ငလျင်လည်း လှုပ်ရော၊ မင်းပြောင်းမင်းလွဲ ဖြစ်မယ်ဆိုပြီး အရမ်းတွေပျော်ခဲ့ကြတဲ့လူတွေ ရှိပါတယ်။ အဲဒါရဲ့ အကျိုးဆက် ဟုတ်/ မဟုတ်တော့ မသေချာပေမဲ့ အစိုးရပုံစံပြောင်းသွားပါတယ်။ အစိုးရပုံစံ ပြောင်းသွားတဲ့အတွက် အတိုက်အခံတွေက ထ အသံထွက်ကြပါတော့တယ်။
အထူးသဖြင့် NUG (ကျွန်တော်တို့အခေါ် နုဂျီ) က ထပြီး ပြစ်တင်ဝေဖန်ပါသတဲ့။ အဲဒီ အကြောင်းက Reuters မှာ ပါလာပါတယ်။
Myanmar shadow government condemns army ruler for taking PM role. ဆိုပြီးတော့ပါ။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဆိုသူ အောင်မျိုးမင်းကတော့ ယခုလို စစ်ကောင်စီကနေ အိမ်စောင့်အစိုးရအဖြစ် အမည်ပြောင်းလဲခြင်းဟာ နိုင်ငံတကာနဲ့ သံတမန်ရေး တိုက်ပွဲတွေအတွက်ဖြစ်ပြီး သူတို့က အစိုးရတစ်ရပ်ဖြစ်ကြောင်း ပြချင်လို့ ဖြစ်တယ် လို့ ပြောဆိုလိုက်ပါတယ်။
ဒါပေမဲ့ စစ်တပ်ဆိုတာ ပြည်သူ့ရွေးကောက်ခံမဟုတ်ဘူး ဆိုတာတော့ ငြင်းစရာမရှိဘူး - လို့ သူက ဆက်ပြောပါတယ်။
ပြုံးဖြစ်တယ်။ ဒါဟာ (Trick) တစ်ခုပဲ။ သိပ်လှတဲ့ ရွှေ့ကွက်တစ်ခုပဲ။ ဒါမျိုးကို သူတို့ NUG က အရင် ကစားခဲ့တာဖြစ်ပါတယ်။ အာဏာသုံးရပ် လက်ထဲမှာ မရှိရင်တောင် "National Unity Government" ဆိုပြီး 'အစိုးရ' ဆိုတဲ့ နာမည်ကို သူတို့ အရင်ယူသုံးခဲ့တယ်။ နာမည်မှာ အစိုးရ - ပါလို့ကို သူတို့က အစိုးရလို အခေါ်ခံနေရတယ်။ နိုင်ငံတော်တံဆိပ်တွေ ခပ်တည်တည်ယူသုံးတယ်။ ဌာနချုပ် တည်နေရာ မပြနိုင်တဲ့ အစိုးရတစ်ရပ်ကို သူတို့ အရင်စပြီး ဖွဲ့ပြခဲ့တာပါ။ SAC ကတောင် "ကောင်စီ" မျှသာဖြစ်တဲ့အတွက် နာမည်အရ တစ်ပန်းရှုံးနေခဲ့ပါတယ်။
အဲဒီလို အာဏာသုံးရပ် ဆုပ်ကိုင်ထားနိုင်ခြင်းမရှိတဲ့ NUG က ပြည်ပြေးတွေက သူတို့ဘာသာ သူတို့ ပေးထားတဲ့ "ရာထူး" တွေကိုကျ ပျော်ပျော်ကြီး ထုတ်သုံးနေကြပြီး အိမ်စောင့်အစိုးရကနေ တပ်ချုပ်ကို "ဝန်ကြီးချုပ်" လို ရာထူးခန့်အပ်လိုက်မှ သွေးရူးသွေးတန်း ထ အပြစ်တင်နေတာကလည်း မြင်တတ်ရင် ရယ်စရာပါပဲ။ သူတို့လုပ်တော့ ဖြစ်တယ်။ သူများလုပ်ရင် ဆတ်ဆတ်ခါတယ် တဲ့လား။
အဲဒီလို နာမည်ပါးဝတဲ့ လုပ်ရပ်မျိုးနဲ့ အကျိုးပေးခဲ့တာကတော့ NLD ပါပဲ။ National League for Democracy (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) ပါပဲ။ နာမည်ထိပ်ဆုံးစာလုံး "National" ဖြစ်ပေမဲ့ အမျိုးသားအကျိုးစီးပွားကို သူတို့ ဘယ်လောက် ဖျက်ဆီးခဲ့သလဲဆိုတာ သူတို့ ဖျက်သိမ်းခဲ့တဲ့ ဥပဒေတွေကိုကြည့်ရင် သိတယ်။ ပါတီနာမည်မှာ ဒီမိုကရေစီ - ဆိုတာကြီး ပါလို့ကို NLD အာဏာရမှ ဒီမိုကရေစီ ရမလို ရောကြိတ်ခံလိုက်ရတယ်။ ဒီတော့ နီပိန်းတွေ ကြိုးပမ်းတဲ့ ဒီမိုကရေစီအရေးဆိုတာ ဒေါ်စုကြည်နဲ့ သူ့လူတွေ အာဏာရရေး သက်သက်ပဲ။
