Wednesday, August 4, 2021

" အမှန်တရားဆိုတာ မျက်ကွယ်ပြုလို့မရပါ "


အာရပ်နွေဦး ကျဆုံးရတဲ့ စိတ်ပျက်စရာ ဖြစ်ရပ်မျိုး ကြုံခဲ့ရပြီးတော့ ဥရောပတလွှား ဂျီဟက်ဒစ်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပျံ့နှံ့လာပါတယ်ဆိုတဲ့ ဖော်ပြချက်နဲ့အတူ — ယနေ့မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ရှုပ်ထွေးမှုနှင့် နွေးဦးတော်လှန်ရေးဆိုတဲ့ အစီအစဉ်အောက်မှာ Generation Z ဆိုတဲ့ လူငယ်တွေရဲ့ ဦးတည်ချက်က ဘယ်ကိုလဲ ???

ရိုဟင်ဂျာအရေးမှာ အနောက်နိုင်ငံတွေ ဘာကြောင့် ဝင်မစွက်သင့်ဘူးလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဖက်ဒရယ်လစ်မှာ စူမတ်တျာမစ်တျား ရေးသားထားတဲ့ ဆောင်းပါးကို VOA ကနေ ဖော်ပြထားခဲ့ဖူးပါသေးတယ် ။

အနောက်နိုင်ငံမီဒီယာတွေနဲ့အပြိုင် မြန်မာပြည်တွင်းမီဒီယာ အတော်များများကပါ အစ္စလာမ်မစ်တွေရဲ့ အထောက်အပံ့ကို ကောင်းကောင်းရယူထားကြပါတယ်။ 

အစ္စလာမ်မစ်တွေက လူနည်းစုဖြစ်ရင် လူမျိုးတုန်း သတ်ဖြတ်တာ ခံရတယ်။ လူ့အခွင့်အရေးပေးပါလို့ သူသူငါငါ ပြောကြပါတယ်။ အစ္စလာမ်မစ်တွေ လူများစုဖြစ်တဲ့ နေရာမှာကျတော့ လူ့အခွင့်အရေးတွေ မရှိတော့ဘူးလို့ ကက်ရှမီးယား ပညာရှင်တွေက ပြောကြပါတယ်။ 

ဗြိတိသျှတို့ဆီက လွတ်လပ်ရေးရပြီးကတည်းက အိန္ဒယ နဲ့ ပါကစ္စတန်တို့ သူပိုင် ငါပိုင်ပြောနေကြတဲ့ ကက်ရှမီးယားနယ် သိမ်းပိုက်နိုင်ရေးအတွက် ပါကစ္စတန်ဟာ စစ်ပွဲသုံးကြိမ်တိုက်ပြီးတော့ ဆုံးနိမ့်ခဲ့ပါတယ်။ 

အဲဒီနောက် ပါကစ္စတန်ဟာ ကက်ရှမီးယား နယ်ဘက်က ဂျီဟက်ဒစ် တိုက်ခိုက်ရေး သမားတွေကို လက်နက်တွေ ထောက်ပံ့နေခဲ့ပါတယ်။ အဲဒီ ဂျီဟက်ဝါဒီတွေက လူမျိုးတုန်း သတ်ဖြတ် ၊ မုဒိန်းကျင့် စတာတွေလုပ်တဲ့အတွက် ဟိန္ဒူ သိန်းနဲ့ချီ အိန္ဒယဘက်ကို ထွက်ပြေးခဲကြတာပါ။ 

အခုလည်း ဒီအခြေအနေအတိုင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ပြသာနာ ဖြစ်နေပါတယ်။ မြန်မာတပ်တွေက အစ္စလာမ်မစ် သောင်းကျန်းသူတွေကို တိုက်ခိုက်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အထူးသံသယ ရှိစရာ မရှိလိုပေမယ့် အစုလိုက် အပြုံလိုက် အသတ်ခံနေရတယ်ဆိုပြီး စွပ်စွဲနေကြတာတွေက သက်သေ အခိုင်အလုံနဲ့ အတည်မပြုနိုင်ပါဘူး။ 

အခုအချိန်မှာ IS အစွန်းရောက်အဖွဲ့ ပြိုကွဲနေတဲ့အတွက် အစ္စလာမ်မစ်တွေဟာ သူတို့နိုင်ငံရင်းကို ပြန်လာကြပါတယ်။ 
ဖိလစ်ပိုင်မှာ ဆိုရင်လည်း နေရပ်အရင်းကို ပြန်လာတဲ့ ဒီ IS တွေကပဲ ဖိလစ်ပိုင် အစိုးရကို တိုက်ခိုက်နေပါတယ်။ 

