Thursday, August 5, 2021

တပ်မတော် ချောက်ထဲကျရန် လက်၂လုံးအလို


တကယ်တော့  
လူတွေသတိမထားမိကြလို့ပါ…..
ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ 
NLD သာထပ်ပြီးအနိုင်ရခဲ့ရင်…..
တပ်မတော်  ချောက်ထဲကျတော့မှာပါ….
-----------
ဘာလို့ဒီလိုပြောရလဲဆိုတော့…….
တိုင်းရင်းသားလက်နက်ကိုင်တွေက
ဖွဲ့စည်းပုံကို ပြင်ချင်တယ်….
ဒါပေမဲ့ သူတို့ပြင်ချင်တာက …
နိုင်ငံတော်သမ္မတဖြစ်ရေးအိမ်မက်တွေမဟုတ်ဘူး…
ဖွဲ့စည်းပုံရဲ့ နောက်ဆုံး ဇယားတွေမှာပါတဲ့
အာဏာခွဲဝေရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို
သူတို့ပြင်ချင်တယ်……
--------
NLD ပြင်ချင်တာက …..
တပ်ကို အစိုးရလက်အောက်ထဲထည့်ချင်တယ်…
သမ္မတဖြစ်ရေးကိစ္စကို နှောင့်ယှက်နေတဲ့
ပုဒ်မတွေကို ပြင်ချင်တယ်……
တခြားပါတီတွေ အင်အားနည်းတာသိတော့…
လွှတ်တော်ထဲမှာ အတိုက်အခံလိုဖြစ်နေတဲ့တပ်ကို
လွှတ်တော်ထဲက မောင်းထုတ်ချင်တယ်….
--------------
တပ်ကို ရန်သူလို မြင်တဲ့ NLD က
တပ်နဲ့ နီးကပ်ရေးဆိုတာထက်
လက်နက်ကိုင်တွေနဲ့နီးစပ်ရေးကို
ပိုပြီးအားထည့်ခဲ့တယ်…….
ဒါကြောင့်လည်း ကိုဗစ်အကြောင်းပြပြီးတော့
ဖွဲ့စည်းပုံပြင်ခါနီးနဲ့ရွေးကောက်ပွဲမစတင်ခင်မှာ
လက်နက်ကိုင်တွေတဖွဲ့ချင်းစီကို
ကိုယ်စားလှယ်တွေလွှတ်ပြီး  
ဆွေးနွေးခဲ့တာလုပ်ခဲ့တယ်…..
ဒါကြောင့်လည်း  လက်နက်ဖြုတ်သိမ်းရေးတို့၊
နယ်မြေသတ်မှတ်ရေးတို့၊ 
အပစ်အခတ်ရပ်စဲရေးကိစ္စတွေအကုန်ပြီးမှ
လုပ်ရမဲ့ ပင်လုံညီလာခံကြီးကို 
ရုပ်တည်ကြီးနဲ့ အဆင့်ကျော်ပြီးကျင်းပခဲ့တယ်…
--------------
အဓိက သွားချင်တဲ့လမ်းကြောင်းက
လက်နက်ကိုင်တွေနဲ့ NLD ပေါင်းပြီး
တပ်ကိုဥပဒေလမ်းကြောင်းအရ …
မလှုပ်သာတဲ့ အခြေအနေတစ်ခုရောက်ဖို့
တွန်းပို့နိုင်အောင် ဆောင်ရွက်ခဲ့ကြတယ်….
ဥပမာ-တပ်မတော်ဘတ်ဂျက်ကို
ရည်ရွယ်ချက်ရှိရှိနဲ့လျော့ချခဲ့သလို
လက်ရှိ NUG ကာကွယ်ရေးဝန်ကြီး 
ဦးရည်မွန်ဟာ တပ်အင်အားကို ထိန်းချုပ်၊
လျော့ချဖို့အထိ လွှတ်တော်ထဲမှာ
ဆွေးနွေးခဲ့ဖူးတယ်….
နောင်မှာ တပ်ကို ၂၅ ရာခိုင်နှုန်းကကနေ 
သူတို့အလိုရှိတဲ့ ရာခိုင်နှုန်းအထိလျော့ချဖို့
ကြိုတင်ပြင်ဆင်ခဲ့ကြတယ်…….

