Sunday, July 4, 2021

ဘယ်မှာလည်း GZ တို့ရဲ့ ပန်းတိုင်...


ဘယ်လိုပဲဖြစ်ဖြစ် 
သတ်ခံထိမယ်ဆိုတာ မှတ်ထားပါ။ 

GZ အညာသား သုံးယောက် ငပွေးစခန်းကပြေးတယ်... 
လိုက်ဖမ်းတော့ မိသွားတယ်... 
သေနတ်ဒင်နဲ့ ခေါင်းကို ထုရိုက်တယ်။ 

"မင်းတို့က တော်တော်ဒုက္ခပေးတဲ့ကောင်တွေပဲ"

ဆိုပြီး ကျောက်လျိုကြီးထဲခေါ်ထည့်ပြီး
သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ 
မြေမမြုတ်ဘူး... ပစ်ထားလိုက်တယ်

ပြီးသွားရောတဲ့... 
ဘယ်မှာလည်း GZ  တို့ အနာဂတ်
ဘယ်မှာလည်း GZ  တို့ရဲ့ ရှေ့ခရီး မျှော်လင့်ချက်
ဘယ်မှာလည်း GZ  တို့ တော်လှန်ရေး
ဘယ်မှာလည်း GZ  တို့ရဲ့ ပန်းတိုင်... 

ဒါဟာ တစ်ကယ်ဖြစ်ခဲ့တာ... 

ဒါတွေကို အဝေးရောက် အားပေးချီးမြောက်သူ

🌺 မိပန်(ပန်ဆယ်လို)  ကြားသိနိုင်ပါ့မလား...
🌺 မျိုးရန်နောင်သိန်း ကြားနိုင်ပါစေ... 
🌺 ဇော်ဝေစိုး "ဝိုင်" သောက်မပျက်ပါစေနဲ့... 

မေတ္တာများစွာဖြင့် -

                            အဲ့ဒေါဏီ