Monday, September 6, 2021

အဆိုးဆုံး သင်ခန်းစာ မှ အကောင်းဆုံး လုပ်ဆောင်ချက်သို့


 အိမ်စောင့်အစိုးရကြီး သတိရစေဖို့ တပ်မတော်အတွက် အဆိုးဝါးဆုံး သင်ခန်းစာအချို့ကို ဖော်ပြချင်ပါတယ် ။ 

၁ ။ ၈၈ အရေးအခင်း
--------------------

......ရန်ကုန် တိုင်း တောင်ဥက္ကလာပ မြို့နယ် မှာမြင်သာစီမံကိန်း ရပ်ကွက်ဆိုတာ ရှိပါတယ်။
စီမံကိန်းရပ်ကွက်ဆိုတာ  ခြေ လက် အင်္ဂါတွေ တိုင်းပြည်အတွက် စွန့်လွှတ်ခဲ့ရလို့ မသန်စွမ်း
စစ်သည်တွေ နေထိုင်ရေး အတွက်စီမံကိန်းချပြီး ပေးထားတဲ့ နေရာမို့စီမံကိန်းရပ်ကွက်လို့ ခေါ်ခြင်း ဖြစ်ပါတယ် ။

-  ၈၈ အရေးအခင်းကြီး အရှိန်အဟုတ် မြင့်လာပြီး
ကြမ်းတမ်းရက်စက်မှုတွေ အထွဋ်အထိပ် ရောက်
လာချိန်မှာစီမံကိန်းရပ်ကွက်ရှိ မသန်စွမ်းစစ်သည်
တွေနဲ့ မိသားစုတွေအတွက်ကံကြမ္မာမုန်တိုင်း တိုက်ခတ်ခံခဲ့ရပါပြီ ။

မသန်စွမ်းစစ်သည် တွေနဲ့မိသားစု ၅၁ ယောက်ကို
စစ်တပ် သူလျို သတင်းပေးတွေ ဆိုတဲ့ စွပ်စွဲချက်နဲ့
အကြောင်းမဲ့ လည်လှီး ခေါင်းဖြတ် မီးရှို့သတ်ခဲ့ကြ
ပါတယ် ။

-. .....သတ်တဲ့နေရာမှာ

မိမိရဲ့ မိဘ ဇနီး သား သမီးငယ်တွေပါ မကျန်
ရက်ရက်စက်စက် ခေါင်းဖြတ်သတ်နေတာကို မြင်နေရတဲ့  မသန်စွမ်း  စစ်သည်တွေ ရဲ့ 
ခံစားချက်ကို စာနာကြည့်ကြပါ ။

- မကွေးသားစစ်သည် ကယား(၁) မှခြေတဖက်စီ စွန့်ခဲ့ရရှာသော တပ်သား တင်ထွန်း နဲ့ မိဘ နှစ်ပါး ၊တပ်သား ဝင်းအောင် နဲ့ သူရဲ့ဇနီးရယ်  လူမမယ် 
သားလေး နဲ့ သမီးလေး တယောက်စီရယ်တို့လည်း
၈၈ လူယုတ်မာတွေရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရ
ပါတယ် ။

-. .... ဒီသတင်းကို ကြားလိုက်ရတဲ့
တပ်မတော် ထိပ်ပိုင်းက ဗိုလ်ချုပ်ကြီးများဟာ သတင်း မပေါက်ကြားဖို့ဆုံးဖြတ်ကြပြီး ဖုံးဖိထားလိုက်ကြပါတယ် ။

- ....ဘာကြောင့်လည်း ဆိုရင်

အောက်ခြေ တပ်တွေ သိသွားရင် မခံချင်စိတ်နဲ့ 
လူထုကို ကြမ်းကြမ်းတမ်းတမ်း  အင်အားသုံး ဖြိုခွဲမိရင် သွေးချောင်းစီးသွားရမှာ တွက်ဆမိလို့ပါပဲ 
ဒီသတင်းကို တပ်မတော် ကအာဏာသိမ်းပြီး
ချိန်အထိ ဖုံးဖိထားပြီး  အတော်ကြာမှ တပ်ရင်း တပ်ဖွဲ့တွေ သတင်းမှန် သိကြရပါတယ် ။

- ......ကြားလိုက်ရတဲ့ သတင်းကြောင့်
တပ်မတော်တခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားရပြီး သေနတ်တွေကို ရိုက်ချိုးပစ်ကြတဲ့
အထိ  ခံပြင်းနားကျည်း သွားကြပါတယ် ။

- ...သပိတ်သွပ်တဲ့ နေ့မှာ  ငိုကြွေးနေတဲ့ ရဲမေတွေကို မဖျောင့်ဖျနိုင်ပဲ အံကျိတ်မျက်ရည်
ကျနေရတဲ့  ရဲဘော်တွေရဲ့ နားကျည်းခံပြင်းစိတ်
ဒီဂရီကို မှန်းသာကြည့်ကြပါတော့ ။