---------
ဒါကိုသိတဲ့  တပ်ချုပ်က …
အနားယူဖို့ ပြင်ထားတဲ့ ဥပဒေကို ပြန်ပြင်ရတယ်..
ဘာလို့လဲဆိုတော့ 
သူအနားယူသွားရင် ..
နောက်တက်လာမဲ့တပ်ချုပ်က
ပထမ (၅)နှစ်မှာ သူ့တပ်ကို 
ဩဇာသက်ရောက်အောင်ပဲ 
ကြည့်နိုင်ဦးမှာဖြစ်သလို…
လွှတ်တော်ထဲမှာ နိုင်ငံရေးအရပူးသတ်ရင်လည်း
မနိုင်မနင်းဖြစ်မှာကိုစိုးရိမ်သွားပုံရတယ်….
----------
နိုင်ငံတကာမှာလည်း 
NLD လက်ထက်မှာမှ သံအဆက်အသွယ်
ခွင့်ပြုပေးခဲ့တဲ့ ဂမ်ဘီယာနိုင်ငံကနေ  
ICJ မှာ တပ်မတော်ကို အရေးယူနိုင်ဖို့
တရားရေးအရ ပြင်ဆင်ထားခဲ့သလို…
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့
ခေါင်းစဉ်အောက်မှာလည်း 
တပ်မတော်ကြောင့် ဖွဲ့စည်းပုံပြင်မရဘူးဆိုတဲ့
ပြည်သူတွေ အမြင်ရောက်နေအောင် …
ပုံဖော်ထားခဲ့ကြတယ်……..
----------
ပြည်သူ့အကျိုးစီးပွားနဲ့
အစိုးရအကျိုးစီးပွားထိခိုက်တဲ့လုပ်ရပ်တွေကို
လက်နက်ကိုင်တချို့က
တိုက်ခိုက်လာချိန်မှာလည်း
တပ်မတော်ကို ကျောထောက်နောက်ခံမပြုပေးခဲ့ဘဲ
ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ ပုံစံနဲ့ဆက်ဆံခဲ့တယ်…
ဒါ့ကြောင့်တပ်ဟာ  
ရခိုင်အရေးအခင်းနဲ့ပတ်သက်ပြီး
နပခ တိုင်းမှူးတွေ၊ စစ်ကြောင်းမှူးတွေကို
မဖြစ်မနေ အရေးယူပေးခဲ့လိုက်ရသလို….
ဖားကန့်မှာ မြေပြိုလို လူတွေသေခဲ့ချိန်မှာလည်း
လုံခြုံရေးတာဝန်ရှိမှုခေါင်းစဉ်အောက်ကနေ
တပ်မှူးအချို့ကို အရေးယူပေးခဲ့ရတယ်….
----------
ချုပ်ပြောရရင်….
အစိုးရအနေနဲ့ 
သူရဲ့အုပ်ချုပ်ရေးအာဏာစက်သက်ရောက်ဖို့
ကာကွယ်ပေးနေရတဲ့တပ်ကို
ရန်သူလို ဆက်ဆံပြီးတော့……..
လက်နက်ကိုင်တွေကိုတော့ မိတ်ဖက်အဖြစ်နဲ့
ပိုပြီးရပ်တည်ခဲ့တယ်…….
နိုင်ငံတကာမှာလည်း 
ရခိုင်အရေးနဲ့ပတ်သက်ပြီး
(ပြည်တွင်းရေးကို နိုင်ငံတကာဖြစ်အောင်
မလုပ်ပါနဲ့လို့ပညာရှင်တွေထောက်ပြခဲ့တဲ့ကြားထဲက)
တပ်ကိုပုံရိပ်ကျအောင်တရားရေးအရ 
စွဲချက်တင်ထားသလို…..
ရွေးကောက်ပွဲလမ်းကြောင်းမှာလည်း
ဆူးခလုတ်လို ဖြစ်နေတဲ့ ဦးမောင်မြင့်၊
ဦးသောင်းအေး တို့ကို ဖယ်ရှားနိုင်ဖို့ 
ကြိုတင် အစီအစဉ်ချဆောင်ရွက်ခဲ့ကြတယ်…
------------
ဒါတွေကို ကြိုသိတဲ့ တပ်မတော်က
ရွေးကောက်ပွဲ မကျင်းပခင် (၅)ရက်အလိုမှာ
ပေါ်ပြူလာ သတင်းဌာနကနေ...
တပ်ရဲ့သဘောကို အတိအလင်းချပြပေးခဲ့သလို
EAOs နဲ့ တာဝန်ရှိသူတွေကိုလည်း
လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ
ဖြစ်အောင် လုပ်ဆောင်ကြပါလို့
သတိပေးခဲ့ရတယ်……
---------------
တကယ်တော့ 
အဖြစ်အပျက်တွေခြုံကြည့်ရင်
တပ်မတော် ချောက်ထဲကျဖို့
သီသီလေးပဲ လိုခဲ့တယ်ဆိုတာ……
ဖြစ်ရပ်တွေက သက်သေခံခဲ့ပါတယ်......
တချို့ကတော့  အာဏာမက်တယ် လို့
ထင်ကောင်းထင်နေနိုင်ပေမယ့်
တကယ်နိုင်ငံရေးဖြစ်စဉ်တွေက 
မြင်သလောက် မရိုးရှင်းခဲ့ဘဲ
နောက်ကွယ်မှာ နက်ရှိုင်းခဲ့တယ်ဆိုတာ.........

