Sunday, July 4, 2021

မဟာသရေစည်သူ မင်းအောင်လှိုင်


ကိုယ်ရေးအကျဉ်း ⬇️
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်(ကြည်း ၁၄၂၃၂)ကို ခရစ်နှစ် ၁၉၅၅ ခုနှစ်တွင် တနသာင်္ရီတိုင်း ထားဝယ်မြို့တွင်ဖွားမြင်သည် ။ဖခင်ဖြစ်သူ ဦးသောင်းလှိုင်မှာ ဌာနဆိုင်ရာ အင်ဂျင်နီယာ တဦးဖြစ်သည်။တက္ကသိုလ်ဝင်တန်းကို အ.ထ.က (၁)လသာ (Central) ကျောင်းမှအောင်မြင်ခဲ့သည်။
၁၉၇၃-၁၉၇၄ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာတက်ရောက်သင်ကြားရင်း၁၉၇၄ခုနှစ်တွင် စစ်တွေတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉)ဝင်ခွင့်ရရှိခဲ့ရာ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်သို့တက်ရောက်သည်။
အရာရှိငယ် ဘဝတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၈၆) ခြေလျင်တပ်ရင်းတွင် ထမ်းဆောင်ခဲ့ဖူးသည်။ အမှတ် (၃၆၉)ခြေမြန်တပ်ရင်း နမခလက်အောက်ခံတပ်ရင်း တပ်ရင်းမှုး !အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ်တွင် စစ်ဦးစီးမှုး(ပထမတန်း) နှင့် နည်းဗျူဟာမှုးတာဝန်များ ! အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် တပ်မမှုး ! စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ! အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှုး တာဝန်များအပြင် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှုး တာဝန်များကိုပါ ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကာလတွင် ညှိုနှိုင်းကွပ်ကဲရေးမှုး (ကြည်း!ရေ!လေ) ဖြစ်လာပြီး (၃၁.၃.၂၀၁၁) ရက်နေ့မှ စတင်ကာ *တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်* ရာထူးကို ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ 

                             __________

ထမ်းဆောင်ခဲ့သော တာဝန်များ ⬇️

* ၁၉၉၈ခုနှစ်   အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် ဒုဗိုလ်မှုးကြီး
  ( စစ်ဦးစီးအရာရှိ ပထမတန်း ) 

* ၁၉၉၉ခုနှစ်   အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် ဗိုလ်မှုးကြီး 
  ( နည်းဗျူဟာမှုး )

*၂၀၀၂ခုနှစ်    အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် ဗိုလ်မှုးချုပ် 
  ( တပ်မမှုး )

*၂၀၀၃ခုနှစ် စစ်တက္ကသိုလ် ဗိုလ်မှုးချုပ် ( ကျောင်းအုပ်ကြီး )

*၂၀၀၄ခုနှစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် (တိုင်းမှုး)

*၂၀၀၆ခုနှစ် တြိဂံတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် (တိုင်းမှုး)

*၂၀၀၇ခုနှစ် ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ် 
  ( အမှတ်၂ စစ်ဆင်ရေး အထူးတပ်ဖွဲ့ )

*၂၀၀၈ခုနှစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး
  ( အမှတ်၂ စစ်ဆင်ရေး အထူးတပ်ဖွဲ့) 

*၂၀၁၀ခုနှစ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး
  ( ညှိုနှိုင်းကွပ်ကဲရေးမှုး ကြည်း ရေ လေ )

*၂၀၁၁ မတ်လ  ဗိုလ်ချုပ်ကြီး ( တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်)

*၂၀၁၂ ဧပြီ ၃ ဒုတိယဗိုလ်ချုပ်မှုးကြီး 

*၂၀၁၃ မတ်လ ဗိုလ်ချုပ်မှုးကြီး ။

                               ----------------

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်၏ အကြီးအကဲဖြစ်သည်။ စစ်သေနာပတိဟူ၍လည်း ခေါ်ဆိုသည်။

#credit:

Related Posts:

  • #UNဆိုတာဘက်လိုက်အဖွဲ့အစည်းရယ်ပါ။မြန်မာပြည်ကိုသာ ဖိအားပေး ဝေဖန် စွက်စွဲနေတာ၊ယူကရိန်းမှာ စစ်ဖြစ်ခါနီးတာကို မသိချက်ယောင်ဆောင်နေကြတယ်။ယူကရိန်းကို အမေရိကန်တပ်တွေ စေလွှတ်မှာ မဟုတ်ဘူး ဆိုရင်အာဖကန်ကို လက်လွှတ်ရသလိုယူကရိန်းကိုလည်း ဘိုက်ဒင်ကလက်လွှတ် ရမည့်အခြေအနေ ပါ။အ… Read More
  • ကျွန်တော်မင်းကင်းသားဖြစ်ရတာဂုဏ်ယူတယ်တစ်နိုင်ငံလုံး PDF က ခြိမ်းခြောက်ရင်ဖင်တုန်အောင် ကြောက်နေရတဲ့ ကာလကြီးမှာ PDF ကိုအန်တုဝံ့တဲ့ မြို့ပေါ့။တစ်မြို့နယ်လုံး အန်တုနိုင်သလား?ဒီလိုတော့လဲ မဟုတ်ပါဘူး၊ ဒါပေမယ့် စစ်တပ်မပါပဲ ၊ ရဲ မပါပဲနဲ့PDF ၅၆ ယောက်တောင် ဗျူဟာမြောက်… Read More
  • ကြွားစရာလား....?            ကိုရဲမိုးဆုံးတဲ့ရက်က ကျနော် ရန်ကုန်မှာပါ ။ မိတ်ဆွေ လုပ်ငန်းရှင် နဲ့ အတူရှိနေတုန်း စကားစပ်မိတော့ သူက ထောက်လှမ်းရေးဟောင်းတွေ ရဲ့ သစ္စာရှိပုံ နဲ့ အမိန့်နာခံတတ်ပုံတွေကြောင့် အတုယူရမယ့် လူ… Read More
  • နိပိတ်တွေ အသံတိတ်နေပါတယ်ဆိုမှအဘက ကျောင်းတောင်ဆင်းပေးလိုက်သေးတယ်😍တပ်မတော်နည်းပညာတက္ကသိုလ် အမှတ်စဉ်(၂၃)ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲအခမ်းအနားပုံရိပ်များ။#Aerial(10.Dec.2021;Fri) … Read More
  • မင်္ဂလာပါရှင်။ စကားနည်းနည်းပြောပါရစေရှင့်။၂၀၁၂မှာ ပြည်ခိုင်ဖြိုးက အတိုက်အခံပါတီကို လက်တွဲခေါ်တယ်။၂၀၁၅ မှာ ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲမနိုင်ဘူး။အာဏာလွှဲပေးတယ်။ဒါ ပြည်ခိုင်ဖြိုးသမိုင်း။😍ယနေ့နိုင်ငံမှာဖြစ်နေတာက ဒီမိုကရေစီ၏အသက်သွေးကြောဖြစ်တဲ့နိုင်ငံရဲ့တရားဥပဒေလမ်းကြော… Read More