NLD ကပဲ ဒီမိုကရေစီနဲ့ ဆိုင်သလိုလို၊ NLD ထောက်ခံသူတွေကပဲ "ပြည်သူ" လိုလို အခေါ်အဝေါ်တွေကို အပိုင်စီးပြီး လူပါးဝခဲ့တာတော့ ကြာပါပြီ။ အဲဒါက ဘာနဲ့သွားနွှယ်သလဲဆိုရင် "ဝါဒဖြန့် နည်းဗျူဟာ (Propaganda Techniques)" တွေထဲက (Name Calling/ Glittering Generalities) နဲ့ သွားနွှယ်တယ်။
Name Calling - ဆိုတာက ကိုယ်နဲ့ ဆန့်ကျင်ဘက် အုပ်စုကို နာမည်ဆိုးတပ်တာ။ ဥပမာ - အကြမ်းဖက် စစ်ကောင်စီ၊ စစ်အာဏာရှင်၊ စစ်ခွေး ရဲခွေး၊အာဏာရှင်ဒေါက်တိုင်၊ လောက်ကောင် - စသည်ဖြင့်ပေါ့။
Glittering Generalities - က ကျတော့ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်တာ။ ဒီမိုကရေစီလိုလားသူများ၊ ပြည်သူ့အစိုးရ၊ ပြည်သူ့ဘက်တော်သား CDM ဝန်ထမ်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွေဦးတော်လှန်ရေး သူရဲကောင်းများ - စသည်ဖြင့်ပေါ့။
အဲဒီ နီပိန်းတွေ အလုပ်ဖြစ်တာလည်း မပြောနဲ့။ သူတို့က Propaganda Techniques ကို အတော်သုံးတတ်တယ်။ နာမည်ပေးတာနဲ့တင် စိတ်ဓာတ်ကို ကစားလို့ရနေပြီ။ အဲဒီအကြောင်း ကျွန်တော် အကျယ်ရေးပေးပါမယ်။ စိတ်ဝင်စားဖို့ တအားကောင်းတယ်။ ဒီတော့ အခု အိမ်စောင့်အစိုးရ ဆိုတဲ့ နာမည် အပြောင်းအလဲက ဘယ်လို သက်ရောက်မှုတွေဖြစ်လာမယ်ဆိုတာကို သူတို့က ပိုမြင်တတ်မှာ သေချာပါတယ်။
ဒီသတင်းတွေ မတိုင်ခင်မှာပဲ ထုံးစံအတိုင်း Human Rights Watch ကနေ မြန်မာ့အရေး အစီရင်ခံစာတစ်စောင်ထွက်လာတယ်။ ကျွန်တော်တို့ရဲ့ အစိုးရကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲထားပါတယ်။ အဲဒီထဲမှာဖော်ပြထားတဲ့ ဖြစ်စဉ်တွေထဲက မန္တလေးမြို့မှာ ဖြစ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်မှာဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဦးအေးကိုဆိုသူကို သေနတ်နဲ့ပစ်ပြီး မီးရှို့သတ်ပါတယ်လို့ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ သိထားသလောက် မန္တလေးမှာ အမှန်တကယ် လူအုပ်ကြီးနဲ့ဝိုင်းပြီး မီးရှို့သတ်ခံရတာက ရဲပါ။ သက်သေလည်း ရှိတယ်။ အဲဒါတွေ အများကြီးရှိပေမဲ့ ဖော်ပြမထားဘူး။ ပရဟိတကားပေါ်က လူတွေကို ရဲတွေက ဆွဲချ ရိုက်နှက်နေလို့ ပုဒ်မတပ်ထားတယ်။ အဲဒီလူတွေက မီးရှို့ဖို့ ဓာတ်ဆီလိုက်ဝေနေတာဖြစ်ကြောင်း မပါဘူး။ မီးရှို့သတ်ခံလိုက်ရတဲ့ တောင်တန်းသာသနာပြု ဆရာတော်အကြောင်း မပါဘူး။
ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ နစ်နာမှုတွေနဲ့ အကြမ်းဖက်တွေရဲ့ ယုတ်မာမှုတွေကို ကုလသမဂ္ဂဆီ အရောက်ပို့ဖို့ Signature Campaign လုပ်နေရတာဖြစ်တယ်။ အပျော်သဘော တစ်ခုမှမပါဘူး။ အဲဒီအဖြစ်မှန်တွေက ပြည်တွင်းမှာ ကျွန်တော်တို့ သိရုံသက်သက်နဲ့ မလုံလောက်ဘဲ နိုင်ငံတကာကပါ သိလာဖို့ ကျွန်တော်တို့ ဝိုင်းအော်ကြရတာဖြစ်တယ်။
အမှန်တရားကို မြတ်နိုးပြီး လူသားဆန်တဲ့ စိတ် ရှိသူတိုင်း အယုတ်၊ အလတ်၊ အမြတ်မရွေး ကျွန်တော်တို့ရဲ့ Signature Campaign ကို ပူးပေါင်းသင့်တယ်။ မုသာဝါဒကို တိုက်ဖျက်ခြင်းဟာ အမှန်တရားကို ဖြန့်ဝေတာမို့ နတ်လူ သာဓုခေါ်ရမယ့် အရာသာဖြစ်တယ်။ ဟာသလုပ်စရာ မဟုတ်ဘူး။
ဒီတော့ ကျွန်တော်ပြောချင်တာက -
- အခု အိမ်စောင့်အစိုးရအသစ် ပြင်ဆင်ဖွဲ့စည်းခြင်းဟာ ပါးနပ်တဲ့ ဝါဒဖြန့်ကစားကွက်တစ်ခုပဲ။ အကြမ်းဖက်တွေကို အိမ်ပြေးအစိုးရ အထာ ချိုးလိုက်တာပဲ။
- ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ နာမည်တွေရဲ့ လှည့်စားမှုအောက်မှာ အတော်ကို မှိုင်းတိုက်ခံခဲ့ရပေမဲ့ တန်ပြန်တိုက်ကွက် မဖော်နိုင်ခဲ့ဘူး။
- အစိုးရက မဟာဗျူဟာမြောက် ခြေလှမ်းသစ် ပြင်နေတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ အမှန်တရားတွေနဲ့ ဒုက္ခတွေကို ကုလသမဂ္ဂက ကြားလာစေဖို့ ဝိုင်းဝန်းပူးပေါင်းကြရလိမ့်မယ်။ ဟန်ချက်ညီမှ အရွေ့ပိုမြန်မယ်။
ဒီတော့ ကျွန်တော့် အနေနဲ့ အပြုသဘောဆောင်တဲ့ အခု အပြောင်းအလဲကို အစိုးရနဲ့အတူ လိုက်ပါပေးကြဖို့ တောင်းဆိုပါတယ်။ အရပ်သားတစ်ယောက်ကို မီးရှို့သတ်တာဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ရာမြောက်ရင် အကြမ်းဖက် NUG နဲ့ သူ့ ထောက်ခံသူတွေက အပြစ်သားစစ်စစ်တွေ ပိုဖြစ်မနေဘူးလား။ ကျွန်တော်တို့ရဲ့ ငြိမ်သက်ခြင်းဟာ လူသားမျိုးနွယ်အပေါ် သစ္စာဖောက်နေတာပါ။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ လက်မှတ်လေးတစ်ချက်နဲ့ အမှန်တရားကို တောက်ပခွင့် ပေးလိုက်ပါ - လို့သာ။
သန့်နေစိုး (2. Aug. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is about current affairs. Information from the reliable sources as Reuters and HRW referred. Some facts from Propaganda Techniques have been highlighted. It is only for knowledge and violates none of the community standards of Facebook.
For further information, please visit the following links,
https://www.reuters.com/article/uk-myanmar-politics-idUSKBN2F3163
https://www.hrw.org/news/2021/07/31/myanmar-coup-leads-crimes-against-humanity