ကံအားကောင်းလို့ လူဖြစ်ကြတယ်
ကံအားနည်းလို့တိရစ္ဆာန်ဘဝနဲ့နေကြရတယ်
ဒါတောင်မှ သူ့ကံနဲ့သူရှိကြပြန်သေးတယ်၊
.........
မြေးမက
သူ့အခန်းထဲမှာ
French bulldog နဲ့ Pug မွေးထားတယ်
တကယ်အကျပဲ
Dog food ကျွေးတယ်၊ စပါးသွားတယ်
ခရီးထွက်ရင် Caring house မှာ
သွားထားတယ်၊
တိရစ္ဆာန်လေးတွေဖြစ်ပေမဲ့
ကံကောင်းတော့
Pet dog အမျိုးအစားမှာလာဖြစ်ပြီး
ချစ်တတ်တဲ့ သခင်ဆီရောက်တယ်၊
ခြံထဲက
တအိမ်လုံးကို စောင့်ရှောက်ပေးနေတဲ့
Dogo တို့ Pitbull တို့ကြတော့
အကြမ်းအတမ်းအတွက် Guard dog
အမျိုးအစားဖြစ်ပေးရတယ်၊
နေပြင်းရင်
အိမ်ထဲက ခလေးက Aircon နဲ့
ခြံထဲက ခလေးတွေကျတော့
သစ်ပင်အောက် အေးတဲ့နေရာ
သူ့ဖါသူရှာကြရတယ်လေ၊
............
မဟေသီက
မပြောစဖူး Samsung ခေါက်ဖုန်း
လိုချင်တယ်တဲ့၊ ဒါနဲ့ရုံးက ခလေးတယောက်ကို
ခိုင်းလိုက်တယ်၊
Promotion ကာလမို့
၄၄ သိမ်းကို ၃၈ သိန်းချတာရယ်
Order တင်လိုက်တာ 256,
သူတို့မှားပြီး မှာလိုက်တာက 512.
ဒါနဲ့ပဲ 512 ကို ၃၄ သိန်းနဲ့ပဲရလိုက်တယ်၊
တခါကလဲ
Breguet အမျိုးအစား
ကျား+မ စုံရတယ်ဆိုလို့ သွားဝယ်တော့
မဟေသီအတွက်က အသစ်ချက်ချွတ်
ဘမောင် အတွက်က ကျားပါတ်ဆိုပေမဲ့
Model မတူတဲ့ Second hand.
သူ့အလုံးက ဘမောင်ထက် (၃) ဆ
တန်ဘိုးကြီးတယ်၊
ဝယ်ပြီး (၄-၅) ရက်လောက်မှာ
ဘမောင်နာရီက ထဖေါက်တယ်
ဒိလောက်နာမယ်ကြီး နာရီက
ထဖေါက်ရသလား ?
ဒါနဲ့ဆိုင်ပြန်ပို့တော့ စိန်ပါတ်ထားတဲ့
Denial Roth နဲ့ငွေအလိုက် ဆိုင်က
ပြန်ပေးလိုက်ပါတယ်၊ DR ကို
သမီးအငယ်က မြေးလာတာနဲ့
ပေးလိုက်တော့... သွားပြန်ရော၊
..........
ဘမောင်မှာရှိတဲ့ ဝန်ထမ်းတွေမှာလည်း
လူအမျိုးမျိုး ၊ စိတ်အထွေထွေပေါ့၊
ရိုးသားသူတွေရှိသလို မရိုးသားသူတွေလဲပါတယ်
ဆယ်စုနှစ် တခုလောက်ဖြတ်သန်းကြတဲ့အခါ
သူတို့ အလုပ်ပေါ်မှာ ထားကြတဲ့စေတနာအရပဲ
အခွင့်အရေးတွေ၊ ကံတွေကွာလာကြတယ်၊
တော်တဲ့ကျိုးစားတဲ့သူတချို့ဆို
အကောင်င်္ကြီးတွေတောင်ဖြစ်သွားကြပြီ၊
ဟိုမရောက် ဒီမရောက်တွေလဲရှိရဲ့
ရိုးသားသူတွေတချို့ကျတော့
မထက်မြက်ရင်တောင်မှ
လုပ်သက် (၂၀) ကျော်ပြီး
မန်နေဂျာအဆင့်ဆိုရင်
ဘမောင်က Belta လောက်တော့
bonus အဖြစ်ဝယ်ပေးပါတယ်၊
ကွေ့ကွေ့ကောက်ကောက်သမားကျတော့လဲ
သူတို့ဘဝက ရရစားစားက မကျော်နိုင်ကြပြန်ဘူး၊
ပြီးခဲ့တဲ့ (၅) နှစ်နဲ့ အခုတနှစ်နီးပါးမှာ
လုပ်ငန်းရှင်တွေ အတော်လေးအထိနာခဲ့ကြတယ်
ဘမောင်လဲ စူပါမင်းမှမဟုတ်တာ
ဒါပေမဲ့ သတိကြီးကြီးထား၊
ခပ်စေ့စေ့လုပ်တော့ နည်းနည်းပါးပါး
ကြပ်သွားတာနဲ့ ဝင်ငွေ နည်းနည်း
လျော့သွားတာကလွဲလို့
ဘာမှ သိပ်မဖြစ်လိုက်ဘူး၊
မကြာခင် Normalcy ပြန်ရောက်ဖို့ရှိတယ်၊
............
