- လက်ရှိအခြေအနေတွေအပေါ်မှာ
နစကထောက်ခံသူ မိဘပြည်သူတွေအနေနဲ့
အားမလို အားမရ ဖြစ်နေကြတာတွေကို
စိတ်မကောင်းစွာနဲ့ မြင်တွေ့နေရလို့
ဒီပိုစ့်လေးကို ရေးတင်ရခြင်းပါ😔
- တကယ်တော့
နစကကို ဝန်းရံနေသူ မိဘပြည်သူတွေဟာ
သမ္မတကြီး ဦးသိန်းစိန်လို လိုင်ဇာကို သိမ်းခါနီးခါမှ
နောက်ပြန်လှည့်ခိုင်းခဲ့တဲ့
အလားတူဖြစ်ရပ်မျိုးတွေ ထက်ပြီးဖြစ်လာမှာကို
စိုးရိမ်နေကြတာပါ။
- ကျနော့်အနေနဲ့ နစကကို ဝန်းရံထောက်ခံ
နေတဲ့ မိဘပြည်သူတွေကို ပြောကြားလိုတာက
" လက်ရှိ နိုင်ငံရေး အခင်းအကျင်းဟာ
ကိုင်ထားတဲ့ joker လေးချပြပြီး
ပွဲသိမ်းဖို့ဘဲ ကျန်တော့တာပါ "
(၁) NLDပါတီက ဥပဒေအရ ပျက်သွားပါပြီ။
(၂) CRPH / NUG တို့ကို ဘယ်နိုင်ငံကမှ
အသိအမှတ်မပြု ကြပါဘူး။
(၃) စကစ ကို UN ကတောင် ထောက်ခံနေပြီ။
- အခု ဗုံးထောင် လုယက် အကြမ်းဖက်နေတဲ့
PDF - GZ တွေကို ကြောက်နေသလား?
ဒုချုပ်ကြီး ဦးစိုးဝင်း လို ရဲရင့်ပြတ်တားတဲ့
တပ်မတော်ခေါင်းဆောင်ကြီး ရှိပါတယ်ဗျ။
မန္တလေးကိစ္စက သူ့ရဲ့အစွမ်းဘဲဗျ😍
- R2P / UN / USA / UK တို့ဆိုတာ
ကြိုးအချည်ခံထားရတဲ့ ခွေး
ဟောင်နေတဲ့ အဆင့်ဘဲရှိတာပါဗျာ😎
ဒီခွေးတွေကို ရိုတ်မယ့်သူကလည်း
ပျော့ရင် ဖယောင်း ၊ မာရင် သံချောင်းဆိုတဲ့
ကာကွယ်ရေးဝန်ကြီး ဦးမြထွန်းဦး ပါဗျ😍
- ပြည်တွင်းသူပုန်တွေကို ကြောက်နေတာလား?
ဒီအတွက်တော့ ဘာမှပူမနေနဲ့
စိတ်အေးအေးသာထားကြပါ
" တိုင်းပြည်အတွက်ဆိုရင်
သူမလုပ်ရဲတာ ဘာမှမရှိဘူးလို့ ကြွေးကြော်ခဲ့တဲ့
တပ်ချုပ်ကြီး ရှိနေပြီးသားပါဗျာ "
- ဒီတော့ဗျာ
မိဘပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့
ယခုဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ဘေးကနေ
ကင်းလွတ်အောင် နေထိုင်ကြပါလို့ !
CRD..သေရွာပြန်
ဖိုးမှန်