#ဖိုးစီ
https://t.me/Phoesi789/1635




Related Posts:

  • တိုင်းပြည်ကိုဖျက် အရက်အဆင့်သို့           ကျနော်တို့ တိုင်းပြည်ဟာ အင်မတန် အံ့သြစရာတွေ များတဲ့တိုင်းပြည်ပါပဲ ။ ကျနော်တို့ငယ်စဥ် ကျနော်တို့မြို့မှာ ပွဲရုံလုပ်ငန်း ၊ ဆီစက်လုပ်ငန်း နဲ့ ဆေးလိပ်ခုံလုပ်ငန်းတွေ အလွန်များပြားခဲ့ပြီး အလ… Read More
  • သံလျှက်ဒါးသွား နှစ်ဖက်သွေးဖို့        သံလျှက်ဒါး ဆိုတာ ဘုရင်တို့ရဲ့ မင်းမြှောက်တန်ဆာ ငါးပါးထဲက အရေးကြီးတဲ့ အသုံးအဆောင်ပါ ပဲ ။         သူ့ကို ပုံစံ နှစ်မျိုးနဲ့ တွေ့ရလေ့ရှိပါတယ် ။ အဖျားသွယ်တဲ့ သံလျှက်ဒါးကို မင်း… Read More
  • Hot News        မနက်က ကြည့်မြင်တိုင် သပိတ်ကိစ္စမှာ အရမ်းလူသားဆန်ပြနေသူ ဘောမအချို့လည်း တွေ့ရပါတယ် ။         ကျနော်ကတော့ ရက်စက်တယ်ပဲ ဆိုချင်ဆိုပါစေ ၊ ဒီလို ဖမ်းဆီး နှိပ်ကွပ်တာ ကြိုက်တယ် ။ လု… Read More
  • ကမ်းကုန်အောင်ရက်စက်သည်။ယနေ့နံနက်ဆယ်နာရီခန့်တွင် မြောက်ဥက္ကလာ၌ ကိုယ်ဝန်(၇)လရှိ အမျိုးသမီးအား သေနတ်သမားနှစ်ဦးက ပစ်--တ်ခဲ့သည်။ငါးမင်းဆွေ၆-၁၂-၂၀၂၁ … Read More
  • ဥပဒေ နဲ့ ပရိယာယ်         နေ့ခင်ပိုင်းက ဒေါ်စုကြည် နဲ့ ဦးဝင်းမြင့် တို့ကို ဥပဒေအရ နှစ်မှုပေါင်း အမြင့်ဆုံး ပြစ်ဒဏ် ၅ နှစ်ချလို့ရပေမယ့် ၄ နှစ်စီ ချမှတ်ခဲ့တယ် ။          နီပိတ်အုပ်စုကလွဲရင… Read More