Tuesday, August 3, 2021

ဒို့ရပ်ကွက်က ဝီလပ်ဦးဝေအောင် ရှိသလို ဟိုဘက်ရပ်ကွက်က we hate U way aung လည်းရှိတယ်နော်


ဦးဝေအောင်ကို မုန်းတဲ့သူတွေက အပြစ်ရှာပြောကြတာလည်း သိထားသင့်တယ်နော်

အကောင်းချည်းပဲ ထောက်ခံတယ် ဖြစ်မှာစိုးလို့ 
လူဆိုတာ အကောင်းအဆိုး
ဒွန်တွဲတာလေး သိထားရမယ်နော် 

ဦးဝေအောင်၏ အဆိုးများ

၁) ၈၈၈၈တွင် ၉တန်းကျောင်းသားဖြင့် အထက၆ဗိုလ်တထောင်တွင်ပါ၀င်ခဲ့ခြင်း
၂)၈၈၈၈တနှစ်ပြည့်ပြီးနောက် တောင်ဥက္ကလာရဲစခန်းတွင် အဖမ်းခံခဲ့ရခြင်း။
၃)၁၉၈၉  နို၀င်ဘာတွင် နိူင်ငံရေးပုဒ်မ၅ညဖြင့် စစ်ခုံရုံးက ထောင်၃နှစ်ချသဖြင့် 
အင်းစိန်ထောင်တွင် ထောင်ကျခြင်း။
၄)ထို့နောက်  ၅ည ၃၀၀ခန့်နှင့်အတူ သာယာ၀တီ ထောင်
သို့ ၁၉၈၉ ခရစ်စမတ်နေ့တွင် ပြောင်းခံခဲ့ရခြင်း
၅)ထောင်ထဲတွင် အာဏာဖီဆန်ရေးဆက်လုပ်သဖြင့်
တိုက်အကြိမ်ကြိမ်ပိတ်ခံရ ရိုက်ခံရ ထောင်၀င်စာပိတ်ခံခဲ့ရခြင်း
၆)၁၉၉၂ ခု ၆လပိုင်း ၄ရက်တွင် ထောင်မှပြန်လွတ်ပြီးနောက် ၉တန်းအပြင်ဖြေပြန်ဖြေ။၁၀တန်းအပြင်ဖြေပြန်ဖြေခဲ့ရခြင်း။
၇)နိုင်ငံရေး ဆက်လုပ်ခဲ့သဖြင့် ၁၉၉၅ ချစ်သူများနေ့ အပြီး ဘဘနု ဈာပနတွင် ဆူပူမှုဖြင့် ဖမ်း၀ရမ်းထုတ်ခံခဲ့ရာ ဖမ်းမခံဘဲ ၀ရမ်းပြေးဘ၀ဖြင့် ကိုရင်ကြီး၀တ်+ ရဟန်း၀တ် ၆ဝါခန့် ရှောင်တိမ်းခဲ့ခြင်း
၈)၂၀၀၂ သက်ြန်တွင် ထိုင်းသို့အလည်ရောက်ရင်း
မပြန်တော့ဘဲ ထိုင်းမှာ ယူအန်မှာဒုက္ခသည်လျောက်ပြီး မဲ့ဆောက်ကျောင်းမှာ တဝါပြန်ဆိုခဲ့ခြင်း
၉)၂၀၀၂သီတင်းကျွတ်တွင် ပဝါရဏာပြုပြီးနောက် လူထွက် မိန်းမယူကာ ဘန်ကောက်မှာ အ‌ေြခချခဲ့ခြင်း
၁၀) ထိုင်းမှာ ဒေါ်စုလွတ်မြောက်ရေး အတွက်သာ နိုင်ငံရေးလုပ်ခဲ့ခြင်း
၁၁) ပြည်ပရောက်မြန်မာ့နိုင်ငံ‌ေရးအကျဥ်းသား‌ေဟာင်းများအဖွဲ့ (ABEP)ကို တာ၀န်ခံအဖြစ် 2004တွင်ထူထောင်ခဲ့ခြင်း။ထို့နောက် ဟစ်တိုင်ဂျာနယ်ပုံနှိပ်စာစောင် များ ထုတ်ဝေခဲ့ခြင်း။
၁၂)၂၀၀၅တွင် အမေရိကသို့ရောက်ပြီးနောက် ၂၀၀၆တွင် ဟစ်တိုင်အွန်လိုင်းဂျာနယ်ကို ဝိုင်းတော်သားတဦးအဖြစ်
ပါ၀င်လုပ်ကိုင်ခဲ့ခြင်း။
၁၃)၂၀၁၂တွင်  ဒေါ်စု အမေရိကသို့ အလည်လာခဲ့ရာ သွားရောက်အားပေးခဲ့ရင်း "ကလကိုကလလို့ ခေါ်တာ မိမဆုံးမ ဖမဆုံးမ သားသမီးတွေ'ဟု ဟောပြောသည်ကို မကြိုက်နှစ်သက်ခဲ့ရာမှ ဒေါ်စုကို ထောက်ခံခဲ့တာ အမှားကြီးမှားမိလေခြင်း အမျိုးသားဇာတိမာန်စိတ်ကင်းမဲ့သည့်ဒေါ်စုကို ငါ မထောက်ခံသင့်တော့ဟု ဆုံးဖြတ်ချက်ချခဲ့ခြင်း။

ထို‌​နောက်၂၀၁၃ခုနှစ်မှစ၍ အမျိုးဘာသာသာသနာအတွက်ရပ်တည်သည့်လုပ်ရပ်များသာ
ပြည်တွင်းပြည်ပချိတ်ဆက်လုပ်ခဲ့သဖြင့် အနီရပ်ကွက်၏ အမုန်းမီးလောင်ခံခဲ့ရသူ
ဦးဝေအောင်ဖြစ်ကြောင်း အမျိုးသားရေးညီကိုမောင်နှမတို့အား
အသိပေးအပ်ပါသည်ခင်ဗျာ။
လိုအပ်ချက်များ ထပ်မံမေးမြန်းပါက ထပ်ဖြည့်
ဖြေပေးသွားပါမည်။

#ဦးဝေအောင် 
အမေရိကရောက်အမျိုးသားရေးအားပေးသူ
၂၀၂၁ခု ၈လပိုင်း ၂ရက်