Sunday, August 1, 2021

@ ထိုးဖောက်ထွက်ကာ၊ရှင်သန်ပါ @


* ဘဝမှာ အခက်အခဲ တွေက၊
မလွဲဘူး တွေ့ရမှာ။

* ရင်ဆိုင်ကာ အားမာန်ပွါး လို့၊
ကျော်လွှားကြပါ။

* အတုယူစေ ဆိုပြော ချင်ရဲ့၊
မာကြောတဲ့ မြေအလွှာ၊
တွန်းဖယ်လာ သစ်ပင်လေး။

* မကြောက်မရွံ့ဖြင့်၊
နောက်မတွန့် နှင့် ခက်ခဲမှုအပေါ် 
လွှား၍ကျော် အောင်ပန်းပွင့် အောင်၊
လူ့အစွမ်းမြှင့်ပေး။ ။

Crd#လှရွှေ(ဖန်ခါးမြေ)
( 30 - 7 - 2021 )

                    လေပြေနွေဦး (နွေ')