Sunday, August 1, 2021

အန်တီ ကို ပြန်လွတ်မှ ဒီမိုကရေစီရမယ်ဆိုရင်


       ''စစ်တပ် လက်အောက်မှာပဲနေတော့မယ်....။

               ဘာလို့လဲဆိုတော့......

      *ကိုယ်နဲ့ အမြင်မတူရင်'ရန်သူလိုသတ်မှတ်တတ်တဲ့ 
            ဒီမိုကရေစီမျိုးကို မလိုချင်လို့!"....။

   *ကိုယ်နဲ့ အယူအဆမတူရင် 'ဒလံ'လို့ စွပ်စွဲ သတ်ဖြတ်တတ်တဲ့
           ဒီမိုကရေစီ မျိုးကို မလိုချင်လို့!".....။

     * နိုင်ငံ့ဝန်ထမ်းက တာဝန်အရ အလုပ်ဆင်းတာကို
               '' စစ်ကျွန်''လို့' ခေါ်ပြီး
        နိုင်ငံ့ဝန်ထမ်းက CDMလုပ်တာ ကျတော့
       သူရဲကောင်း/အာဇာနည်' လို့!'သတ်မှတ်တဲ့
                ဒီမိုကရေစီမျိုး မလိုချင်လို့!".....။

       * နိုင်ငံ့တာဝန်ကို နီနီ စိမ်းစိမ်း မခွဲခြားပဲ
      ကျေပွန်စွာထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကို 
 social media မှာ အရှက်ခွဲ နေကြတဲ့'အောက်တန်းကျတဲ့
               ဒီမိုကရေစီမျိုး မလိုချင်လို့!"....။

       * နိုင်ငံရေး အကြောင်း မသိတဲ့ ကလေးတွေကို
          "ကျောင်းမတက်နဲ့!' ကျောင်းထွက်!"ဆိုပြီး
            တိုင်းပြည်အနာဂါတ်ကို ဖျက်ဆီး နေတဲ့
              ဒီမိုကရေစီမျိုး မလိုချင်လို့!"...။

         * ဆင်းရဲနေတဲ့တိုင်းပြည်မှာ
        ခေတ် အဆက်ဆက် ခေါင်းဆောင်တွေက
ပြည်သူ့ဘဏ္ဍာငွေနဲ့!အခြေခံအဆောက်အဦတွေဆောက်ခဲ့တယ်။
           ဒီမိုကရေစီ ရရှိရေး!'အော်'ပြီး
     အခြေခံအဆောက်အဦ တွေ' မီးရှို့ဖျက်ဆီး နေတဲ့
              ဒီမိုကရေစီမျိုး မလိုချင်လို့!".....။

        * ကိုယ့်ဘက် မပါရင်ဘုန်းကြီး တောင် ဆဲ'တဲ့'
             ဒီမိုကရေစီမျိုး မလိုချင်လို့!'...။

        * ကိုယ် နဲ့ အမြင်မတူရင်
     မောင်နှမ ဆွေမျိုးသားချင်းတောင် 'စိတ်ဝမ်းကွဲ'ရ တဲ့'
                ဒီမိုကရေစီမျိုး မလိုချင်လို့!"....။

         *  ကိုယ်နဲ့ အယူအဆ မတူရင်
        ကျေးဇူးရှင် မိဘကိုယ်တောင် 'စွန့်လွတ်'တတ်တဲ့'
                ဒီမိုကရေစီမျိုး မလိုချင်လို့!"....။

           ကျုပ်နားလည်တဲ့ဒီမိုကရေစီက'
       တစ်ဦး နဲ့ တစ်ဉီး အချစ်မပျက် ခင်မင်မှု မပျက်ပဲ 
       လွတ်လပ်စွာ အယူအဆ ကွဲလွဲခွင့် ရှိရမယ်'လို့!'
                ခံယူထားတဲ့ အတွက်! 
  
        တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝမ်းတွေ ကွဲပြီး'
        တိုင်းပြည် အစိတ်စိတ်အမွာမွာ ကွဲထွက်သွားမယ့်       
        ဒီမိုကရေစီ ဆိုရင်တော့မလိုချင်တော့ပါဘူး။

           ဒီမိုကရေစီ အယောင်ပြ' တိုင်းပြည်ကို ရောင်းစားမဲ့ 
နိုင်ငံရေးသမား'လုပ်စား'လူလယ်တွေရဲ့ စကားကို ယုံစားပြီး
 ဒီမိုကရေစီ'ရဲ့ အနှစ်သာရ'ကို နားမလည်'နားလည်အောင်လည်း မလေ့လာ'မသုံးသပ်'ပုဂ္ဂိုလ်စွဲ'ပါတီစွဲနေကြတဲ့ သူတွေ ရှိနေသမျှ
      ဒီမိုကရေစီ ဆိုတာကိုလည်း မမျှော်လင့်ချင်တော့ဘူး။ 
              
   တိုင်းတစ်ပါးရဲ့ ကြိုးဆွဲရာ'က'နေတဲ့ 'ဒီမိုကရေစီ အစိုးရ'တွေရဲ့
လက်အောက်မှာ ထက်စာရင်
   ကိုယ့် တိုင်းရင်းသား ပြည်သူတွေထဲက မွေးထုတ်ထားတဲ့
ပြည့်သူ့သား  'စစ်သား'တွေ အုပ်ချုပ်တဲ့ လက်အောက်မှာပဲ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ စည်းစည်းလုံးလုံး နဲ့!
       တိုင်းပြည် တိုးတက်အောင် ကြိုးစားကြရင်း       
               အချစ်မပျက် နေချင်တော့တယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့်

ကြယ်မိုး(thwethitsar)
သာစည်မြေ  Copy