရခဲ့သည့်အတွက် ဗိုလ်ချုပ်သည် လွတ်လပ်ရေးဖခင်ဖြစ်သည်ဟု သမိုင်းတွင်သင်ခဲ့ရသည်။ထိုသမိုင်းမှာလည်း လိမ်ညာထားသောသမိုင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် အမေရိကန်သည် ဆူပါပါဝါနိုင်ငံဖြစ်လိုသောကြောင့် ဗြိတိသျှနှင့်ပြင်သစ်တို့ အားနည်းသွားစေရန် ထိုနိုင်ငံများ၏ ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးရန် အမေရိကန်က ဖိအားပေးခဲ့သည်။အမေရိကန်ဦးဆောင်ပြီးချုပ်ဆိုခဲ့သော အတ္တလန်တိတ်ချာတာစာချုပ်တွင် ကိုလိုနီနိုင်ငံများကို မဖြစ်မနေလွတ်လပ်ရေးပေးရမည်ဟု ပါရှိခဲ့သည်။ထိုစာချုပ်ကြောင့် ကိုလိုနီနိုင်ငံအားလုံးလွတ်လပ်ရေးရခဲ့သည်။လွတ်လပ်ရေးသည် ဗိုလ်ချုပ်အောင်ဆန်းတောင်းခဲ့သောကြောင့် ရခဲ့ခြင်းမဟုတ်ပါ။အတ္တလန်တိတ်ချာတာစာချုပ်ကြောင့် ရခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးဖခင်မဟုတ်ပါ။ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာအမျိုးသားခေါင်းဆောင်ကြီးဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်ဟု ပြောကြားခဲ့သော နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကျွန်တော်ငါးမင်းဆွေ သဘောထားကွဲလွဲပါသည်။

ငါးမင်းဆွေ
၄-၁၂-၂၀၂၁