ဒါပေမယ့် နိုင်ငံတကာ မီဒီယာမှာတော့ လစ်ဘရယ်ဝါဒီ ဝင်ရောက်စွက်ဖက်ရေး သမားတွေက ဖိနှိပ်ခံ မွတ်ဆလင်တွေဘက်က တဖက်သတ် လိုက်ပြီးတော့ ပြောဆိုနေတာကို တွေ့ရပါတယ်။ 

ရိုဟင်ဂျာတို့ သမိုင်းဟာ မီဒီယာတွေ ပုံဖော်နေသလို တဖက်သတ် မဟုတ်ပါဘူး။ ဗြိတိသျှကိုလိုနီ လက်ထက်က စျေးပေါတဲ့ လုပ်သားတွေအဖြစ် ဝင်ရောက် လာခဲ့တဲ့အတွက် ရခိုင်လူထုနဲ့ မမျှမတ ဖြစ်သွားပါတယ်။ 

၁၉၄၀ ပြည့်နှစ်မှာ ဒီလူတွေက သူတို့ကိုယ် သူတို့ မူဂျာဟစ်ဒင်လို့ ခေါ်ပြီးတော့ ဗုဒ္ဓဘာသာဝင် ၅ သောင်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ 

အဲဒီအချိန်ကစလို့ လူ့အသိုင်းအဝိုင်းနှစ်ခုအကြား အယုံအကြည် ကင်းမဲ့လာတာ ဒီကနေ့အထိပါ။ ခေတ်သစ်မှာတော့ ရိုဟင်ဂျာ ဂျီဟက်ဒစ်တွေဟာ ၁၉၇၀ ပြည့်လွန်မှာ စတင်လှုပ်ရှားလာပါတယ်။ 

မြန်မာစစ်တပ်က အနိုင်ရပြီးတော့ ၁၅ နှစ်သာ ငြိမ်သက်နေခဲ့ပါတယ်။ နောက်ဆုံးဖြစ်လာတော့ ရက်စက်ကြမ်းကြုတ် လက်တုန့်ပြန်မှုဟာ ရိုဟင်ဂျာဂျီဟက်တွေက ရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်လို့ ဖြစ်လာရတဲ့ ကိစ္စပါ။ 

ဒီကိစ္စကို အနောက်မီဒီယာတွေက တမင်ထိန်ချန် ထားကြပါတယ်။ အာရပ်နွေဦး ကျဆုံးရတဲ့ စိတ်ပျက်စရာ ဖြစ်ရပ်မျိုး ကြုံခဲ့ရပြီးတော့ ဥရောပတလွှား ဂျီဟက်ဒစ်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပျံ့နှံ့လာပါတယ်။ 

ထို့အတူ ဂျီဟက်ဝါဒီ ဆန့်ကျင်ရေး စိတ်ဓါတ်တွေ ဥရောပမှာ ကြီးထွားလာပါတယ်။ ဒီတော့ မီဒီယာလောကနဲ့ လစ်ဘရယ်ပညာရှင်တွေဟာ ရိုဟင်ဂျာ ပြသာနာကို အသုံးချလာကြပါတယ်။ 

ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာအရေးကို ကောင်းကောင်း မဖော်ဆောင်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လစ်ဘရယ်ဒီမိုကရေစီ သူရဲကောင်းစစ်စစ်ပါလို့ ချီးကျုးတာတွေကိုရပ်ပြီး နောက်ဆုံး နိုဘယ်ဆုကို ပြန်လည် ရုတ်သိမ်းယူဖို့အထိ ကြိုးစားလာခဲ့ကြပါတယ်။ လစ်ဘရယ် စိတ်ကူးယဉ် နိုင်ငံတကာ ဝါဒီတွေရဲ့ သဘောထားအမှန်ကို ဒေါ်အောင်ဆန်းစုကြည်က ကောင်းကောင်း နားလည် သဘောပေါက်သလို ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဒီလစ်ဘရယ်ဝါဒကိုပဲ သူမကိုယ်တိုင်က အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာပါ ။ 

အခုချိန်ဟာ အနောက်နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာပြသနာကို ပိုပြီးတော့ မျှမျှတတ ဆွေးနွေးသုံးသပ်သင့်ပြီလို့ အမှန်တရားကို ရေးသားဖော်ပြသူ ဖက်ဒရယ်လစ်ရဲ့ဆောင်းပါးရှင် မစ်တျားက သုံးသပ်ဖော်ပြတဲ့အခါ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ မီဒီယာများက ဝိုင်းဝန်းပြစ်တင်ခဲ့ကြပါတယ်။ 
ဒါတွေကို သုံးသပ်ခြင်းအားဖြင့် လစ်ဘရယ်ဝါဒီသမား နယ်စည်းမခြား ဆိုသူတွေ ကောင်းကောင်းသဘောပေါက်ဖို့ ကောင်းနေပါပြီ။ 

အစ္စလာမ်မစ် ဂျီဟက်ဒစ်တွေရဲ့ စိတ်ပျက်ဖွယ် အာရပ်နွေဦး ကျဆုံးရပြီးချိန်မှာ ဥရောပတလွှားကို အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရှုပ်အထွေးကို အသုံးချပြီး ငွေကြေးထောက်ပံ့မှု အလုံးအရင်းနဲ့ နွေဦးတော်လှန်ရေးရယ်လို့ ပုံဖော်ကာ အကြမ်းဖက်မှုတွေကို စတင်လုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။ 

အစ္စလာမ်မစ် ဂျီဟက်ဒစ်တွေရဲ့ ထောက်ပံ့မှုနဲ့ အကြမ်းဖက်မှုလမ်းစဉ်ကိုလိုက်ပြီး မြန်မာနိုင်ငံကို မတညိမငြိမ်ဖြစ်အောင် လုပ်ဆောင်နေတဲ့ နေရှင်နယ်လစ် ဂျီဇက်ဒစ်တွေကို အကြမ်းဖက်သမားများအဖြစ် ကုလသမဂ္ဂနဲ့ အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေက တရားဝင် ထုတ်ဖော်ပြောဆိုနေပြီ ဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။ 

TRMH
4.8.2021

Related Posts:

  • ကျောင်းကလုံခြုံရေးအဖွဲ့ မှ ဒုအရာခံကြီးနဲ့ စကားပြောရင်း စကြည့်တာ 💚CDM လုပ်ပါလားလို့ အသက်သာအသေခံသွားမယ် မလုပ်ဘူးတဲ့ တပ်မတော်နဲ့ နိုင်ငံတော်အပေါ်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးတဲ့ လေးစားစရာ ကောင်းလိုက်တာ အသက်က ၅၃ နှစ် စစ်သက်က ၃၃ နှစ် စစ်ဆင်ရေးတိုက်ပွဲပေါင်း ၅၀ ကျော်တိုက်ခဲ့ပြီတဲ့ နိုင်ငံတော်နဲ့ … Read More
  • ကုလသမဂ္ဂကြီး အခုတော့ စောက်ပေါက်ကြီး ဘာဆို့ထားလဲမြန်မာပြည်ကြတော့လူ့အခွင့်ရေးလူသားချင်း စာနာမှု့့အစုလိုက်အပြုံ လိုက်သတ်မှု့လူမျိူ းတုန်း သတ်ဖြတ်မှု့ဘာမှု့ညာမှု့ တွေ ပလုံစီအောင်ဖင်ဖြဲ အော်စစ်အစိုးရ လက်ထက် မှာသန်းရွှေ ကအဲ့ဒါကြောင့် ဘောင်းဘီ ဇစ် ဖြု တ်ပြခဲ့တာမြောက် ကိုရီယားကကင… Read More
  • PDF သို့ပေးတဲ့စာ.... 📜 ပြည်သူအတွက်ဆိုပြိးပြည်သူ့ လမ်းတွေဖျက်အော် သိပ်ခက်ပါလား PDFလက်ညှိုးလေး ကွေးတက်ရုံနဲ့သေနက်ပစ်တက်ထင်နေခဲ့တာပေါ့စစ်တိုက်တယ်ဆို သေနက်ပစ်တက်ရုံနဲ့မပြိး​ပြည့် စုံဘူး ကလေးတို့ရေစစ်ပညာကို သေချာမလေ့လာပဲKIA ကိုဆရာတင်မှား မင်းတို့လေးတွေက… Read More
  • ဘုရားအ​လောင်း​တော် ပါရမီဖြည့်ခဲ့သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံလေးအသင်္ချေဆိုသည်မှာ ---၁။ သေလ အသင်္ချေ၂။ ဘာသ အသင်္ချေ၃။ ဇယ အသင်္ချေ၄။ ရုစိရ အသင်္ချေ တို့ဖြစ်သည်။ ၁။ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသည့် ကမ္ဘာ၏နောက်ဆုံးပွင့်တော်မူသောဘုရားဖြစ်သည့်ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရားတို့အကြား ဘုရားလုံ… Read More
  • #စစ်ကြောရေးစခန်းထွက်ချက်ထဲမှကောက်နှုတ်ချက် ခလေးလေးတွေ ကျောင်းသားလူငယ်လေးတွေကို ပထမ အစည်းအ​ေ၀းပွဲလုပ်ပြီး ၊ GZ အသွင်ကူးစေခဲ့တယ် ။GZ  တွေကိုလဲ ပထမတော့  ဒါစားရင်ကိုဗစ်Covid -19မဖြစ်ဖူးဆိုပြီး ၊ မစားမဖြစ်​ ကျွေးကြတာပါ တဲ့ ။တရက်က ၂ရက် စွဲသွားတော့ ဒါလုပ်မှ  ဒါပေးမယ်ဆိုတဲ့အဖ… Read More