လျှပ်တစ်ပျက် ရိုက်ချက်တွေအောက်မှာ
ရူးလောက်အောင် လှရက်နိုင်ပါပေတယ်
အမြင်လည်းမဆန်းဘူး
အသွင်လည်း မကြမ်းဘူး
မင်းအပြုံးတွေက
မိုနာလီဇာ တောင် ဒုတိယနေရကနေကျေနပ်နေရမဲ့အဖြစ်
မန္တလေး သိန်းဇော် သီချင်းထဲကလို
ရှု့လေ မြင်လေ လှလေ ချောနှမ သက်လည် ဆိုသလိုပါပဲလားကွာ
မြင်ရသူ ဘဝင်အေးစေဖို့
အတိတ်အကြောင်း ပါရမီ လေးတွေကလည်း ကောင်းတယ်
လူတကာတွေ အမြဲပြောပြောနေကြတဲ့
ရွှေရူပါဦး အချစ်ရေ...
အမြဲတမ်းအပြုံးလေးတွေနဲ့
အမြဲတမ်းပဲ လှူနိုင်တန်းနိုင်ပါစေ...
အားငယ်သူကို အားပေးလို့
ရောက်လေရာမှာ ချစ်သူခင်သူပေါပါစေကွယ်
အပြောကျယ်သူတွေ နောက်ဆုတ်လို့
တကယ့်စေတနာမှန်သူတွေ နေရာရကြပါစေကွယ်
"မုန်းလို့လည်း အပြုံးမပျက်တဲ့အလှပဂေး
ဆဲးလို့လည်း သည်းခံတတ်တဲ့ ညီမလေး"
ဘဝအဆက်ဆက်
ပေးကမ်းစွန့်ကြဲနိုင်တဲ့သူ အမြဲဖြစ်ပါစေကွယ်...။
#နေဝင်းထိုက်