Thursday, September 2, 2021

#အာရှမှာပေါ့


ဘဝ နေဝင်ချိန်ကို
အကျဉ်းချခံထားရင်း ကုန်ဆုံးနိုင်မဲ့
ဒုတိယမြောက် နိုဘယ်ဆုရှင်က ဒေါ်အောင်ဆန်းစုကြည်
ဖြစ်လာနိုင်မလား

ဟုတ်ကဲ့ အာရှမှာ နိုဘယ်ဆုရှင်ကို
နောက်ဆုံးအချိန်ထိ ထိန်းသိမ်းဖမ်းစီးသွားတဲ့
ပထမဆုံးသော နိုင်ငံက တရုပ် နိုင်ငံပဲ ဖြစ်ပါတယ်

ဖမ်းစီးခံရပြီး အကျဉ်းကျနေစဉ်တွင် သေဆုံးခဲ့သော
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ကြီးကတော့
တရုပ်နိုင်ငံသား
ဒေါက်တာ လျူရှောင်ဘို ပါ

၁၉၈၉ ထျန်းအန်းမင်း စကွဲယား အရေးအခင်း
ဖြစ်ပေါ်ခဲ့ပြီးနောက် လျူရှောင်ဘိုဟာ အမေရိကန်ကနေပြန်လာပြီး
တရုပ် ပြည်ရဲ့ အချုပ်အချာအာဏာကို
ထိပါးစေမဲ့ လှူပ်ရှားမူ့မျိုးတွေ တွင်တွင် လုပ်ဆောင်ခဲ့ပါတော့တယ်

စာရေးဆရာအသင်း ဥက္ကဌလဲ ဖြစ်တဲ့ လျူရှောင်ဘိုဟာ
နိုဘယ်ဆုရှင်တို့၏ ထုံးစံအတိုင်း
ဒီမိုကရေစီလို့ ပါးစပ်က တွင်တွင်အော်ကာ.
အနောက်နိုင်ငံတွေအလိုကျ တရုပ်နိုင်ငံအတွင်းတွင်
တော်လှန်ရေးနဲ့ ဝါဒ ဖြန့်ဝေမူ့တွေ ဆက်တိုက်
လုပ်ဆောင်ခဲ့ပါတယ်

တရုပ်အစိုးရ က ဖမ်းစီးတော့ အနောက်နိုင်ငံတွေက
လျူရှောင်ဘိုကို
နိုဘယ်ဆု ပေးပစ်လိုက်ကြပါတယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ တူညီနေတဲ့ အချက်တွေက
အရေးအခင်းဖြစ်မှ ပြည်ပကနေ ပြန်လာတယ်

ဝါဒဖြန့်အားကောင်းတဲ့
စာရေးဆရာတွေနဲ့ ပနံရအောင်လုပ်တယ်

တိုင်းပြည်ငြိမ်းချမ်းရေး ဘာညာ အော်ပြီး တိုင်းပြည်ရဲ့
အချုပ်အချာနဲ့ အာဏာကို ယိုယွင်းပျက်စီးစေဖို့
စနစ်တကျ နဲ့ လုပ်ဆောငိတော့တယ်

အဲ့ဒီလိုတွေ လုပ်နေရင်း
ဖမ်းစီးခံရ ရင်နိုဘယ်ဆု ချီးမြှင့်လိုက်တော့တာပဲ

နိုင်ငံရေး ဂုဏ်ထပ်မူ့တွေ တွင်တွင်လုပ်ပြီး
တိုင်းပြည်ကို နှစ်ခြမ်းကွဲဖို့ ကြံစည်ပါတော့တယ်

ဒါဟာ အနောက်နိုင်ငံတွေရဲ့ ကလင်ဒါကျ နိုဘယ်ဆု
ပေးနည်းပါပဲ

တရုပ်ကတော့ တိုင်းပြည်ရဲ့ အချုပ်အချာ နဲ့ အာဏာကို
မငြိမ်သက်စေရန် ရည်ရွယ်လုပ်ဆောင်နေတဲ့
လျူရှောင်ဘိုကို နိုင်ငံတကာရဲ့
တောင်းဆိုမူ့ကို သောက်ဂရုမစိုက်ပဲ
နိုဘယ်ဆုရှင်ကို ထောင်ထဲမှာပဲ
ဘဝ အဆုံးသတ်စေခဲ့ပါတယ်

မှန်သလား မှားသလားတော့ မသိပါဘူး

ကမ္ဘာမှာ တော့ ကမ္ဘာ့ နံပတ်တစ် ဖြစ်ဖို့
သိပ်မလိုတော့တဲ့ အကွာအဝေး ရောက်နေပါပြီ

တကယ်လို့သာ နိုဘယ်ဆုရှင် ကြီး ဆိုတာကို
အလေးအနက်ထားပြီး
မပြတ်မသားပဲ လုပ်ဆောင်ခဲ့မယ် ဆိုလျှင်
တိုငိးပြည် တည်ငြိမ် အေးချမ်းရေးနဲ့
ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အနှောင့်အယှတ်
ဖြစ်စေပြီး တမျိုးတမည် ဖြစ်စေမလားဆိုတာ
ပြောမရတဲ့ အချက်တခုပါ

ယခုရော မြန်မာပြည်က ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ နေဝင်ချိန်က
ဒု တိ ယ လျူရှောင်ဘို ဖြစ်လာမလားဆိုတာကတော့.

မဝေးတော့တဲ့ အနာဂတ် နိုင်ငံရေး ပိတ်ကားပြင်ပေါ်မှာ

စောင့်ကြည့်ကြပါဦးစို့ဗျာ...။

#Credit

#Imဂျစ်တူး
ရွှေအင်းသား