False knowledge ဆိုတာ
အသိမှား၊ အယူမှားတာ၊ အဝိဇ္ဇာဖြစ်တယ်
မိစ္ဆာဒိဌိဖြစ်တယ်လို့ ဗုဒ္ဓက သတိပေးထားတယ်
ရိုးရိုးလူမိုက်တွေထက် အပြစ်ပိုကြီး
အကုသိုလ်ပိုများတယ်၊
ဥပမာ အားဖြင့် .....
အဆိပ်ရှိမှန်းမသိတဲ့အစာကို အဟာရဖြစ်တယ်လို့
ယူဆပြီး များများစားသလိုပေါ့၊
idiot ကလူမိုက်
လူမိုက်ထက်ပိုပြီး အသိမှားသူ False knowledge
တွေက ပိုနက်တဲ့ အမှောင်ထဲ
လျောက်နေကြသူများလို့ တင်စားလို့ရတယ်၊
ပြီးခဲ့တဲ့ (၅) နှစ်မှာ
တဏှာလွန် နွံနစ်
သဒ္ဓါလွန် ကျွန်ဖြစ်သူတွေ
အများကြီးတွေ့လာရတယ်၊
ဘယ်သူတွေ
ဘယ်လောက် ဒုက္ခရောက်နေကြတယ်ဆိုတာ
ပြောစရာမလိုတော့ဘူးလို့ထင်ပါတယ်၊
သားတကွဲ၊ မယားတကွဲ
အမြင့်က ပြုတ်ကျသူတွေတပုံတပင်ပါ
ဘဝတွေဟာ
နေ့နဲ့ည လိုကွာခြားသွားကြတာလဲ
မြင်နိုင်ကြပါလိမ့်မယ်၊
ကုသိုလ်အားကြီးလို့
ဒီဘဝ လူလာဖြစ်ကြပေမဲ့လည်း
ကုသိုလ် တန်းမမှီလို့ ပြန်ဒုက္ခရောက်ကြပြန်တယ်၊
အရာရာဟာ
ပညာဦးစီးပါလို့
ဗုဒ္ဓက အလင်းဖွင့်ပေးထားပြီးခဲ့ပါပြီ
ယူတတ်သူတွေက
နောက်ဘဝရော
သံသရာပါအထိပါ ယူနိုင်ကြပေမဲ့လဲ
အယူမှားသူတွေက
သံသရာအထိ ပါမဲ့ အကုသိုလ်အလုပ်တွေကို
လုပ်ဖြစ်နေကြပြန်တယ်၊
ပညာဆိုတာ
ဘွဲ့တွေမဟုတ်ပါဘူး
အမှား-အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်းသာပါ
အပြစ်မဲ့ပြည်သူကို
သတ်ဖြတ်ခြင်းအပေါ်
မှန်လား-မှားလားဆိုတဲ့ ခံယူချက်အတွက်
ဘွဲ့တွေမလိုပါဘူး၊
အသိပဲလိုပါတယ်၊
ကုသိုလ်အားကြီးလို့
ဒီဘဝလူဖြစ်ကြသူတွေအနေနဲ့
အသိတန်းမှီရင်
နောင်ဘဝအတွက် ပါရမီတခုဖြစ်အောင်
လမ်းမှန်ပေါ်လျောက်သင့်ကြပါတယ်။
အသိတခုဟာ
လူတွေ ....
သူ့ကံနဲ့သူဖြစ်လာအောင်
အကျိုးတရားကိုထုတ်ပေးတဲ့
အခြေခံအကျဆုံးသော
အကြောင်းတရား တခုဖြစ်နေပါတယ်။
#BaMaung.