အဲဒါတွေကြောင့် တပ်မတော် အကြီးအကဲ
တွေဟာ လူမဆန်စွာ ခေါင်းဖြတ် မီးရှို့အသတ်ခံ
ရတဲ့မသန်စွမ်း စစ်သည်တွေနဲ့ မိသားစုများကို
ကုသိုလ်ပြုပေးတဲ့ အနေနဲ့  စစ်သည်မိသားစုတွေ 
အသတ်ခံရတဲ့နေရာမှာပဲ စေတီကြီးတဆူကို ပြုပြင် တည်ထားကိုးကွယ် စေခဲ့ပါတယ် ။

-.... ၈၈ ကာလကို မှီခဲ့သော်လည်း မသိသေး
သူများ နဲ့ ၈၈ ကို မမှီတဲ့ တူ / တူမ လေးတွေကို
ဒီလိုအကြောင်းမှန်တွေ  သိစေချင်ပါတယ် ။
 
-. ..၈၈ ရဲ့ အဓိက လက်သည် တရားခံတွေကို 
ဖမ်းမိတော့  ထောက်လှမ်းရေးကဘယ်လို 
နှိပ်စက်တယ်  ဘယ်လို ညှင်းပန်းတယ် နဲ့ ၃၂ နှစ်
လုံးလုံး  မျက်ရည်ချူစားနေတဲ့  စကားတွေ နဲ့
အခု ဖြစ်ရပ်မှန် ရက်စက်မှုနဲ့ ယှဉ်ကြည့်ကြပါအုံး ။

-. ...အာဏာသိမ်းခဲ့ကြတဲ့  ဗိုလ်ချုပ်ကြီးတွေသာ
ဒီသတင်းကို မထိမ်ချန်ပဲအောက်ခြေ တပ်တွေကို အသိပေးပြီး မှအာဏာသိမ်းကြည့်ပါလား ?
သေချာပေါက် တနိုင်ငံလုံး သွေးချောင်းစီးရမှာ
မြေကြီး လက်ခတ် မလွဲပါပဲ ။

- ....မသိမှီလိုက်သော ကလေးတွေကို ပြောချင်တာ တပ်မတော်ရဲ့ သဘောထား အမှန်ကိုလည်း လေ့လာပါနှိုင်းယှဉ်ကြပါ လို့ အကြံပြုချင်ပါတယ် ။

၂ ။ ၂၀၂၁ အရေးအခင်း
 -----------------------

 သမန်အရပ်သား တပ်မတော် ထောက်ခံသူတွေ
ကိုပင် ရက်စက်စွာ သတ်ဖြတ်ခြင်း ၊ ကြံ့ခိုင်ရေး ပါတီဝင်များအား သတ်ဖြတ်ခြင်း ၊ နစက ခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်းနဲ့ အတူ စစ်မှုထမ်းဟောင်းများနဲ့  တပ်မတော်ရှိ ရဲဘော်နှင့် အရာရှိအရာခံ တို့၏ မိဘဆွေမျိုးများပါ သတ်ဖြတ် ရန်ရှာခြင်း ခံကြရပါတယ် ။ 

 ကျနော်သိရသလောက် စစ်မှုထမ်းဟောင်းများနဲ့ စစ်သားမိဘဆွေမျိုးများဟာ နယ်မြို့ အသီးသီးမှာ အကွဲကွဲအပြားပြား နဲ့  စော်ကားသမျှ ခံကြရ
ပါတယ် ။ နေရပ်ကို စွန့်ခွာ ရှောင်တိမ်းပြီး ခက်ခဲစွာ ရပ်တည်နေကြရပါတယ် ။ 

   ယခု ဖြစ်စဉ် နှစ်ခု အရ (၁၉၈၈ နဲ့ ၂၀၂၁) စစ်မှုထမ်းဟောင်းများ နဲ့  စစ်သားမိသားစုများ အတွက် နိုင်ငံတော်မှ တစုံတရာစီစဉ်ပေးသင့်ပါပြီ ။ 

   အကောင်းဆုံးကတော့ စစ်မှုထမ်းဟောင်း မြို့တော်များ တည်ဆောက်ပေးခြင်းဖြင့်  ဘဝတူ စိတ်တူ ကိုယ်တူ ရဲဘော်ဟောင်းကြီးများ နီးကပ်စွာ နေထိုင်ခွင့် ရရှိကြပြီး အထက်ပါ ပြဿနာများ ပေါ်ပေါက်လာပါလျှင်လည်း စုပေါင်း အင်အားဖြင့် မိမိဘာသာ ကာကွယ် နိုင်ကြပါလိမ့်မည် ။ 

    ကျဆုံး ရဲဘော်များ၏ ကျန်ရစ်သူ မိသားစု
အတွက်ပါ နေရာချထားပေးသင့်ပါတယ် ။ တပ်မတော်အတွက် လင်ရော မယားပါ ပေးဆပ်
ခဲ့ရတဲ့အတွက် ဤမျှ ချီးမြှောက်မှုသည် ဘဝပေါင်း
များစွာ အတွက် အလွန် ကြီးမားသော အထောက်အပံ့ဖြစ်စေပါလိမ့်မယ် ။

 မြန်မာပြည်မှာ မြေအလွန်ပေါနေပါသေးတယ် ။ ခေတ်အဆက်ဆက် မြေဦးပြီး လုပ်ကွက်မပြနိုင်တဲ့ မြေယာများအား နိုင်ငံပိုင်အဖြစ် ပြန်သိမ်းပြီး စစ်မှုထမ်းဟောင်း မြို့သစ်များ တည်ဆောက်ပေး
လျှင်ပင် မြို့ များစွာ ရနိုင်ပါတယ် ။  ဥပဒေ အရ စီမံကိန်း မလုပ်နိုင်သော မြေများအား ပြန်လည်
သိမ်းယူခွင့် ရှိပါတယ် ။ 

သစ်တောကြိုးဝိုင်း မပါဝင်ပဲကြိုးပြင်ကာကွယ်တော
များဟာလည်း ဘာပင်မှ မရှိပဲ  စိုက်ပျိုးခွင့် မပြုတဲ့ အချီးနှီး မြေလွတ်များ ဖြစ်ပါတယ် ။ နေရာအတွက် ပူစရာ မလိုတာကို တွေးပေးတာပါ ။

  အစိုးရအနေ နဲ့ လုပ်ပေးချင်စိတ်သာ လိုအပ်
ပါတယ် ။ မြို့သစ်ဖော်ရာမှာ လျှပ်စစ် ရေ လမ်းပန်း
ဆက်သွယ်ရေး ပဲ လိုအပ်ပါတယ် ။ 

ယနေ့လို ပေါများလှတဲ့ ယန္တယားများ နဲ့ တည်ဆောက်လျှင် မြို့ပြတခုဟာ လပိုင်းနဲ့ အကောင်ထည်ပေါ်နိုင်ပါတယ် ။ 

    ဖြစ်နိုင်ရင် စက်ရုံ အလုပ်ရုံတွေကိုပါ 
မြေအလကားပေးပြီး ပူးတွဲ တည်ထောင်နိုင်ပါက စစ်မှုထမ်းဟောင်း မိသားစုများ အတွက်ပါ အကျိုး
များဖွယ် ရှိပါမယ် ။ WIN - WIN ပေါ်လစီ အတွက် အစိုးရ အနေနဲ့ လောဘ အနည်းငယ် လျှော်ပေးရုံနဲ့ ဖြစ်နိုင်ပါတယ် ။ 

   သူ တပါး ရပ်ရွာတွေမှာ  သား သမီး မျက်နှာ ကြည့်နေရရှာတဲ့ စစ်သားအိုကြီးတွေ အတွက် လည်းကောင်း ၊ လင်သားကျဆုံး သွားပြီး နေစရာ မရှိ အလုပ်မရှိ ကြုံရာကျပန်း လုပ်စားနေရရှာသော ကျဆုံးစစ်သားများ၏ ဇနီးမယားများ နဲ့ မိသားစု အတွက်လည်းကောင်း ယင်းကဲ့သို့ မြို့များ လိုအပ်
နေပါပြီ ။ 

 နိုင်ငံရေးသမားများ လက်ဝယ်သို့ အာဏာသုံးရပ် ရသွားလျှင် ယခုလို ကိစ္စမျိုးအတွက် ဘက်ဂျက်
ကျခံဖို့ မဖြစ်နိုင်ပါဘူး ၊ နေ့တွက်စရိတ်တောင် ရက်စက်ယုတ်မာစွာ ဖြတ်တောက်ခဲ့တာ အားလုံး သိကြမှာပါ ။ 

   တပ်မတော်သားဟောင်းများအတွက် တပ်မတော်လက်ဝယ် တင်းပြည့်ကျပ်ပြည့် အာဏာရရှိဆဲကာလတွင် အမြန်ဆုံး အကောင်
အထည် ဖော်ပေးခဲ့လျှင် တပ်မတော် ချစ်သူပြည်သူများ နဲ့ 

တပ်မတော်ပင်စင်စားကြီးများရဲ့ ကျေးဇူးတင် လေးစားမှုအား ရာနှုံးပြည့် ရနိုင်ပါလိမ့်မယ် ။ 

    တိုင်းပြည်၏ ကာကွယ်ရေး ကဏ္ဍ၌ တာဝန်ကျေခဲ့သော စစ်သားဟောင်းကြီးများရဲ့ နေဝင်ချိန် သာယာလှပရေး အတွက် လက်ရှိ တပ်မတော်ရဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်က အဓိက ကျနေပါပြီ ။ မိုးရွာတုန်း ရေခံသင့်ပါကြောင်း မေတ္တာရပ်ခံပါတယ် ခင်ဗျား ။ 

     #ကိုရွှေမျိုးဝင်း

( မျိုးနွယ်တူပြီး မေတ္တာရှိရင် တိရိစ္ဆာန်တောင် တတ်စွမ်းသရွှေ့ ကြင်နာပြတတ်ပါတယ်)

https://t.me/komyowin/32