Sunday, July 4, 2021

မနည်းမနော ငွေကြေးများ


ဒေါ်အောင်ဆန်းစုကြည်
အစိုးရအစိုးရသက်တမ်း (၅)နှစ်တွင် 
ပြည်ဖျက်စီမံကိန်းကို ဦးတည်၍ မြန်မာနိုင်ငံတွင်း
ငွေကြေးအလုံးအရင်းကို ကြိုတင်သွင်းထားခဲ့ပါ၏။

- ဒေါ်ခင်ကြည် ဖောင်ဒေရှင်းသည် အဓိကဖြစ်သည်။

- ဘဏ်အချို့ပါဝင်သည်။

- အဖွဲ့အစည်းတော်တော်များများ ပါဝင်ပတ်နေသည်။

(သက်ဆိုင်ရာ တာဝန်ရှိသူများစစ်ဆေးပြီးသည့်အခါ
ထိုကွန်ရက် မည်မျှကျယ်ပြန့်ပြီး ငွေကြေးပမာဏမည်မျှ
ုကြီးမားကြောင်း ပြည်သူတို့သိရှိရပါလိမ့်မည်။
ဤစာရေးချိန်တွင် စစ်ဆေးနေဆဲဖြစ်၍ မည်သည့်သတင်း
ကိုမျှ အတိအကျမသိရသေးသော်လည်း ဖြစ်စဉ်များကို
ဆက်စပ်ပုံဖော်ရာတွင်မှာပင်လျှင် 
အတော်အံသြထိတ်လန့်စွာ မြန်မာနိုင်ငံတွင်း
ဖြန့်ကျက်ထားနိုင်သည်ကိုတွေ့ရပါ၏)

CDM တွင် အနုပညာရှင်များစွာပါဝင်ခဲ့၏။
ထိုအနုပညာရှင် (အချို့)၏ဘဏ်အကောင့်တွင်
ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ 
ငွေကြိုတင်ထည့်ထားသည်ကို တွေ့ရသည်။
စစ်ဆေးမှုစုံလင်သည့်အခါ အနုပညာရှင်များအကောင့်တွင်
စပွန်ဆာလုပ်ထားသည့် ငွေကြေးပမာဏသည်
သိန်းချီပါလိမ့်မည်။

ပရဟိတလုပ်ငန်းအချို့တွင်လည်း ငွေကြေးသိန်းပေါင်း
" သောင်းချီ"တရားမဝင် ဝင်ထားသည်ကို တွေ့ရပါသည်။
အခြားအဖွဲ့ငယ်များတွင်လည်း အဖွဲ့အရွယ်အစားအလိုက်
သိန်း ရာချီ ထောင်ချီ သောင်းချီ၍ ပံ့ပိုးထားသည်ကို
တွေ့ရသည်။

CDM ရည်ရွယ်ချက်သည်
အစိုးရယန္တရား ရပ်တန့်လျှင် အစိုးရပြုတ်ကျပြီး
ဒေါ်စုအစိုးရ ပြန်တက်လာရေး ရည်ရွယ်ချက်ဖြစ်သဖြင့်
ငွေကြေးပမာဏ ကြီးမားစွာသုံးစွဲထားသည်ကိုတွေ့ရသည်။
ထိုငွေကြေးများထဲတွင် CIA ၊ MI-6 ထောက်ပံ့ငွေများ
ရှိသလို OIC ထောက်ပံ့ငွေများ၊ အခြားထောက်ပံ့
အလှူငွေများ၊ဒေါ်စု၏ နိုင်ငံဘဏ္ဍာအပေါ် 
အလွဲသုံးစားမှုများ ပါဝင်နေသည်ကို လောလောဆယ်
ခန့်မှန်းထားနိုင်ပါသည်။

- ငွေသည် လူတို၏ သည်းခြေကြိုက်ဖြစ်သည်။
အဖွဲ့အသီးသီးကို မက်လောက်သောငွေကြေးပံ့ပိုးသည်။
CDM လုပ်သူများကို "လစာ"ပေးမည်ဟု အဘယ်ကြောင့်
့အာမခံနိုင်ပါသနည်း။ဒေါ်စုအဖွဲ့၌ ငွေကြေးတောင့်တင်း
သောကြောင့်သာဖြစ်ပါသည်။
နိုင်ငံကို မှန်ကန်သောနည်းလမ်းဖြင့် 
စီးပွားရေးတိုးတက်အောင် မလုပ်နိုင်သော်လည်း
အောက်လမ်းနည်းဖြင့် ကောက်ကျစ်ယုတ်မာမှာမှာတော့
သြချရလောက်အောင် စီမံထားနိုင်ခဲ့သည်ဟု ဆိုရပါလိမ့်
မည်။

- ပရဟိတများ ထို့ကြောင့် ဒေါ်စုဘက်ပါကြသည်။

- အနုပညာရှင်များ ထို့ကြောင့် ဒေါ်စုဘက်ပါကြသည်။
ဆန္ဒပြသူများ များပြားရခြင်းမှာ နေ့စဉ် တရားမဝင်
ထောက်ပံ့နိုင်သောကြောင့်ဖြစ်သည်။

ငွေကြေးထောက်ပံ့ စုဆောင်းထားမှုသည်
အံ့မခန်းလောက်အောင် များပြားမည်ဖြစ်ကြောင်း
ခန့်မှန်းနိုင်ပါသည်။

စစ်ပွဲတစ်ပွဲနှင့် ဥပမာပေးရသော်
" နောက်ဆုံးတိုက်ပွဲ " အတွက် လူ၊လက်နက်၊ရိက္ခာကြီးကြီး
ကြိုတင်စုဆောင်းထားသည်နှင့် တူပါသည်။

နေဇင်လတ်
(တစ်မွန်းတည့်နိုင်ငံရေးနှင့်ဟောလိဝုဒ်နွေဦးတော်လှန်ရေး
ဇာတ်ညွှန်း စာမျက်နှာ ၂၅-၂၆)