Tuesday, August 3, 2021

😎 တဆင့်တက်လာတဲ့ အကြမ်းဖက်


မနေ့က
ရှေ့ထွက်မိုင်း (၄၄) လုံးမိတယ်ဆိုတဲ့သတင်းက
သိပ်မကောင်းလှဘူး၊ Directional mine လို့ခေါ်တယ်
အထဲမီာ ဘောစေ့လေးတွေ (၇၀၀-၁၀၀၀) လောက်ပါပြီး
မိုင်းကို လိုချင်တဲ့ပစ်မှတ်ဖက်လှည့်ထားလို့ရတယ်၊
မိုင်းကွဲတာနဲ့ ဘောစေ့လေးတွေက လူအများကြီးကို
ထိခိုက်သေစေနိုင်ပြီး၊ ဝန်းကျင်ကိုပျက်စီးစေနိုင်တယ်၊

ချန်ဒူးဝမ်တုန်းက
ရှေ့ထွက်မိုင်း  (၂) လုံးနဲ့ အာဇာနည်ဗိမာန်
ခေါင်မိုးကြီးတခုလုံးကို ပြိုကျသွားစေခဲ့တာဆိုတော့
စဉ်းစားကြည့်နိုင်တယ်၊

ခပ်ကြမ်းကြမ်းကိုင်မှရလိမ့်မယ်
ရေဆုံး မိုးဆုံးလိုက်ပြီး အမြစ်ဖြတ်သင့်တယ်

ဒီလိုအချိန်မှာ
ဒီလိုအဆင့်တက်လာရင်
နောက်တဆင့် Suicide bombing အထိ
တက်လာလိမ့်မယ်၊

အရင်းအမြစ်ကိုရှာပါ
သိပ်မခက်ပါဘူး၊ 
အဂတိကိုသာထယ်ထားနိုင်ရင်
မိပါတယ်။

Ba Maung




Related Posts: