Wednesday, December 8, 2021

အပူပိုင်းဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများနှင့် ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော် ဆောင်ရွက်မည်

……………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၆ (People Media)

အပူပိုင်းဒေသ လွင်တီးခေါင်ပြင်မြေများတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများနှင့် ရေပေါ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ (Floating Solar Plants) ကိုလည်း အကောင်အ ထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ယမန်နေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက မြန်မာနိုင်ငံသည် ရေအား၊ နေအား၊ လေအားအစရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သဖြင့် သဘာဝကပေးထားသည့် အား သာချက်ကို ကောင်းစွာအသုံးချပြီး နေရာင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ထိုသို့တည်ဆောက်ရာတွင် မြေဧကများစွာ လိုအပ်သည့်အတွက် နိုင်ငံအတွင်းရှိ စိုက်ပျိုးရေးဆောင်ရွက်ရန် ခက်ခဲသည့်မြေများနှင့် အပူပိုင်းဒေသ လွင်တီးခေါင်ပြင်မြေများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် ဆောင် ရွက်ရန် စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ပြောသည်။

ထပ်မံ၍ မြေပေါ်အခြားမြေပြင်၌ တည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများနှင့် ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ (Floating Solar Plants) ကိုလည်း အ ကောင်အထည်ဖော်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူးက ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း (၁၀ ဒသမ ၉) သန်းကျော်ရှိသည့်အနက် အိမ်ထောင်စု (၆ ဒသမ ၆)သန်းခန့်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ မီးပေးနိုင်ပြီးဖြစ်၍ အိမ်ထောင်စု စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်မီးရရှိသုံးစွဲပြီးသူများအား တည် ငြိမ်သော လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနေသကဲ့သို့ လျှပ်စစ်မီးသုံးစွဲခွင့်မရသေးသူများအတွက် လည်း သုံးစွဲခွင့်ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်း ပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ပြောကြားခဲ့သည်။

#PeopleMedia #လျှပ်စစ်

(unicode)

Related Posts:

  • ဆရာကြီးပျံလွှား ဗျူဟာ အစွမ်း..!!************************26-9-2021 ပုလဲမြို့နယ် တဝိုက် စစ်ကြောင်းများမလာနိုင်ရန် မိုင်းထောင်သော ပုလဲ   PPDF ပျံလွှားစိုးစိုး၏      ယုတ်မာမှုများကြောင့် နယ်ခံ လူ (၁၀)ဦးမိုင်းနင်းသေဆုံးဒဏ်ရာရပြီး     နွား ၁၅ ကောင်မိုင်းနင်းမိပြီ… Read More
  • ဦးသန့်ရေးခဲ့သော “သူငယ်နာမစင်သေးသော ကျနော်တို့လူမျိုး”+++++t+++++h++++u++++r++++a++++by THUTAMM   September 18, 2019  1 (Unicode)လွန်ခဲ့သော နှစ်ပေါင်း ၅၀ခန့်က ဦးသန့်ရေးခဲ့သောစာ ဖြစ်ပါသည်။Oh! We Burmans by Maung Thant ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အ… Read More
  • "စည်းလုံးခြင်းသည် အင်အား"အခုအချိန်မှာ အရေးအကြီးဆုံးအရာတစ်ခုကတော့ ရေပက်မဝင်အောင်စည်းလုံးတဲ့ တပ်တွင်းစည်းလုံးညီညွတ်မှုပါ။ တပ်ထဲမှာ ဘယ်အရာတွေက စည်းလုံးညီညွတ်မှုကို ပြိုကွဲပျက်ပြားစေသလဲဆိုတာတပ်မတော်ခေါင်းဆောင်များသိထားပြီးသားဖြစ်ပါတယ်။ လိုရင်းပြောရရင် ra… Read More
  • သာမညဆရာတော် ရှားပါ ဗီဒီယိုဖိုင်လေပါ ဦဇင်းပန်တနော် ရဲ့ အမှတ်တရလေးပါ#Credit … Read More
  • ပြ ရဲလား ❓"သဉ္ဇာဝင့်ကျော်က လှလို့ပြတာပဲ ဘာဖြစ်လဲ ဆရာမရယ်"( ဆယ်တန်းကျောင်းသူတစ်ဦး "ဆဲတာ သူများပစ္စည်းခိုးတာမှ မဟုတ်တာ   မရှက်ပါဘူး ဆရာမ"( ဆယ်တန်းကျောင်းသားတစ်ဦး )ယနေ့ ကျွန်မရဲ့ ပညာဒါနက ကြည့်မြင်တိုင်မြို့နယ်ထဲက အခြေခံပညာ  အထက်တန်းကျောင… Read More