Saturday, December 4, 2021

မေးပါများစကားရ?


အွန်လိုင်းပေါ်မှာ စတားဖြစ်နေတဲ့ မြန်မာနိုင်ငံနှင့်
ကုလသမဂ္ဂတို့၏ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်
ကိစ္စအကြောင်းအရာပါ။

NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကိုသာ
UN ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိသွား
မည်ဟုသတင်းတွေမှာတွေ့တွေ့နေရပါသည်။

သူ့တို့အထာနှင့်သူတို့ (???)
မြန်မာနိုင်ငံ နစက အစိုးရ၏ နိုင်ငံ့ကိုယ်စားလှယ်
အား ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးမှ လက်ခံသည်
ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ၊

အရေးစိုက်စရာမဟုတ်ဘူးဟုမြင်ပါသည်။

ယနေ့မြန်မာနိုင်ငံအား အုပ်ချုပ်နေသည်မှာ
တိုင်းတစ်ပါးသားနယ်ချဲ့များမဟုတ်ပါ။

NLD အစိုးရဟောင်း၏ လုပ်ရပ်များ၊
ဖြေရှင်းပေးရန်တောင်းဆိုမှုကိစ္စရပ်များ
မျက်ကွယ်ပြု၍ မတရားအာဏာသုံးစွဲမှုများ
ကြောင့် ပြည်သူ့ဆန္ဒအရ 

မြန်မာ့တပ်မတော်မှ ၂၀၀၈ အခြေခံဖွဲ့စည်းပုံ
ဥပဒေအရ ဘောင် အတွင်းမှ နိုင်ငံတော်အာ
ဏာကိုထိန်းခဲ့ရခြင်းဖြစ်ကြောင်း ယုံကြည်ပါသည်။

မြန်မာနိုင်ငံတွင် ပြည်သူ နှစ်မျိုးနှစ်စားရှိပါသည်။

၁။ NLD ကိုထောက်ခံ၍ အကြမ်းဖက်မှု လုပ်ရပ်
   များအား အားပေးအားမြောက်ပြု၍ နိုင်ငံအား
   ပျက်စီးသွားသည်ကိုလိုလားသော ပြည်သူများ

၂။ နိုင်ငံတော်နှင့် အမျိုးဘာသာ၊သာသနာတော်
   ကိုချစ်မြတ်နိုး၍ နိုင်ငံတော် မပျက်စီး မရှုံးဆုံး
   စေနိုင်ရန် ကာကွယ်လိုကြသောပြည်သူများ။

မည်သို့ပင်ဆိုစေကာမူ
ကုလသမဂ္ဂအဖွဲ့အစည်းကြီးအနေဖြင့် ကမ္ဘာက
အသိအမှတ်ပြုထားသည့်အဖွဲ့အစည်းမို့ အမှား
အမှန်ခွဲခြား၍ အမှန်ကိုသိဘို့ကျိုးစားရမည်သာ
ဖြစ်ပါသည်။

ဘေးစကားဖြင့်ဖိအားပေးခြင်း၊ တရားမျှတမှုမရှိခြင်း။
ဘက်လိုက်ခြင်းများ ရှိနေပါက( ရှိနေသည်ဟု)
မြန်မာနိုင်ငံမှ လက်ရှိနိုင်ငံ့တာဝန်ယူထားသည့်
နစက အစိုးရမှ ထင်မြင်ခဲ့သည် ရှိသော်?

နစက၏ကုလသမဂ္ဂကိုယ်စားလှယ်အား
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းမှ အသိအမှတ်
မပြုခဲ့သည်ရှိသော်?

မြန်မာနိုင်ငံ နစက (အိမ်စောင့်) အစိုးရအနေဖြင့်
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ နှုတ် ထွက်သွားရန်
သာ နောက်ဆုံး ဆုံးဖြတ်ပါလိမ့်မည်။

အာဏာထိန်းအစိုးရ ဖြစ်ပေမဲ့ နိုင်ငံတော်၏တာ
ဝန်အလုံးစုံကို ထိန်းကျောင်းတာဝန်ယူနေရသော
အစိုးရတစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရ
ဟုမှတ်ယူရမည်သာဖြစ်ပါသည်။

ထိုအစိုးရအားကုလသမဂ္ဂအဖွဲ့မှအသိအမှတ်ပြု
ခြင်း၊ မပြုခြင်း ကိုယ်စားလှယ်ကိစ္စအငြင်းပွားနေရခြင်းမှာ
လက်ရှိမြန်မာ့အရေးကိုလက်လျူရှု၍

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကျူးလွန်
စေရန်ဆောင်ရွက်နေသော CRPH - NUG
နိုင်ငံမဲ့ အဖွဲ့အား နေရာပေး အရာသွင်းနေခြင်း
က ?

အကြမ်းဖက်လုပ်ရပ်ကိုအားပေးခြင်းလား?
ကုလသမဂ္ဂအဖွဲ့ကြီးကိုယ်တိုင်က ဖိအားအပေး
ခံနေရခြင်းလား?

ဘက်လိုက်၍ပျက်စီးစေခြင်းကိုလိုနေခြင်းလား?
ကမ္ဘာကြီးတရားမျှတမှုရရှိဘို့ ဖွဲ့စည်းထားသည့်
အဖွဲ့အစည်းမို့ အမှားအမှန်ခွဲခြားတတ်ဘို့လိုပါ
လိမ့်မည်။
သူတစ်ပါးနိုင်ငံရေးအား ဝင်ရောက်ချယ်လှယ်နေ
မှုများကို ဟန့်တား တားဆီး ၍ အမှန်တရားကို
တရားမျှတစွာဆုံးဖြတ်ပေးနိုင်ရမည်သာဖြစ်ပါသည်။

အမှန်ဆိုရရင်တော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဟုသာ
ဆိုပါသည်?

ဦးနှောက်မရှိ ကျပ်မပြည့်သောသူများရှိနေပါသည်😁

သင်တို့အမြင်လေးလည်းသိပါရစေ ခင်ဗျာ

မြန်မာနိုင်ငံဆိုတာ
ဘယ်နိုင်ငံကိုမှ မကျူးကျော်ပါ
တစ်ပါးသူကျူးကျော်လာရင်လည်း လက်မခံပါ။

ဘယ်နိုင်ငံရဲ့ နိုင်ငံရေးကိုမှ ဝင်ရောက်စွက်ဖက်ခြင်း
မရှိပါ။
ကိုယ်နိုင်ငံဝင်ရောက်စွက်ဖက်လာရင်လည်း
လုံးဝလက်ခံမည်မဟုတ်ပါ။

လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သော
မြန်မာ နိုင်ငံတော်ဖြစ်ပါသည်။

ဓာတ်ပုံ - CRD 

မောင်ငြိမ်းချမ်း
၃.၁၂.၂၀၂၁